COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီအစည်းအဝေးမှဆွေးနွေးချက်များ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီအစည်းအဝေးမှဆွေးနွေးချက်များ
======================

– ကိုဗစ်ကူးစက်မှု မြင့်တက်နိုင်ချေရှိသဖြင့် နို၀င်ဘာ ၂၁ မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ အိမ်မှာသာ နေရန် ပန်ကြားချက်ထုတ်ပြန်ရန်။

– စိုးရိမ်ရသည့်လူနာဖြစ်ပါက မိသားစု၊ ဆွေမျိုးထဲမှ လူနာစောင့်တဦး လိုက်ပါခွင့်ပြုရန်။

– Stay Home မဟုတ်သည့် မြို့နယ်များတွင် A အဆင့် သတ်မှတ်ခံရသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို ယခုလကုန်တွင် ပြန်ဖွင့်ခွင့်ပြုရန်။

– Stay Home မသတ်မှတ်ထားသော မြို့များရှိ တန်ခိုးကြီး ဘုရား၊ စေတီများအား တနေ့ ၂ ကြိမ် လူဦးရေကန့်သတ်ချက်ဖြင့် ပြန်လည်ဖူးမျှော်ခွင့်ပြုရန်။

– ခရစ်စမတ်ပွဲတော်နှင့် Happy New Year အား Church များတွင် လူ ၅၀ ထက် မပိုစေပဲ ၀တ်ပြုဆုတောင်းခွင့်ပြုရန်။

– ဖျော်ဖြေရေးအစီအစဉ်များကို ရုပ်မြင်သံကြားမှ တိုးမြှင့်ထုတ်လွှင့်ရန်။

– ကညနလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်ရန်။

( ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန် တင်ပြပါသည်။)

#NayThway


Spread the love
  •  
  •  
  •  
  •  
  •  
  •