COVID-19 ကို ခွေးနဲ့အနံ့ခံစမ်းသပ်မှုအောင်မြင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

🐕 COVID-19 #ခွေးနဲ့အနံ့ခံစမ်းသပ်မှုအောင်မြင်။

🇫🇷 ပြင်သစ်တိမွေးကုကျောင်းက ပညာရှင်တွေဟာ ဘယ်ဂျီယံ မလီနွုက်စ် သိုးထိန်းခွေး 8 ကောင်ကို COVID-19 အတွက်လေ့ကျင့်သင်ကြားပေးမှု အောင်မြင်ခဲ့ပါတယ်။

Covid-19 positive လူနာ တွေရဲ့ ချိုင်းကြားက အနံ့ နမူနာပေါင်း 360 ကိုယူပြီး လေ့ကျင့်သင်ကြားထားတဲ့ခွေးတွေနဲ့ စမ်းသပ်တဲ့အခါမှာ အောင်မြင်မှု 83 % ကနေ 100 % အထိ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

♦️ ခွေးတစ်ကောင်ရဲ့ နှာခေါင်းဟာ လူထက်အဆပေါင်း သန်း 100 လောက်လူထက်ပို အနံ့ခံအာရုံကောင်းတယ်လို့ ဆိုပါတယ်။

အရင် Covid မတိုင်မီတုန်းကလည်း ကင်ဆာနဲ့ ဆီးချိုဝေဒနာရှိမရှိ ခွေးနဲ့ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ဖူးပါတယ်။

အခုခွေးတွေဟာ အရင်က အရေးပေါ်ကယ်ဆယ်ရေးအတွက် လေ့ကျင့်ထားတဲ့ခွေးတွေဖြစ်ပြီး Covid အတွက်ပြန်လေ့ကျင့်ပေးခဲ့တာပါ။

အခုလို ရောဂါပိုးရှိတဲ့ လူနာရဲ့ #ချိုင်းကြားကရတဲ့အနံ့ကို ပလတ်စတစ်ပြွန်ချောင်းလေးနဲ့ယူပြီး ခွေးအနံ့ခံလို့ရမယ့် ပုလင်းလိုဟာထဲထည့်ပြီး ကတော့ချွန်နဲ့ ခွေးကို အနံ့ခံခိုင်းပါတယ်။

♦️ဒါ့ကြောင့် ခွေးတွေကို Covid-19 ကူးစက်မယ့် အန္တရာယ်က ကင်းဝေးစေပါတယ်။

♦️ စမ်းပုံစမ်းနည်းကတော့ ခွေးတွေကို Covid-19 လူနာအတွက်အနံ့ကို သင်ပြီးထားတဲ့နောက် ခွေးကိုအနံ့ခံခိုင်းပြီး အကယ်၍ ခွေးက Covid-19 #လူနာရဲ့အနံ့လိုထင်ခဲ့ရင် #ခွေးကိုထိုင်ပြခိုင်းထားပါတယ်။

🐕 ခွေးတစ်ကောင်ကို 15 ကြိမ်ကနေ 68 ကြိမ်အထိ အနံ့ခံရာမှာ သုံးခဲ့ကြပါတယ်။

♦️ ခွေးလေးကောင်က ရာနှုန်းပြည့် ရောဂါပိုးရှိသူလား မရှိသူလားခွဲခြားပြနိုင်ခဲ့ပါတယ်။

♦️ ကျန်လေးကောင်က 83 % ကနေ 93 % အထိမှန်ခဲ့ပါတယ်။ အကယ်၍ တယ်လီဗေးရှင်းရိုက်နေတဲ့ လူတွေနဲ့ အဲ့ဒီအခန်းနားကို လာခဲ့တဲ့ မြင်းတစ်ကောင်သာမရှိရင် ဒီ့ထက်ပိုပြီးတိကျနိုင်တယ်လို့ ဆိုပါတယ်။

ထူးခြားတဲ့အချက်တစ်ခုက…..

♦️ Covid-19 ရောဂါမရှိဘူးလို့ သိထားတဲ့ နမူနာနှစ်ခုကနေ ခွေးနှစ်ကောင်က Covid-19 Positive လို့ပဲ ထိုင်ပြနေတဲ့အတွက်ကြောင့် အဲ့ဒီလူတွေကို ဓာတ်ခွဲခန်း Test လုပ်ကြည့်တဲ့အခါမှာ တကယ်ပဲ COVID-19 Positive ဖြစ်နေတာ တွေ့ခဲ့ရပါတယ်။

🐕 အခုအချိန်မှာ ခွေးအကောင်အရေအတွက်များများကို ထပ်ပြီး လေ့ကျင့်ပေးနေတယ်လို့ ဆိုပါတယ်။

👉 အခုလိုအောင်မြင်ခဲ့တာကြောင့် လူများများကို ခွေးတွေသုံးပြီး Covid-19 ရောဂါရှိမရှိ ပိုပြီးလိုက်လံစမ်းသပ်နိုင်လိမ့်မယ်လို့ ယူဆရပါတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
7-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •