Covid ကြောင့် စျေးကွက်ကျဆင်းပြီး အိန္ဒိယမှာ စတော်ဗယ်ရီသီးတွေကို နွားကျွေးပစ်ခဲ့ရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Covid ဒဏ် လယ်သမားတွေလည်းခံစားရပါတယ်

🇮🇳 အိန္ဒိယက လယ်သမားကြီး Anuj Agrawal ဟာ သူ့လယ်ဧက 50 မှာစိုက်ထားတဲ့ သင်္ဘောနဲ့ ငှက်ပျောပင်တွေကို လယ်ထွန်စက်နဲ့တက်ကြိတ်ပစ်နေပါပြီ။

ပုံမှန်က အပင်တွေကို မေလမှာအပြီးစိုက်ပြီး ဒီဇင်ဘာကနေ ဧပြီလအထိအသီးခူးကာ စျေးကွက်ကို တင်ပို့ရပါတယ်။

🍌 ငှက်ပျောပင် 25 ဧကနဲ့ သင်္ဘောပင် 25 ဧကစိုက်ထားတာဖြစ်ပြီး Covid ကြောင့် စျေးကွက်လိုအပ်ချက်ကျဆင်းပြီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

သူ့အတွက် အသီး 1 ကီလိုရဖို့ သွင်းအားစုဖိုး 5 – 6 ရူးပီး လောက်ကျပြီး စျေးကွက်ဒိုင်ပေါက်စျေးက 1 ကီလိုကို 2 – 2.5 ရူးပီးလောက်ပဲရှိတာမို့ အသီးခူးခတောင် မကာမိပါဘူးတဲ့။

အခုလို ကိုယ့်ကလေးတွေလိုပဲ အရိပ်တကြည့်ကြည့်နဲ့ တယုတယပြုစုခဲ့ရတဲ့ အပင်တွေကို ထွန်စက်နဲ့တက်ကြိတ်ပစ်ရတာကို ရင်နာလှပါတယ်တဲ့။

ဒါပေမယ့်လည်း နောက်ရာသီပြန်စဖို့ ပြင်မှရတော့မှာမို့ အခုလိုလုပ်နေရတာဖြစ်ပါတယ်တဲ့။

🍓 လွန်ခဲ့တဲ့ 2 လလောက်က အိန္ဒိယမှာ စတော်ဗယ်ရီသီးတွေကို နွားကျွေးပစ်ခဲ့ရတဲ့သတင်းကို ဖတ်ခဲ့ရပါသေးတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
24-June-2019


Spread the love
  •  
  •  
  •  
  •  
  •  
  •