COVID-19 ကူးစက်ခံရသည့် KBZ ဘဏ်ဝန်ထမ်း အမျိုးသမီး အောင်မြင်စွာမီးဖွားပြီး ကလေးတွင်လည်း ရောဂါပိုး ကင်းစင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကမ္ဘောဇဘဏ် မောင်တောဘဏ်ခွဲမှ Work From Home တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတွင် COVID-19 ရောဂါတွေ့ရှိ

ကမ္ဘောဇဘဏ်က သြဂုတ်လ ၃၁ရက်​နေ့တွင် အသိပေးထုတ်ပြန် လိုက်တဲ့ သတင်းအရ ကမ္ဘောဇဘဏ် မောင်တောဘဏ်ခွဲတွင် Work From Home (နေအိမ်တွင် နေထိုင်၍ အလုပ်လုပ်စေခြင်း အစီအစဉ်ဖြင့်) တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတွင် COVID-19 ရောဂါတွေ့ရှိကြောင်းသိရပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်သော COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုအဖြေအရ အဆိုပါ ကမ္ဘောဇဘဏ် ဝန်ထမ်းသည် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင် ဝန်ထမ်းဖြစ်သည့်အားလျော်စွာ”နေအိမ်တွင် နေထိုင်၍ အလုပ်လုပ်စေခြင်း” အစီအစဉ်အရ ဧပြီလအစပိုင်းကတည်း​က နေအိမ်တွင်နေနေခြင်းဖြစ်သည့်အတွက် ကမ္ဘောဇဘဏ်၏ customer များနှင့်သာမက အခြားဝန်ထမ်းများနှင့်ပါ ထိတွေ့ဆက်စပ်ခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ထားပါတယ်။

အခုအချိန်တွင်လက်ရှိအဆိုပါ ဝန်ထမ်းမှာ  အောင်မြင်စွာမီးဖွားပြီး ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိတယ့် အပြင် မွေးဖွားထားသော ကလေးတွင်လည်း COVID-19 ရောဂါပိုး ကင်းစင်ကြောင်း သိရပါတယ်။

သြဂုတ်လ ၃၁ရက်​နေ့ ည ၈နာရီတွင်  COVID-19 ရောဂါဓာတ်ခွဲနမူနာ ၁၇၄၁ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၉၅ဦး စံချိန်တင်တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် COVID-19ရောဂါဓာတ်ခွဲအတည်ပြုလူနာမှာ အခုအချိန်အထိ ၈၈၂ဦး ရှိ​နေပြီဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •