ကျနော်တို့ငယ်ငယ်တုန်းက စောင်တွေကာပြီး ရွက်ဖျင်တဲလိုလို ကလေးခံတပ်လိုလိုဆောက်လုပ်တန်း ဆော့ခဲ့ဖူးတာ မှတ်မိကြမှာပါ။
🇫🇷 ပြင်သစ်ပြည်မှာ lockdown မချခင် ကလေးနှစ်ယောက်ဟာ သူတို့မိဘတွေနဲ့အတူ ပဲရစ်မြို့တော်ကို စွန့်ခွာပြီး ပဲရစ်ရဲ့ အနောက်တောင်အရပ်မှာရှိတဲ့ Vendome မြို့လေးမှာ သွားနေပါသတဲ့။
ပြင်သစ်သတင်းဌာန BFM TV ရဲ့အဆိုအရ အဲ့ဒီအသက် 10 နှစ်ဝန်းကျင်အရွယ်ကလေးနှစ်ယောက်ဟာ အပြင်မထွက်ရတော့ သူတို့ရဲ့ နယ်ကအိမ်ထဲမှာဆော့ကစားရင်း ကလေးသဘာဝ အဝတ်ခံတပ်တစ်ခု တည်ဆောက်ဖို့ကြိုးစားကြပါသတဲ့။
သူတို့မိဘကို ဘယ်လိုတည်ဆောက်ရသလဲမေးတဲ့အခါမှာ သူ့တို့အဖေက အိမ်ထဲက မသုံးတော့တဲ့ အိပ်ယာခင်းအဟောင်းတွေကို လိုက်ရှာဖို့ညွှန်ကြားလိုက်ပါတယ်။
ကလေးတွေဟာ အိမ်ထဲကနေလိုက်ရှာရင်း အိပ်ယာခင်းအဟောင်းတစ်ခုထဲကနေ အလွန်လေးလံတဲ့အရာနှစ်ခုပြုတ်ကျလာပါတယ်။
ဘာမှန်းမသိတဲ့အတွက် သူတို့အဖေကို အတော်လေးတဲ့အရာနှစ်ခုပြုတ်ကျလာကြောင်းပြောတဲ့အခါမှာ သူ့အဖေက သူတို့အဖွားလက်ထက်က ဓားထည့်တဲ့ ဓားအိမ်ဖြစ်မယ်လို့ဆိုလိုက်ပါတယ်။
သူ့အဖေကိုလိုက်ကြည့်ခိုင်းတဲ့အခါမှာ မထင်မှတ်ပဲ ရွှေချောင်းနှစ်ချောင်းဖြစ်နေတာတွေ့ရပါတယ်။
1967 ခုနှစ်က သူတို့အဖွားဝယ်ထားခဲ့တဲ့ ရွှေဝယ်ဘောက်ချာပါအတူတွေ့ရပါတယ်။
အဲ့ဒါနဲ့ လေလံတင်ရောင်းချဖို့ ဆက်သွယ်စုံစမ်းရင်း လေလံဌာနက ဓာတ်ခွဲခန်းပို့စမ်းသပ်စစ်ဆေးကာ မြန်မာငွေ သိန်း 1400 ကျော်တန်ကြောင်း တန်ဖိုးဖြတ်ကာလေလံတင်ပေးခဲ့ပါတယ်။
Richard Myo Thant
25-May-2020