COVID-19 #ကာကွယ်ဆေးအတုကိစ္စ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ သတိပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

👮‍♂️အပြည်ပြည်ဆိုင်ရာပူးပေါင်းရဲတပ်ဖွဲ့ Interpol က COVID-19 #ကာကွယ်ဆေးအတုကိစ္စသတိပေးလိုက်ပါတယ်။

ဒုစရိုက်သမားတွေဟာ COVID-19 ကာကွယ်ဆေးအတုတွေလုပ်ပြီး အစိုးရတွေကကာကွယ်ဆေးထိုးချိန်မှာ #စိမ့်ဝင်ထိုးဖောက်နိုင်တယ်လို့ သတိပေးလိုက်တာဖြစ်ပါတယ်။

ဒီကိစ္စက #ကြိုတင်ပြင်ဆင်ဖို့လိုအပ်လို့ Interpol ရဲအဖွဲ့ကြီးက online ကရော အပြင်ကနေပါ သတိပေးစာပို့ပြီး သတိပေးရတာပါ။

အဲ့လိုပြဿနာတွေကလည်းဖြစ်တတ်ပါတယ်။

COVID-19 အချိန်အားလုံးဘဝပျက်နေချိန်မှာ #အရည်အသွေးမမီ အကာအကွယ်လုံလောက်အောင်မပေးနိုင်တဲ့ Mask တွေနဲ့ သိန်းထောင်ချီချမ်းသာသွားသူတွေရှိပါတယ်။

ကာကွယ်ဆေးအချိန်မှာလည်း အတုနဲ့လုပ်စားကြမှာကို #သတိကိုထားရပါမယ်။

💉 #ကာကွယ်ဆေးဟာအားလုံးကအသည်းအသန်လိုချင်နေတဲ့ပစ္စည်းပါ။

အခုလိုအတုတွေနဲ့မိခဲ့ရင် #အစိုးရရဲ့ကာကွယ်ဆေးလုပ်ငန်းစဉ်ကြီးကိုပါထိခိုက်နိုင်ပါတယ်။

ကာကွယ်ဆေးထိုးထားတဲ့သူက တစ်ခုခုဖြစ်ခဲ့တယ်လို့ ပြောလာရင်ဘယ်လိုဖြေရှင်းမလဲ⁉️

လူတွေအထိတ်တလန့်မဖြစ်အောင်ဘာတွေကြိုတင်ပြင်ဆင်ရမလဲ⁉️

ကာကွယ်ဆေးအတုတွေဝင်မလာနိုင်အောင်အစိုးရကဘယ်လောက်စွမ်းဆောင်နိုင်သလဲ⁉️

Website အတုတွေ၊ online ကနေအတုရောင်းသူတွေရဲ့ အန္တရာယ်ကိုဘယ်လိုကာကွယ်မလဲ⁉️

တရားမဝင်ဆေးခန်းတောင်ပေါ်တင်လာဖွင့်ရဲကြတာ ကာကွယ်ဆေးအတုမသွင်းပဲနေပါ့မလား⁉️

ဘယ်လိုပဲဖြစ်ဖြစ် အင်တာပိုရဲအဖွဲ့ကြီးက “စိမ့်ဝင်ထိုးဖောက်နိုင်တယ်” လို့ကိုသတိပေးပြီးပါပြီ။

“As governments are preparing to roll out vaccines, criminal organisations are planning to infiltrate or disrupt supply chains.

Criminal networks will also be targeting unsuspecting members of the public via fake websites and false cures, which could pose a significant risk to their health, even their lives,” said Interpol secretary general Juergen Stock.

👮‍♂️ အစိုးရရဲ့ကိုဗစ်ကာကွယ်ဆေးလုပ်ငန်းစဉ်မထိခိုက်ရအောင် အင်တာပိုရဲအဖွဲ့ကြီးရဲ့သတိပေးချက်ကို မျှဝေလိုက်ပါတယ်ခင်ဗျား။

https://www.facebook.com/109119807474881/posts/190886525964875/?d=n

Richard Myo Thant
2-December -2020


Spread the love
  •  
  •  
  •  
  •  
  •  
  •