COVID-19 ကာကွယ်ဆေးသတင်း update

Spread the love
  •  
  •  
  •  
  •  
  •  
  •  

💉 #ကာကွယ်ဆေးသတင်း update

▪️ကာကွယ်ဆေးဟာ #လေးပတ်ကနေရှစ်ပတ်အတွင်းရမယ်လို့ ထရမ့်က Fox news ရဲ့ Fox & Friends အင်တာဗျူးမှာ ပြောသွားပြန်ပါတယ်။

Dr Antony Fauci ကဘာပြောသလဲ⁉️

▪️အမေရိကန်ရဲ့ Covid ဂရုကြီး Dr Fauci က အမေရိကန်ရွေးကောက်ပွဲနေ့မှာ ကာကွယ်ဆေးရမယ်ဆိုတာ #ဖြစ်နိုင်ဖွယ်မရှိပေမယ့် #သီအိုရီအရတော့ရနိုင်ပါတယ်လို့ မှတ်ချက်ပြုထားပါတယ်။

▪️သဘောက အားလုံးထရမ့်လက်ထဲမှာရှိတယ်။ အခုအချိန်မှာ သူကလက်ရှိသမ္မတမို့ သူလက်ညှိုးညွှန်ရာ ရေဖြစ်နေတဲ့အချိန်ပါ။

▪️သီအိုရီအရ ရနိုင်တယ်ဆိုတာက FDA အနေနဲ့ အခုလက်ရှိစမ်းသပ်ချက် Phase 3 အဖြေကိုကိုင်ပြီး အရေးပေါ်ခွင့်ပြုပေးနိုင်တဲ့သဘောပါ။

#ဘီလ်ဂိတ်ဘာပြောသလဲ⁉️

▪️ဘီလ်ဂိတ်ကတော့ ထရမ့်လက်ထက်မှာ FDA ဟာ သိက္ခာအတော်ကျသွားတယ်လို့ ဆိုလိုက်ပါတယ်။

▪️ဘီလ်ဂိတ်က ကူးစက်ရောဂါဌာန CDC လည်းထို့အတူပါပဲတဲ့။ နိုင်ငံရေးရဲ့ သားကောင်တွေဖြစ်ကုန်ကြတယ်လို့ အင်္ဂါနေ့က Bloomberg နဲ့ ဆွေးနွေးရာမှာ ထည့်ပြောသွားခဲ့တာပါ။

▪️FDA ဟာ Covid အတွက် သွေးရည်ကြည်ကုထုံးကိစ္စကို ဩဂတ်စ်လကုန်မှာ ပြောတုန်းကလည်း တကယ်ထိရောက်မှုရှိတာထက်ပိုပြောခဲ့ပြီး လူတွေကိုအကောင်းမြင်အောင်လုပ်ယူခဲ့တယ်လို့လည်းဆိုလိုက်ပါတယ်။

▪️အခုလိုထရမ့်က ကာကွယ်ဆေးမကြာခင်ရမယ်ပြောနေပေမယ့် #ဘယ်ဆေးလဲဆိုတာ ထည့်မပြောသွားပါဘူး။

▪️New England Journal of Medicine က ဆောင်းပါးတစ်ခုမှာ ထရမ့်ရဲ့ ကာကွယ်ဆေးအမြန်ရရေး Operation Wrap Speed အကြောင်းထည့်ရေးထားပါတယ်။

▪️အမေရိကန်အစိုးရရဲ့တကယ့်ဦးတည်ချက်က ၂၀၂၁ ခုနှစ် #ဇန်နဝါရီလမှာ ကာကွယ်ဆေးကို #တကယ်အသိအမှတ်ပြုပြီးလူတွေလက်ထဲထည့်ပေးနိုင်ဖို့ ဖြစ်ပါတယ်တဲ့။

Oxford University က ကာကွယ်ဆေးနဲ့ပတ်သက်လို့ ……..

▪️အဲ့ဒီအချိန်မှာပဲ အမေရိကန်မှာ Oxford University ရဲ့ ကာကွယ်ဆေးစမ်းသပ်မှုကို ယာယီရပ်တိုင်းထားရာက ပြန်မစတင်ရသေးပါဘူး။

▪️အမေရိကန်တွေက ယူကေနိုင်ငံကပြန်ခွင့်ပြုပြီဆိုပေမယ့် သူတို့ဘာသာစစ်ဆေးပြီးမှ အမေရိကန်နိုင်ငံမှာ ပြန်လုပ်ခွင့်ပေးမှာမို့ #စမ်းသပ်မှုကိုရပ်ဆိုင်းထားခိုင်းဆဲပါ။

▪️အဲ့ဒါကြောင့်ကျနော်ကမနေ့က ထွက်နေတဲ့ ၁၀၀% အောင်မြင်ပြီဆိုတဲ့သတင်းဟာ သတင်းမှားလို့ပြောတာပါ။

▪️ Oxford University ရဲ့ ကာကွယ်ဆေးကို လိုင်စင်ရထားတဲ့ AstraZeneca ကတော့ ဘာပဲဖြစ်ဖြစ် #ဒီနှစ်မကုန်ခင်အသိအမှတ်ပြုရဖို့ ကြိုးစားမယ်လို့ ဆိုထားပါတယ်။

Johnsons & Johnsons ရဲ့ကာကွယ်ဆေးအခြေအနေ …

▪️ Oxford University ရဲ့ကာကွယ်ဆေးကို ပြီးခဲ့တဲ့အပတ်မှာ ယူကေနိုင်ငံကအမျိုးသမီးတစ်ယောက်မှာ ဆိုးကျိုးတွေ့လို့ ယာယီရပ်ဆိုင်းတယ်လဲ သတင်းထွက်ရော
စပိန်နိုင်ငံမှာ စမ်းသပ်နေတဲ့ Johnsons & Johnsons ရဲ့ကာကွယ်ဆေးစမ်းသပ်မှုအစီအစဉ်ကနေ #အစမ်းသပ်ခံမယ့်လူအချို့ဟာအစမ်းမခံတော့ပဲ ငြင်းဆိုကုန်ကြပါတယ်။

▪️ Johnsons & Johnsons ကတော့ သူတို့ရဲ့ Phase 2 စမ်းသပ်ဖို့ လူလုံလောက်သေးတယ်ဆိုပြီး ဆက်လုပ်နေပါတယ်။

▪️ Johnsons & Johnsons ဟာ Phase 2 စမ်းသပ်မှုကို စက်တင်ဘာ ၂၂ မှာ အပြီးသတ်ရမှာပါ။

Pfizer နဲ့ BioNTech ရဲ့ကာကွယ်ဆေးအခြေအနေ …

▪️ Pfizer က အင်္ဂါနေ့ကပြောရာမှာ သူတို့ရဲ့ကာကွယ်ဆေးကို လူမှာစမ်းသပ်ရာမှာ အလယ်အလတ်နဲ့အနည်းငယ် ဘေးထွက်ဆိုးကျိုးတွေပြခဲ့တယ်လို့ဆိုပါတယ်။

▪️အဓိကပြတဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာက ပင်ပန်းနွမ်းနယ်မှုဖြစ်ပါတယ်တဲ့။

▪️ Pfizer နဲ့ BioNTech က စမ်းသပ်မှုရလဒ်အဖြေတွေကို #အောက်တိုဘာလကုန်မှာ ရဖို့မှန်းထားပါတယ်တဲ့။

▪️ဒါပေမယ့် အောက်တိုဘာ ၂၂ ရက်နေ့ FDA မီတင် meeting အမီတော့ မရနိုင်ဘူးတဲ့။

(သူတို့ဆီမှာလည်း နေပြည်တော်မီတင်အမီတွေဘာတွေရှိတယ်ထင်ပါရဲ့)

▪️မီခဲ့ရင်တော့ ကာကွယ်ဆေးအသိအမှတ်ပြုရဖို့မြန်ပြီး လူတွေလက်ထဲစောစောထည့်နိုင်မှာပါ။

Moderna ရဲ့အခြေအနေ …

▪️စတာထွက်ကတည်းက ရှေ့ဆုံးကပြေးခဲ့တဲ့ အမေရိကန်ကုမ္ပဏီ Moderna ရဲ့mRNA ကာကွယ်ဆေးဟာလည်း ဒီနှစ်ကုန်မှာရနိုင်ပါတယ်တဲ့။

** ဒီနေရာမှာ ကျနော်တစ်ခုထည့်ပြောလိုတာက Pfizer ရဲ့ ကာကွယ်ဆေးဟာ – 70 degree C (အပူချိန်အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်) မှာထားပြီး #သယ်ယူပို့ဆောင်ရမယ်လို့ သတင်းထွက်နေပါတယ်။

** အဲ့ဒါဆို ဖြန့်ဖြူးရခက်ခဲနိုင်ပါတယ်။

Novavax ရဲ့ ကာကွယ်ဆေးအခြေအနေ …

▪️ Novavax ရဲ့ ကာကွယ်ဆေးဟာ Phase 1 အခြေနေကောင်းပါသတဲ့။

▪️ Novavax ဟာ အိန္ဒိယက Serum Institute နဲ့ ကာကွယ်ဆေး dose သန်း ၁၀၀၀ ထုတ်ဖို့စာချုပ်ချုပ်လိုက်ပါတယ်။

▪️အဲ့ဒီစာချုပ်အရ Novavax ဟာ ၂၀၂၁ နှစ်လည်အမီ ကာကွယ်ဆေး dose သန်း ၂၀၀၀ ထုတ်လုပ်မှာဖြစ်ပါတယ်။

▪️ Serum Institute ဟာကမ္ဘာမှာ အကြီးမားဆုံးကာကွယ်ဆေး ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး ၂၀၂၄ အထိ မနေမနားထုတ်လုပ်ပေးဖို့ အမှာစာတွေရထားပါသတဲ့။

WHO ကဘာပြောသလဲ⁉️

▪️WHOvက Covid-19 ကပ်ကနေ မူလအခြေအနေ normal life ကို ပြန်ရောက်ဖို့ #ကာကွယ်ဆေးနဲ့ကယ်တင်ဖို့ဟာ ၂၀၂၂ ခုနှစ်မှဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

▪️WHO ရဲ့ chief scientist ဖြစ်သူ Soumya Swaminathan က အင်္ဂါနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

▪️normal lifecပြန်ရောက်ဖို့ ၂၀၂၂ အထိကာကွယ်ဆေးကလုံလောက်မှာ မဟုတ်သေးဘူးလို့ ခန့်မှန်းလိုက်တာဖြစ်ပါတယ်။

▪️လူတွေကလ၂၀၂၁ ဇန်နဝါရီမှာဘတကမ္ဘာလုံး ကာကွယ်ဆေးရပြီး မူလအခြေအနေအတိုင်းပြန်နေရတော့မယ်လို့ ထင်နေကြတယ်တဲ့။

▪️WHO ရဲ့ အကောင်းဆုံးမျှော်မှန်းနိုင်တာက #အဲ့လိုမူလအခြေအနေပြန်ရောက်ဖို့ ၂၀၂၁ နှစ်လယ်ဟာ အစောဆုံးပါပဲတဲ့။

▪️၂၀၂၁ ခုနှစ် နှစ်ဆန်းကစပြီး ကာကွယ်ဆေးစမ်းသပ်မှုအခြေအနေရလဒ်တွေကို တစ်ခုပြီးတစ်ခုစကြားရပါလိမ့်မယ်တဲ့ခင်ဗျား။

ကျနော်အနေနဲ့ ကာကွယ်ဆေးသတင်းအစုံစုံကို စုစည်းသတင်းပေးပို့ခြင်း ဖြစ်ပါတယ်။

အာလုံးကျန်းမာပြီး Covid ဘေးကကင်းဝေးကြပါစေခင်ဗျား။

Richard Myo Thant
16-September-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •