ဆောင်းပါး , January 27, 2021
“ပြင်သစ်ရဲတပ်ဖွဲ့ပြန်လည်ဖွဲ့စည်းရေးဟာ မဖြစ်နိုင်တဲ့လုပ်ငန်းတာဝန်တခုလား” January 26,2021 ပြင်သစ်ရဲတပ်ဖွဲ့ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာလူကြိုက်များမှုလျော့နဲ ကျဆင်းလာခဲ့ရပါတယ်။တတိုင်းပြည်လုံးတုန်လှုပ်သွားစေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအပြီးမှာလူထုရဲ့အားပေးထောက်ခံမှုတွေပုံအောရရှိခဲ့တဲ့ရဲတပ်ဖွဲ့ဟာ မကြာခင်နှစ်များအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ ရုန့်ရင်းကြမ်းတမ်းမှုတွေ၊လူမျိုးခွဲခြားဖိနှိပ်မှု တွေကြောင့်အဝေဖန်ခံနေရပြီး လူကြိုက်များမှုတွေလျော့နည်းကျဆင်းသွား ခဲ့ပါတယ်။ ပြင်သစ်ပြည်သူတွေနဲ့ ဥပဒေထိန်းသိမ်းရေးတပ်ဖွဲ့တွေကြားက အပြန်အလှန်ခင်မင်နားလည်မှုတွေဟာ လွန်ခဲ့တဲ့လတွေအတွင်းမှာမကြုံဖူးလောက်အောင်အနိမ့်ဆုံးအခြေအနေအထိ ကျဆင်းသွားခဲ့ရပါတယ်။ တပြိုင်နက်ထဲမှာပဲ ပြင်သစ်ရဲ့အတိုက်အခံတွေ၊သတင်းမီဒီယာတွေ၊လူ့အခွင့်အရေးအုပ်စုတွေနဲ့...