Covid အကန့်အသတ်တွေနဲ့ညီအောင် ကျင်းပရတဲ့ ပထမဆုံး အာဇာနည်နေ့ အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

Covid အကန့်အသတ်တွေနဲ့ညီအောင် ကျင်းပရတဲ့ ပထမဆုံး အာဇာနည်နေ့ အခမ်းအနား

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မယ်

ဒီကနေ့ post ကတော့ ခွင့်တိုင်စာဖြစ်ပါတယ်။ မနက်ဖြန်မှစပြီး နောက်အပတ် (၂၁)ရက်နေ့အထိ Facebook မှ ခွင့်ယူပါမယ်။ (၂၂)ရက်နေ့မှာပြန်ရေးပါမယ်။

ရန်ကုန်ကို အာဇာနည်နေ့အခမ်းအနားအတွက် သွားဖို့ရှိပါတယ်။ အခမ်းအနားကိုတော့ ခါတိုင်းနှစ်တွေလိုမဟုတ်ဘဲ ကျန်းမာရေးစည်းမျဉ်းတွေနဲ့ကိုက်ညီအောင် ကျင်းပရပါမယ်။ Covid အကန့်အသတ်တွေနဲ့ညီအောင် ကျင်းပရတဲ့ ပထမဆုံး နိုင်ငံတော် အခမ်းအနား ပါ။

ဘယ်လိုအခက်အခဲတွေပဲဖြစ်ဖြစ် ကျော်လွှားတဲ့နည်းရှိရမယ်ဆိုတဲ့အတွေးဟာ လူသားတွေရဲ့ စွမ်းအားကြီးပါပဲ။ အာဇာနည်နေ့မှာဆိုရင် နေမဝင်အင်ပိုင်ရာကြီးကို အန်တုခဲ့တဲ့ အမျိုးသားခေါင််းဆောင်ကြီးတွေကို သတိရကြပါတယ်။သတိရတာနဲ့အတူ ခေါင်းဆောင်ကြီးတွေရဲ့ စိတ်စွမ်း၊ ဥာဏ်စွမ်းတွေကိုကြည့်ပြီး ငါတို့လည်း ဒီလိုစွမ်းအားတွေရှိနိုင်တာပဲဆိုတဲ့ ယုံကြည်မှုတွေဖြစ်လာပါတယ်။

အာဇာနည်နေ့ကာလမှာ ကျန်းမာ ချမ်းသာစွာနဲ့ အခက်အခဲများကိုကျော်လွှားနိုင်ပါစေ။

(ဒေါ်အောင်ဆန်းစုကြည်)


Spread the love
  •  
  •  
  •  
  •  
  •  
  •