Case 318.အသက်၆နှစ်အရွယ် ကလေးငယ် လမ်းခရီး အခက်အခဲများကြားမှ တီးတိန်ဆေးရုံကို ရောက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

Case 318.အသက်၆နှစ်အရွယ် ကလေးငယ် လမ်းခရီး
အခက်အခဲများကြားမှ တီးတိန်ဆေးရုံကို ရောက်ရှိ ။

CASE – 318 အသက် ၆ နှစ်အရွယ် COVID – 19 ပိုးတွေ့လူနာ ကလေးငယ်ဟာတီးတိန်မြို့၊ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးကုသမှု ခံယူနေပါတယ်။

Case -318ကို ဟိုင်ကျင်း ကျေးရွာ Facility Quarantine Centreကနေ ကျီခါး အထိ ဆိုင်ကယ်ဖြင့် နှစ်နာရီခန့်အတူကြာစီးပြီးခေါ်ဆောင်ခဲ့ကာ ကျီခါးမှတွန်းဇံတော့ကားဖြင့်၄င်းတွန်းဇံမှတီးတိန်ဆေးရုံအထိ ကားဖြင့်၄င်းအဆင့်ဆင့်ခေါ်ဆောင်ခဲ့ရတာပါ။

အသက်နဲ့ရင်းပြီးဆိုင်ကယ်နှင့်ကျီခါးမြို့အထိသယ်ယူပို့ဆောင်ပေးတဲ့ သူတွေကတော့ဟိုင်ကျင်း RHC မှပြည်သူ့ကျန်းမာ‌‌ရေး ကြီးကြပ်-၂ တို့အဖွဲ့ ဖြစ်ပါတယ် ။

 

တီးတိန် ကုတင် ၁၀၀ဆေးရုံကြီးက ကျန်းမာရေး ဝန်ထမ်းတွေကလည်း ကလေးငယ်ကိုနွေးထွေးစွာနဲ့ကြိုဆိုခဲ့ကြပါတယ်။

 


ကလေးငယ်ကလည်းသိတတ်သူဖြစ်ပြီး စကားနားထောင်တယ်လို့ကြားသိရပါတယ်။

လက်ရှိအချိန်မှာတော့ လူနာ ကလေငယ်ကို မိခင်နဲ့အတူ
ထာရှိပြီး တီးတိန်ဆေးရုံက ကျန်းမာရေးဝန်ထမ်းများက ပြုစုစောင့်ရှောက်ပေးနေပါတယ်။

တွန်းဇံမြို့နယ်မှ (၅.၇.၂၀၂၀)ရက်နေ့က ပို့တဲ့ အိန္ဒိယပြန်(၂၇) ဦးထဲမှ(၂၆)ဦးရဲ့SwabResultsက”NEGATIVE”ဖြစ်ပြီးအခု ကလေးငယ် တစ်ဦးသာ ရောဂါပိုးတွေ.ရှိခဲ့တာ ဖြစ်ပါတယ်။

 

Credit –

photo – Thaw Thawn
Photo- Drjk Khai Tawng


Spread the love
  •  
  •  
  •  
  •  
  •  
  •