CB Bank ရုံးချုပ် Customer များနှင့် ထိတွေ့မှုမရှိသော ဌာနမှ ဝန်ထမ်းတစ်ဦး COVID-19 ပိုးတွေ့ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

CB Bank ရုံးချုပ် Customer များနှင့် ထိတွေ့မှုမရှိသော ဌာနမှ ဝန်ထမ်းတစ်ဦး COVID-19 ပိုးတွေ့ရှိ

CB Bank Customer များနှင့် အများပြည်သူသို့ အသိပေးကြေညာခြင်း

မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၁၈.၉.၂၀၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ CB Bank  ရုံးချုပ်ရှိ ဌာနတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးအား COVID-19 ဓာတ်ခွဲအတည်ပြု လူနာအဖြစ် တွေ့ရှိရပါသည်။ အဆိုပါဝန်ထမ်းသည် လက်ရှိတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိပါသည်။  အဆိုပါ ဝန်ထမ်းသည် Customer များ နှင့် ထိတွေ့ရန် မလိုအပ်သော ဌာနတွင် တာဝန်ထမ်းဆောင်ရသူ တစ်ဦးဖြစ်ပါသည်။

အဆိုပါဝန်ထမ်းသည် CB Bank  ၏ COVID-19 ပျံ့ပွားမှု ထိန်းချုပ်ရေး နှင့် BCP Plan အရ  ၈.၉.၂၀၂၀ ရက်နေ့မှစတင်ကာ နေအိမ်တွင် အလုပ်လုပ်ရန် (Work from Home) တာဝန် ပေးထားသော ဝန်ထမ်းတစ်ဦး ဖြစ်ပါသည်။

အဆိုပါ ဝန်ထမ်းနှင့် လုပ်ငန်းခွင်တွင် ထိတွေ့မှုရှိခဲ့သောဝန်ထမ်းများကို Hotel Quarantine ထားရှိခဲ့ပြီး ဖြစ်ပါသည်။ လုပ်ငန်းခွင် တည်ရှိရာ အဆောက်အဦးနေရာ အားလုံး၊ ရုံးသုံးပစ္စည်းအားလုံးကို ညွှန်ကြားချက်များနှင့် အညီ စနစ်တကျ ပိုးသတ်ဆေးဖြန်းခြင်းကို ဆောင်ရွက်ထားပြီးလည်း ဖြစ်ပါသည်။

ရောဂါပိုးတွေ့ရှိသည့် ဝန်ထမ်းနှင့် ဝန်ထမ်းအားလုံးအား CB Bank အနေဖြင့် အပြည့်အဝ အထောက်အပံ့ ပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေး အကြောင်းကြားအပ်ပါသည်။

#CBBank #Announcement #COVID19 #StaySafe #StayHome


Spread the love
  •  
  •  
  •  
  •  
  •  
  •