COVID ကာလမှာ ယာဉ်မတော်တဆမှုများကြောင့် ဆေးရုံ ဆေးခန်းများသို့ မရောက်စေရေးအတွက် တိုလ်းဂိတ်များ၌ ရဲတပ်ဖွဲ့ဝင်များကသတိပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID ကာလမှာ ယာဉ်မတော်တဆမှုများကြောင့် ဆေးရုံ ဆေးခန်းများသို့ မရောက်စေရေးအတွက် တိုလ်းဂိတ်များ၌ ရဲတပ်ဖွဲ့ဝင်များကသတိပေး

၇.၈.၂၀၂၀ ရက်နေ့ ညပိုင်းCovid ကာလဖြစ်သော်လည်း
တပ်ဖွဲ့ဝင်များအနေဖြင့်နားနေခြင်းမပြုဘဲ ခရီးသွားပြည်သူများ ယာဉ်မတော်တဆမှုများကြောင့် မလိုလားအပ်ဘဲ
ဆေးရုံ ဆေးခန်းများသို့ သွားရောက်ရခြင်းမျိုး မရှိစေရေးအတွက် သက်ဆိုင်ရာတိုလ်းဂိတ်များ၌ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များမှမော်တော်ယာဉ်များအား စစ်ဆေးကာယာဉ်စည်းကမ်းအသိပညာပေးခြင်းများဆောင်ရွက်လျက် ရှိပါသည်။

ခရီးသွားပြည်သူများအနေဖြင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီသတ်မှတ်မိုင်နှုန်းအတွင်းမှသာ
အန္တရာယ်ကင်းရှင်းစွာမောင်းနှင်ခြင်းဖြင့်လိုရာခရီးသို့
အချိန်မီ ရောက်ရှိစေရေးပူးပေါင်းကူညီဆောင်ရွက်
ပေးကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •