COVID-19 ကုသရေးဌာန (ဖောင်ကြီး)မှာ ဒီကနေ့မနက်က ကွယ်လွန်ခဲ့တဲ့ ဦးအောင်မြတ်စိုး(ခ)ဦးဖိုးအော် ရဲ့စျာပန ကျင်းပပြီးစီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19 ကုသရေးဌာန (ဖောင်ကြီး)မှာ ဒီကနေ့မနက်က ကွယ်လွန်ခဲ့တဲ့ ဦးအောင်မြတ်စိုး(ခ)ဦးဖိုးအော် ရဲ့စျာပနကျင်းပပြီးစီး

 

လှိုင် ၁ရပ်ကွက် ရွာမကျောင်းလမ်းမှာနေထိုင်တဲ့ လူနာအမှတ် ၁၄၉၁ ဟာ ဒီကနေ့မနက် ၂:၅၀​ အချိန်မှာ ကွယ်လွန် သွားခဲ့တာပါ။

ဒီကနေ့မနက် ပိုင်းမှာ ကျန်ရစ်သူ မိသားစု က သံဃာတော်တွေကို သက်ပျောက်ဆွမ်းကပ်တရားနာ ပြီးအမျှပေးဝေခဲ့တယ်လို့ သိရပါတယ်။

 

ဦးအောင်မြတ်စိုး(ခ)ဦးဖိုးအော် ရဲ့စျာပန ကို ဒီကနေ့ နေ့လည် က ဖောင်ကြီး မှာ ကောင်းမွန်စွာ သင်္ဂြိုဟ် ခဲ့
ပါတယ်။

 

အသက် (၄၅) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အမျိုးသား (Case – 1491) ဟာ  ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ နှလုံးကြွက်သားရောင်ရမ်းခြင်းကြောင့် (၁၀-၉-၂၀၂၀) ရက်နေ့၊ နံနက် (၂:၅၀) နာရီ အချိန်မှာ
ကွယ်လွန်ခဲ့တာလို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ကြေငြာ
ချက်မှာ ဖော်ပြထားပါတယ်။

 

Photo Credit – Kopho Kyaw


Spread the love
  •  
  •  
  •  
  •  
  •  
  •