“Case-77 နေထိုင်ရာ စမ်းချောင်း၊ ဦးဖီးလမ်း Lockdown ပြန်လည်ရုတ်သိမ်း”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဧပြီ ၁၄ရက်နေ့ မွန်းလွဲပိုင်းတွင် စမ်းချောင်းတောင် ရပ်ကွက် အမှတ် ၃၉ ဦးဖီးလမ်း ၂ထပ်တိုက် အပေါ်ထပ်
အတွင်း ၌ ဧပြီ ၁၃ ရက်နေ့ ထုတ်ပြန်ချက်ပါ ကိုရိုနာဗိုင်းရပ်စ် ပိုး တွေ့ရှိခဲ့သူ တို့နှင့် အခမ်းအနားအတူတက်ရောက်ခဲ့သူ တစ်ဦး ရှိသဖြင့် ၎င်းနှင့် အတူနေ မိသားစုဝင် နှစ်ဦး ပေါင်းသုံးဦးကို ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ ဆက်သွယ်ပြီး နေအိမ်မှ တောင်ဥက္ကလာပ ဆေးရုံသို့ ခေါ်ယူ၍ဆေးစစ်ခဲ့ပါတယ်။

အဲဒီ မိသားစု ဝင်သုံးဦးမှ အသက် (၃၃) နှစ်အရွယ် အမျိုးသမီးမှာ ပိုးတွေ့ရှိသူ Case-77 ဖြစ်လာခဲ့ပြီးနောက် ၄င်းတို့နေထိုင်ရာ နေအိမ်ပတ်ဝန်းကျင်အားသက်ဆိုင်ရာ မှ အန္တာရာယ် ကင်းရှင်းစေရန် ဆောင်ရွက်ခဲ့ပြီး လော့ဂ်ဒေါင်းဧရိယာ သတ်မှတ်ခဲ့ပါတယ်။

စောင့်ကြည့်ကာလ၂၁ ရက် ကျော်လွန် ခဲ့သည့်တိုင် အဆိုပါလော့ဂ်ဒေါင်းသတ်မှတ်နယ်မြေအတွင်းရှိနေထိုင်သူများ ကျန်းမာစွာရှိကြသဖြင့် မေလ ၇ ရက်နေ့ နံနက် ၈ နာရီတွင် ဦးဖီးလမ်း ရှိ ကန့်သတ်တားမြစ်နယ်မြေအား သက်ဆိုင်ရာမှပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။

Source – Sanchaung Politic


Spread the love
  •  
  •  
  •  
  •  
  •  
  •