COVID-19 ကပ်ရောဂါကာကွယ်ရေးအတွက် ရွှေဘိုမြို့ဝင်/ထွက် ဂိတ်နှစ်ခုထားပြီး စောင့်ကြည့်စစ်ဆေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19 ကပ်ရောဂါကာကွယ်ရေးအတွက် ရွှေဘိုမြို့ဝင်/ထွက် ဂိတ်နှစ်ခုထာပြီး စောင့်ကြည့်စစ်ဆေး

 

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်သည် COVID-19 ကပ်ရောဂါကာကွယ်ရေးအတွက် ရွှေဘိုမြို့ဝင်/ထွက် ဂိတ်နှစ်ခုအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ထောက်ပံ့ပေးအပ်ပါတယ်။

မုံရွာ၊ ဩဂုတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်သည် ခရိုင်၊မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ များနှင့်အတူ ယနေ့ နံနက်(၉)နာရီက ရွှေဘိုမြို့ပေါ်ရှိ မြို့ဝင်/ထွက် မြောင်းကြီးဂိတ်နှင့် ရွှေဘိုမြို့ဝင်ဂိတ်တို့တွင် COVID-19 ကပ်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများနှင့်အရပ်ဘက်စေတနာရှင်လူမှုအဖွဲ့အစည်းများအား တွေ့ဆုံ အားပေးစကားပြောကြားပြီး အဆိုပါဂိတ်များတွင် ကျန်းမာရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ခရီးသွားရာဇဝင်များ စစ်ဆေးဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာ ကျန်းမာရေးသုံး ထောက်ပံ့ရေးပစ္စည်းများအဖြစ် Face Shield (၂၄၂)ခုကို တာဝန်ရှိသူထံသို့ပေးအပ်ခဲ့ပါသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေဘိုမြို့ရှောင်ကွန်ကရစ် နှစ်လမ်းသွား အကျယ် ၂၄ ပေ၊ အမြင့် ၁၁ လက်မ၊ အရှည်(၆)မိုင်ခန့် ဖောက်လုပ်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အဆိုပါလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မှီပြီးစီးရေး ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •