Covid ကာကွယ်၊ကုသရေးအမိန့်၊ညွှန်ကြားချက်များနှင့်ရန်ကုန်မှ ဆရာဝန်နှင့်သူနာပြုများ၏ဘဝ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Covid ကာကွယ်၊ကုသရေးအမိန့်၊ညွှန်ကြားချက်များနှင့်ရန်ကုန်မှ ဆရာဝန်လေးများနှင့်သူနာပြုများ၏ဘဝ –

ရန်ကုန်တိုင်းအစိုးရက မြို့နယ်တစ်ခုနဲ့တစ်ခု မဖြတ်ရလို့ အမိန့်ထုတ်နေတာတွေ့ရတယ်၊အိမ်စီးကားဆိုပါက မောင်းတဲ့သူနဲ့နောက်တစ်ယောက်လိုက်ပါခွင့်ရှိတယ်၊
အလုပ်တာဝန်နဲ့သွားလာခွင့်ရှိသူများသွားလာ ဖြတ်သန်းခွင့်ရှိတယ်၊ထားတော့ ပြသနာမရှိဘူး၊ Covid ကူးစက်မူမပြန့်စေရန် ဆောင်ရွက်မူဖြစ်တယ်၊
အလွန်ကောင်းပါတယ်၊
မိမိတို့အားလုံးက လိုက်နာကြရမှာဖြစ်ပါတယ်၊
မိမိတို့အတွက် စိုးရိမ်ပူပန်ပေးတာကိုလည်း
ကျေးဇူးတင်ကြရမှာပါ၊
အနည်းဆုံး နှစ်ပတ်လောက် အနေအထိုင် အသွားအလာ ဆင်ခြင်ကြရမှာဖြစ်ပါတယ်၊

ဒါပေမယ်လို့ taxi ကားတွေလည်းမောင်းခွင့်မရှိပါ၊
ပြသနာက အဲဒီမှာ စလာပြီ၊
မိမိအိမ်မှ သို့မဟုတ် အပြင်ဆောင်မှာငှားနေ ကြတဲ့ ကျန်းမာရေးဝန်ထမ်းများဖြစ်တဲ့ –
ဆရာဝန်များ၊သူနာပြုများက ဘာစီးပြီးတော့
ဆေးရုံကို အလုပ်ဆင်းကြရမှာလဲ ?

ကြိုတင်ပြင်ဆင်ထားမူမရှိပါပဲ အမိန့်ထုတ်ပြန်လိုက်တာကိုတွေ့ရပါတယ်၊
ဆရာဝန်လေးတွေနေကြဖို့ လှူထားကြတဲ့နေရာများကလည်း လုံလောက်မူမရှိတာကိုတွေ့ရပါတယ်၊
လှူသူများကလည်း နေဖို့အခန်းနဲ့ အခန်းကနေဆေးရုံသွားမည့် ကားပါလှူထားတာဖြစ်တဲ့အတွက် အဆင်ပြေတာကိုတွေ့ရပါတယ်၊

သို့ပေမယ်လို့ နေစရာ မရတဲ့ဆရာဝန်၊
သူနာပြုလေးတွေက ကိုယ်ပိုင်ကားမရှိကြတာကများပါတယ်၊
taxi နဲ့သွားကြရပါတယ်၊
ထုံးစံအတိုင်း ကျန်းမာရေးဌာနနဲ့ သက်ဆိုင်တဲ့ဆေးရုံတွေက ဘာမှစီစဉ်ပေးကြတာမရှိကြ ပါဘူး၊
ဒီတော့ ကိုယ်ပိုင်ကားမရှိကြတဲ့ ဆရာဝန်တွေ ဆေးရုံများကို ဘယ်လိုသွားကြရမှာလဲ ?

ဒီလိုအမိန့်၊ညွှန်ကြားချက်တွေထုတ်မယ်ဆိုရင်
မြေပြင်အခြေအနေအတွက် ကြိုတင်စီစဉ်ပြီးမှ
ထုတ်ပြန်ကြရမှာပါ၊
အရေးပေါ်ဖြစ်တဲ့အတွက် လိုအပ်မူကိုလည်းချက်ချင်းအရေးပေါ် စီစဉ်နိုင်ဖို့လည်းလိုအပ်ပါတယ်၊
ဒါက စီမံခန့်ခွဲနိုင်သည့် အစိုးရ၏ လုပ်ဆောင်မူဖြစ်ပါတယ်၊
ခုအချိန်ကာလမှာ ကုသရေးအတွက်
အဓိကအင်အားများ ဖြစ်ကြတဲ့ ကုသရေးဝန်ထမ်းများ၊ဆေးရုံအသီးသီးက ဆရာဝန်များ၏ အခြေအနေကို သက်ဆိုင်ရာ ဆေးရုံအုပ်တွေက အချက်အလက်
ပြုစုပြီး တိုင်းအစိုးရ သို့မဟုတ် တိုင်းCovid ကာကွယ်ရေးနဲ့ကုသရေးကော်မတီကို အခြေအနေ အချက်အလက်တွေပေးပို့ကြရမှာပါ၊
သို့မဟုတ် အထက်ပါအချက်အလက်တွေကို Covid ကာကွယ်ရေးနဲ့ကုသရေးကော်မတီက
ဆေးရုံအုပ်ကြီးများထံမှ တောင်းကြရမှာပါ၊
သို့ပါမှ စီစဉ်ပေးဖို့လိုအပ်တာ စီစဉ်ပေးလို့ ရမှာဖြစ်ပါတယ်၊
အစီအစဉ် တကျ ရှိကြရပါမယ်၊

မိမိအိမ်မှ သက်ဆိုင်ရာဆေးရုံများသို့အလုပ်ဆင်း
ကြရမည့် ကိုယ်ပိုင်ကားမရှိကြသူ
ဆရာဝန်၊ဆရာမများအတွက် အဘယ်ကဲ့သို့များစီစဉ်ကြရမှာလည်း?

သက်ဆိုင်သူ တာဝန်ရှိသူများမှ ဆင်ခြင်တုံမူများဖြင့် ကြိုးစားဆောင်ရွက်ကြစေခြင်ပါတယ်၊

ချမ်းသာသည့် ဆရာဝန်ကြီးများနဲ့ ဆေးရုံအုပ် ကြီးများကတော့ အစိုးရတာဝန်ရှိသူက အခြေအနေကို မမေးမြန်းရင် သူတို့ကလည်း ဘာမှ ပြောဆိုမှာမဟုတ်သလို ဘာမှလည်းတင်ပြတောင်းဆိုပေးမှာမဟုတ်ပါဘူး၊
Covid နဲ့တကွ အခြားရောဂါများနဲ့ဆေးရုံလာ
ကြသော လူနာများကို ယခုအချိန် ကာလမှာ တကယ်ထိတွေ့ ကုသမူပေးပြီး စောင့်ရှောက်နေကြသည်မှာ ဆရာဝန်အငယ်လေးများကသာ ပိုပြီး စွမ်းဆောင်
နေကြတာကိုတွေ့ရပါတယ်၊

လိုအပ်တယ်ထင်တာတွေကို နိုင်ငံရေးရာထူးလို့ခေါ်ဝေါ်သည့် အစိုးရတာဝန်ရှိသူကသာ မေးမြန်းစုံစမ်းပြီး ဆုံးဖြတ် စွမ်းဆောင် ဖြည့်ဆည်းပေးကြရမှာဖြစ်ပါတယ်၊

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏
အုပ်ချုပ်ရေးအကြီးအမှူးဖြစ်တဲ့ ဝန်ကြီးချုပ်မှ သက်ဆိုင်ရာ လူမူရေးဝန်ကြီးကို မေးမြန်း
စုံစမ်းစေရမှာဖြစ်ပါတယ်၊

ယခုထုတ်ပြန်လိုက်တဲ့ အမိန့်၊ညွှန်ကြားချက်သည် မိမိတို့ ရန်ကုန်အတွက် အလွန်ပင်လိုအပ်ကောင်းမွန်သော်လည်း ဆေးကုသမူ ဆရာဝန်အင်အားတွေကို
အပြည့်အဝဖြင့် အဆင်ပြေပြေ ဖြစ်စေရန်မှာ တိုင်းဒေသကြီးအစိုးရ၏ တာဝန်နဲ့ ဝတ္တရားများပင်မဟုတ်ပါလား၊
ယခုရေးသားမူသည် အမှန်တကယ်
လိုအပ်ချက်များဖြစ်ပါတယ်၊

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
……….(27.9.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •