COVID-19 ကာကွယ်ဆေး အတူတကွ ထုတ်လုပ်ရန် အိန္ဒိယနှင့် မြန်မာ လုပ်ဆောင်လျက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

❐ COVID-19 ကာကွယ်ဆေး အတူတကွ ထုတ်လုပ်ရန် အိန္ဒိယနှင့် မြန်မာ လုပ်ဆောင်လျက်ရှိ

နယူးဒေလီ၊ အောက်တိုဘာ ၂၅

COVID-19 ကာကွယ်ဆေး ပူးတွဲ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ထောက်ပံ့ခြင်းနှင့် ပတ်သက်၍ အိန္ဒိယနှင့် မြန်မာနိုင်ငံမှ တာ၀န်ရှိသူများ ဆွေးနွေးလျက် ရှိကြောင်း အိန္ဒိယ သတင်းဌာနများက ရေးသား ဖေါ်ပြကြသည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံသည် COVID-19 ကာကွယ်ဆေး ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်း ပါ၀င်ဖွယ် ရှိပြီး နှစ်နိုင်ငံ တာ၀န်ရှိသူများသည် COVID-19 ကာကွယ်ဆေးကို ပူးတွဲ ထုတ်လုပ်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံခြားရေး၀န်ကြီး Harsh Shringla ၏ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ် အတွင်း ကာကွယ်ဆေးများ ဝေငှရာတွင် မြန်မာနိုင်ငံကို ဦးစားပေးလိုသော ဆန္ဒရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

ယခုလ အစောပိုင်းက တွေ့ဆုံ ဆွေးနွေးပွဲ အတွင်းတွင် Shringla သည် COVID-19 ၏ သက်ရောက်မှုကို လျှော့ချရန် အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား Remdesivir ထိုးဆေး ၃၀၀၀ ကို လွှဲပြောင်း ပေးအပ်ခဲ့သည်။

မြန်မာ၏သံအမတ်ကြီး ဦးမိုးကျော်အောင်က မြန်မာနိုင်ငံ အနေဖြင့် ကာကွယ်ဆေး ဖွံ့ဖြိုး တိုးတက်မှုတွင် ပါ၀င်ရန် အိန္ဒိယဘက်သို့ ပြောကြားထားခဲ့သည် ဟု ဆိုသည်

COVID အကျပ်အတည်း ကာလအတွင်း အိန္ဒိယသည် မြန်မာနိုင်ငံသို့ COVID အကူအညီ ဒေါ်လာ ၁ သန်းကျော် ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •