Covid-19 ကာကွယ်ဆေး ပေါ် ပြီဆိုတာနဲ့ တနိုင်ငံလုံးရရှိရေး ဘယ်လိုစီမံကြမလဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Covid-19 ကာကွယ်ဆေး ပေါ် ပြီဆိုတာနဲ့ တနိုင်ငံလုံးရရှိရေး ဘယ်လိုစီမံကြမလဲ

 

💉 Covid-19 #ကာကွယ်ဆေးလူတိုင်းရရှိနိုင်ဖို့။

Covid ကာကွယ်ဆေးအခြေအနေကို သိရသလောက်မကြာခနတင်ပေးခဲ့ပါတယ်။

အခုအရေးကြီးလာတာက Covid-19 #ကာကွယ်ဆေးအောင်မြင်တဲ့အချိန်မှာကျနော်တို့အလွယ်တကူရရှိနိုင်ဖို့ဖြစ်ပါတယ်။

အခုကာကွယ်ဆေးမပေါ်ခင်ကတည်းက နိုင်ငံကြီးအချို့က သူတို့အရင်ရဖို့ ပြင်ဆင်ပြီးနေပါပြီ။

▪️Oxford University ကစမ်းသပ်နေပြီး AstraZeneca ကိုလိုင်စင်ချပေးထားတဲ့ AZD1222 ဆိုပါစို့။

အဲ့ဒီဆေးကို #လာမယ့်စက်တင်ဘာလထဲမှာ အောင်မြင်နိုင်ဖို့ကြိုးစားနေပါတယ်။

🇬🇧 ယူကေနိုင်ငံက ပြီးခဲ့တဲ့ May လက ဆေး dose ပေါင်း သန်း 30 စာချုပ်ချုပ်ထားပြီးပါပြီ။ နောက်သန်း 70 အတွက်ပါထည့်ချုပ်ထားပါသတဲ့။

🇺🇸 အမေရိကန်ပြည်ထောင်စုက အဲ့ဒီဆေးလုပ်ရာမှာ ထောက်ပံ့ထားပြီး အောင်မြင်ခဲ့ရင် ကာကွယ်ဆေး သန်း 300 ခွဲတမ်းရပါမယ်။

အခြားနိုင်ငံတွေကို ကြည့်မယ်ဆိုရင်…

🇫🇷 ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ နယ်သာလန်တို့က ဇွန်လထဲမှာ Vaccine Alliance (ကာကွယ်ဆေးမဟာမိတ်အဖွဲ့) ဖွဲ့ပါတယ်။

​ကာကွယ်ဆေးအရှိန်မြှင့်ဖို့နဲ့ ရခဲ့ရင် ဥရောပသမဂ္ဂနိုင်ငံတွေ #ဝယ်လို့ရရှိရေးအတွက်
နဲ့ #ဝယ်ဖို့တတ်နိုင်တဲ့စျေးဖြစ်ဖို့ ကြိုးပမ်းကြဖို့ဖြစ်ပါတယ်။

👉 ဝယ်လို့ရနိုင်ဖို့သာမက အများဝယ်နိုင်တဲ့စျေးဖြစ်ဖို့က အရေးကြီးပါတယ်။

🇨🇦 ကနေဒါ၊ 🇧🇷 ဘရာဇီးနဲ့ 🇦🇪 ယူအေအီးနိုင်ငံတွေက တရုတ်ကုမ္ပဏီတွေရဲ့ ကာကွယ်ဆေးကို #နောက်ဆုံးအဆင့်စမ်းသပ်မှုလာလုပ်ဖို့ ပူးပေါင်းကြပါတယ်။

အကယ်လို့ လာစမ်းသပ်တဲ့ ကုမ္ပဏီတွေရဲ့ဆေးအောင်မြင်ခဲ့ရင် သူတို့လည်းအဲ့ဒီဆေးကို ဦးစားပေးအနေနဲ့ရမယ်။

🇨🇳 တရုတ်ကတော့ရှင်းတယ်။ သူ့ဘာသာသူ ကြိုးပမ်းနေတယ်။

🇹🇭 ထိုင်နိုင်ငံကလည်း သူ့နိုင်ငံအတွက်ကြိုးပမ်းနေတယ်။

#ကျနော်တို့တွေဘယ်လိုပြင်ဆင်ထားပြီးပြီလဲ⁉️

WHO နဲ့ အလှုရှင်နိုင်ငံတွေကိုပဲ အားကိုးရမှာလား⁉️

👉 ကျနော်တို့နိုင်ငံရဲ့ Covid-19 #ကာကွယ်ဆေးတနိုင်ငံလုံးရရှိရေး National Plan ကဘာလဲ⁉️

ကာကွယ်ဆေးက မြန်မာပြည်ရောက်လာရင် လူတိုင်းဝယ်နိုင်တဲ့စျေးဖြစ်ဖို့ ဘယ်လိုစီမံကြမလဲ⁉️

ကာကွယ်ဆေးစစ်ကြောင်း ဘယ်လိုယုံကြည်စိတ်ချရမှာလဲ⁉️

လက်ဝါးကြီးအုပ်မှုကို ဘယ်လိုကာကွယ်ပေးဖို့စီမံကြမလဲ⁉️

ကာကွယ်ဆေး 2020 ဒီဇင်ဘာလမှာပေါ်ခဲ့ရင် ကျနော်တို့ဆီ 2021 #ဘယ်လမှာရောက်နိုင်မလဲ⁉️

ကာကွယ်ဆေးအတွက် (၂) ပိုင်းရှိပါတယ်။

#ဝယ်လို့ရရှိရေးအတွက်ရော #အများဝယ်ဖို့တတ်နိုင်တဲ့စျေးဖြစ်ဖို့ရောပါ ပြင်ဆင်ရမှာပါ။

Covid-19 စဖြစ်တာနဲ့ ကမ္ဘာ့နိုင်ငံအတော်များများက #လက်သွက်ခြေသွက်နဲ့ စီမံကြပါတယ်။

Mask 😷 တွေ ဝယ်လို့ရဖို့ နိုင်ငံအစိုးရတွေ သူ့ထက်ငါအလုအယက် ဝိုင်းစီစဉ်ကြပါတယ်။

🥼🥽🧤 PPE တွေရဖို့ ဆေးရုံခုတင်တွေရဖို့ကအစ ဝိုင်းလုကြတာဖြစ်ခဲ့ပါတယ်။

Ventilator ရဖို့လည်း သမ္မတတွေကိုယ်တိုင်က သံရုံးအဆက်အသွယ်တွေ၊ တရုတ်ကုမ္ပဏီတွေကနေ တိုက်ရိုက်ဖုံးဆက်တဲ့အထိ ကြိုးပမ်းခဲ့ကြပါတယ်။

IMF က ချေးငွေရဖို့လည်း ခြေသွက်လက်သွက်စီစဉ်ခဲ့ကြပါတယ်။

အခုကာကွယ်ဆေးကိစ္စဟာ အလွန်အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။

#နိုင်ငံ့စီးပွားရေးနဲ့ပါဆက်စပ်နေတယ်လို့ မြင်ပါတယ်။

💉 ကာကွယ်ဆေးမြန်မြန်ရတဲ့နိုင်ငံဟာ Tourism မြန်မြန်စနိုင်မယ်။ စက်ရုံတွေ၊ လုပ်ငန်းတွေ အပြည့်အဝ မြန်မြန်ပြန်လည်ပတ်နိုင်မယ်။

တကယ်အောင်မြင်တဲ့ကာကွယ်ဆေးပေါ်ရင် ဝမ်းသာမှာဖြစ်သလို ကာကွယ်ဆေးရဖို့ #တာလွှတ်လိုက်သလို ဖြစ်တော့မှာပါ။

ဆေးကတော့ထွက်တာနဲ့ ပြိုက်ကနဲဖြစ်သွားမှာပါ။ နိုင်ငံအတော်များများက ကိုယ့်ထက်မြင်လည်းမြင် အဆက်အသွယ်လည်းကောင်း လက်လည်းမြန်ကြပါတယ်။

#လူတိုင်းရရှိနိုင်ဖို့ကိစ္စကို အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ထိပ်သီးအစီးအဝေးမှာ တင်ပြဆွေးနွေးခဲ့ဖူးပါတယ်။

WHO, ပြင်သစ်သမ္မတ Macron၊ ဂျာမန်အဓိပတိ Merkel၊ တရုတ်သမ္မတ Xi Jinping တို့ကလည်း Covid-19 ကာကွယ်ဆေးကို တကမ္ဘာလုံးရဖို့ ဆော်ဩနေကြပါတယ်။

နှစ်ပေါင်းများစွာချိနဲ့ခဲ့တဲ့ ကျနော်တို့နိုင်ငံအတွက် ဦးစားပေးခံရဖို့ သိပ်အများကြီးမျှော်လင့်စရာသိပ်ရှိပေမယ့် ကမ္ဘာမှာ ဒီကိစ္စဆွေးနွေးနေကြပြီဖြစ်ကြောင်း ကြိုတင်ပြင်ဆင်နိုင်ဖို့ အသိပေးရေးသားလိုက်ပါတယ်။

👉 Covid-19 ကာကွယ်ဆေးမပြောနဲ့ တုပ်ကွေးကာကွယ်ဆေးကိုတောင် လွယ်လွယ်မရလို့ ခရီးမထွက်ခင်မထိုးခဲ့ရပါဘူး။

👉 ရှိတဲ့လူကလည်း စျေးကိုမတားတင်ထားတယ်။

👉 ဆေးဆိုင်တွေကလည်း တုပ်ကွေးကာကွယ်ဆေးရရင် ဖုံးနံပါတ်ပေးမယ်ဆိုပြီး နံပါတ်သာယူထားတာ ကာကွယ်ဆေးကိစ္စက ဝင်မေးရင် မရသေးဘူးချည်းပဲ။

👉 တခြားဆေးထိုးရဖို့ကလည်း FDA မရလို့တဲ့။

Covid-19 ကာကွယ်ဆေးကိစ္စမှာ ပြည်ပကိုထား #ပြည်တွင်းမှာမလုပ်စားကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

(ကျနော်

Richard Myo Thant
16-July-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •