CNTIC VPOWER ENERGY (LNG TO POWER) သင်္ဘောကြီး သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

CNTIC VPOWER ENERGY (LNG TO POWER) သင်္ဘောကြီး သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ရန်ကုန် နိုဝင်ဘာ(၂၆)

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဆိုက်ကပ်လာသော အလျား(၂၇၂) မီတာ၊ တန်ချိန်(၁၀၆၂၈၃)ရှိသော CNTIC VPOWER ENERGY (LNG TO POWER) သင်္ဘောကြီးသည် သီလဝါဆိပ်ကမ်း အကွက်အမှတ်(၁၄) Dolphin Jetty သို့ နိုဝင်ဘာလ (၂၆)ရက်နေ့က ဆိုက်ကပ်ကြောင်း သိရသည်။
အဆိုပါ သင်္ဘောကြီးသည် စင်ကာပူနိုင်ငံမှ ထွက်ခွာလာပြီး သီလဝါဆိပ်ကမ်းအကွက်အမှတ် (၁၄) ရှိ Dolphin Jetty တွင် Floating Storage Unit (FSU) အဖြစ် ၅ နှစ်ကြာဆိုက်ကပ်ရပ်နား၍ LNG Cargo များအား လက်ခံသိုလှောင် သွားပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ပိုက်လိုင်းဖြင့် ပို့ဆောင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#ရန်ကုန်သတင်းဌာနခွဲ
#MRTV


Spread the love
  •  
  •  
  •  
  •  
  •  
  •