Covid-19 ကာကွယ်ဆေးအခြေအနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

💉 Covid-19ကာကွယ်ဆေးအခြေအနေ။

#နောက်ဆုံးအဆင့်စမ်းသပ်မှုကိုရောက်နေတာ #ကာကွယ်ဆေးနှစ်မျိုးပဲရှိပါသေးတယ်။

(၁) 🇬🇧 အောက်စဖို့တက္ကသိုလ်က သုသေသနပညာရှင်တွေက ပြုလုပ်ပြီး AstraZeneca က ထုတ်လုပ်မယ့် AZD1222 ကာကွယ်ဆေးဟာ #နောက်ဆုံးအဆင့်စမ်းသပ်မှုကိုရောက်နေပြီလို့ သိရပါတယ်။

အသေးစိတ်ကိုမသိရပါ။ Wikipedia မှာသွားကြည့်တော့ Phase I-II ကမပြင်သေးပါ။

(၂) 🇨🇳 တရုတ်ပြည် Sinovac Biotech က ထုတ်တဲ့ CoronaVac ကာကွယ်ဆေးဟာ နောက်ဆုံးအဆင့်စမ်းသပ်မှုကို 🇧🇷 ဘရာဇီးမှာ ဒီလထဲမှာ #စတင်နေပါပြီ။

တရုတ်ကနေ ဘရာဇီးမှာ သွားစမ်းသပ်ရတာက ဘရာဇီးမှာ Covid ဖြစ်ပွားမှုအကြီးအကျယ်ဖြစ်နေလို့ပါ။

Sinovac နဲ့ ဘရာဇီးရဲ့ ကာကွယ်ဆေးထုတ်လုပ်သူ Instituto Butantan တို့ပူးပေါင်းပြီး ကျန်းမာရေးဝန်ထမ်း 9000 မှာ စမ်းသပ်မှာဖြစ်ပါတယ်။

ဒီကျန်းမာရေးဝန်ထမ်းတွေဟာ Covid-19 #ရောဂါသည်တွေနဲ့ထိတွေ့ဆက်ဆံနေရသူတွေမို့လို့ သူတို့ကို ကာကွယ်ဆေးထိုးပေးပြီး စမ်းသပ်တာဟာ တစ်ချက်ခုတ်နှစ်ချက်ပြတ် အကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။

🧬 ပထမဆုံးလူမှာစစမ်းသပ်ခဲ့တဲ့ အမေရိကန်က Moderna က ကကာကွယ်ဆေး mRNA-1273 ဟာ နောက်ဆုံးအဆင့် စမ်းသပ်မှုကို #ဒီလထဲမှာစဖို့ပြင်ဆင်နေပါတယ်။

#အထက်ပါကာကွယ်ဆေးသုံးမျိုးဟာ ရှေ့ဆုံးကပြေးနေသူတွေပါ။

WHO ရဲ့အချက်အလက်အရ လူမှာစမ်းသပ်နေတယ် Covid ကာကွယ်ဆေး 19 မျိုးရှိနေပြီး အခြားရာနဲ့ချီတဲ့ ကာကွယ်ဆေးတွေဟာ ပြုလုပ်စမ်းသပ်တဲ့အဆင့်မှာရှိနေပါတယ်။

ဥပမာ – ထိုင်းက 🐒 မျောက်တွေမှာစမ်းသပ်နေတဲ့ကာကွယ်ဆေးဆိုရင် ဒီလထဲမှာ ရှေ့ဆက်ဖို့ အခြေအနေကောင်းမကောင်း သိရပါမယ်။

တရုတ်ပြည် Sinovac Biotech ဟာ သူ့ရဲ့စမ်းသပ်ဆဲ ကာကွယ်ဆေး CoronaVac အတွက် စက်ရုံတည်နေပြီး ကာကွယ်ဆေးအခြေအနေကောင်းတာနဲ့ ဒီနှစ်ထဲမှာ စတင်ထုတ်လုပ်ဖို့ ပြင်ဆင်ထားပြီးပါပြီ။

အဲ့ဒီစက်ရုံကနေ တစ်နှစ်ကို ကာကွယ်ဆေး သန်း 100 အထိထုတ်လုပ်နိုင်ပါတယ်။

ကာကွယ်ဆေးထုတ်လုပ်ခြင်းလောကမှာ မကြုံစဖူး နိုင်ငံရေး၊ စီးပွားရေးပြိုင်ဆိုင်မှုတွေနဲ့ အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။

အမေရိကန်က Massachusetts Institute of Texhnology ရဲ့ မနှစ်က သုသေသနအရ ကာကွယ်ဆေး 3 ခုမှာ 1 ခုက အောင်မြင်လေ့ရှိတာမို့ ရှေ့ဆုံးကပြေးနေတဲ့ #ကာကွယ်ဆေးသုံးမျိုးကတစ်မျိုးတော့ကျိန်းသေအောင်မြင်မယ်လို့ မျှော်လင့်ထားပါတယ်။

နောက်နှစ်လလောက်မှာ တစ်ခုခုထူးခြားမယ်လို့ မျှော့်လင့်ထားပါကြောင်း။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
8-July-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •