COVID – 19ရောဂါကာလ တိုက်ခန်းစျေးနှုန်းများ ကျဆင်းကာ မြေကွက် အရောင်း၀ယ်ဖြစ်လာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

COVID – 19ရောဂါကာလ တိုက်ခန်းစျေးနှုန်းများ ကျဆင်းကာ မြေကွက် အရောင်း၀ယ်ဖြစ်လာ

အိမ်ခြံမြေအရောင်း၀ယ်လုပ်ငန်းသည် ဇွန်လကစ၍ ပြန်လည်သက်၀င်နိုးကြားလာပြီး COVID – 19ရောဂါကြောင့် တိုက်ခန်းစျေးနှုန်းများ ကျဆင်းကာ မြေကွက်အရောင်းအ၀ယ်ဖြစ်လာကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

“တိုက်ခန်းတွေနဲ့နေရတဲ့အပေါ်မှာ ကျန်းမာရေးအရ ကိုဗစ် ၁၉မှာ ကွာရန်တင်း ကိစ္စတွေ သွားရေးလာရေး ကန့်သတ်တာတွေ ကြုံရတဲ့အတွက် တိုက်ခန်းမှာ နေမယ့်အစား မြေကွက်မှာ နေမယ်ဆိုတဲ့အတွေးတွေးတဲ့အတွက် တိုက်ခန်းမှာ နေတဲ့သူတော်တော်များများက မြို့အပြင်မှာရှိတဲ့ မြေကွက်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ တော်တော်များများ ၀ယ်ကြတယ်။
စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့အတွက်ကို စီးပွားလုပ်ငန်းတွေနဲ့ ကိုက်ညီမှုဖြစ်အောင် နိုင်ငံတော်ကနေမှ အပ်ငွေတွေ အပေါ်မှာ ဘဏ်တိုးချတယ်။ အဲဒီဘဏ်တွေချတဲ့အချိန်မှာ တချို့သော အလယ်လတ်တန်စားတွေက ဘဏ်အတိုးပေါ်မှာ မူတည်ပြီးတော့ အပ်ထားတဲ့ငွေတွေက ဘဏ်တိုးချလိုက်တဲ့အတွက် ဘဏ်ထဲကငွေတချို့ကို ထုတ်ပြီး အိမ်ခြံမြေအပေါ်မှာ ၀ယ်စရာရှိတာ ၀ယ်မယ်ဆို တွေးပြီး အိမ်ခြံမြေစျေးအကျကို ထပ်မစောင့်တော့ဘဲ လက်ရှိအနေထားမှာ ၀ယ်နေကြတယ်။ မန္တလေးမှာလည်း မြို့သစ်တွေမှာဆို ထူးထူးခြားခြား စျေးတက်လာတာတွေ ရှိတယ်။”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးတင်မောင်က ပြောသည်။

မြန်မာနိုင်ငံတွင်COVID – 19စတင်ဖြစ်ပေါ်ခဲ့ပြီးနောက်ဧပြီလနှင့်မေလအတွင်းအိမ်ခြံမြေအရောင်းများရပ်ဆိုင်းလုနီးပါးရှိခဲ့သော်လည်းကိုဗစ်ကာလပြန်လည်ဖြေလျော့မှုများပြုလုပ်ခဲ့သည့်နောက်ဇွန်လဝန်းကျင်ကစတင်ပြီးငွေဖော်လိုသူအိမ်ရှင်မြေရှင်များအနေဖြင့်ငွေဖေါ်၍ရလာကာဝယ်ယူသူများကလည်းပြန်လည် ဝယ်ယူလာနိုင်ခြင်းကြောင့်အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းများပြန်လည်ဖြစ်လာကြောင်းနှင့် အိမ်ခြံမြေ အရောင်းဝယ်များကို အင်တာနက်မှ တဆင့် ရောင်း၀ယ်မှု ပုံစံ ( Internet Marketing စနစ် ) ထွန်းကားလာကြောင်း သိရသည်။

“အရောင်းဝယ်ပုံစံပြောင်းလဲသွားတာရှိပါတယ်၊ အွန်လိုင်းကနေတဆင့်ကြည့်ပြီးတော့မှအရောင်း အဝယ်တင်လိုက်လို့ရှိရင်အဲဒီနေရာကို စုံစမ်းမေးမြန်းပြီးတော့မှ ဈေးနှုန်းမေးပြီး အရောင်းဝယ်ဖြစ်တာတွေ လည်းရှိတယ်၊ Internet Marketing စနစ်ထွန်းကားလာတယ်၊ အဲဒီတော့ အိမ်ခြံမြေမှာလည်း တစ်ခေတ် ပြောင်းလဲလို့ရတဲ့အနေအထားဖြစ်လာပြီလို့ပြောလို့ရတာပေါ့၊ ဧပြီနဲ့မေလအတွင်းမှာ အရောင်းအဝယ်က ရပ်ဆိုင်းလုနီးပါးဖြစ်သွားတယ်၊ နဂိုတုန်းက အွန်လိုင်းကနေကြည့်ပြီး ဝယ်ယူတဲ့သူတွေလည်းရှိတယ်၊ ဇွန်လ ကစပြီး ပြန်လည်သက်ဝင်လာတယ်လို့ပြောလို့ရပါတယ်၊ဈေးနှုန်းလည်း ကျတဲ့နေရာကကျတယ်၊ ဒါပေမယ့် တန်ဖိုးနည်းပြီး နေထိုင်လို့ရတဲ့နေရာတွေမှာ ဈေနှုန်းပြောင်းလဲမှုရှိပါတယ်”ဟု ဆက်လက်ပြောသည်။

လက်ရှိမြန်မာနိုင်ငံ၏အိမ်ခြံမြေအရောင်းအဝယ်ဖြစ်လာသည့်ကိစ္စများတွင် ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်မြို့များ၏မြို့ပြင်ရှိမြေကွက်များကို ဝယ်ယူလာမှုများသော်လည်း ကိုဗစ်ကာလကြောင့်ငွေ ကြေးကြပ်တည်းမှုများရှိသည့်အခါ လုပ်ငန်းလည်ပတ်ရန် မြို့တွင်းမြေကွက်ကြီးပိုင်းတွင်ပြန်လည်ရောင်း ချသူများရှိနေပြီးဝယ်လိုအားနည်းသည့်အတွက်မြို့ကြီးများရှိသိန်းသောင်းကဏန်းမြေကွက် ကြီးများမှာထူးထူခြားခြားဈေးနှုန်းများကျလာကြောင်းလည်းသိရသည်။
ထိပ်ထားနိုင်


Spread the love
  •  
  •  
  •  
  •  
  •  
  •