COVID-19 ကူးစက်နိုင်တဲ့ မျက်နှာပြင်တွေကို ဂရုစိုက်ပါ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🦠 #ဒီမျက်နှာပြင်တွေကိုဂရုစိုက်ပါ။ 🦠
—————————-
🇨🇳 တရုတ်သုသေသနပညာရှင်တွေဟာ Covid-19 လူနာတွေရဲ့ အနီးအနားမျက်နှာပြင်တွေကနေ #ပိုးရှိမရှိ swab နမူနာပေါင်း (၂၄၂ ) ခုရယူစစ်ဆေးခဲ့ပါတယ်။

ပြန်ပြောပါမယ်။ အခုစမ်းသပ်မှုဟာ Covid ရှိနေနိုင်တဲ့နေရာကို စမ်းသပ်တဲ့အတွက် Covid #လူနာတွေရှိတဲ့နေရာအနီးအနားကမျက်နှာပြင်တွေမှာ စမ်းသပ်ထားတာဖြစ်ပါတယ်။

အတတ်နိုင်ဆုံး အကြံဉာဏ်ပေးခြင်းသာဖြစ်ပြီး လိုက်နာနိုင်တာမလိုက်နာနိုင်တာက တစ်ဦးချင်းစီနဲ့ပဲ ဆိုင်ပါတယ်။

Covid-19 ကာလမှာ ခရီးသွား/အပြင်ထွက်တဲ့အခါမှာ #မဖြစ်မနေကြုံလာရမှာမို့ ရေးသားလိုက်ခြင်းဖြစ်ပါတယ်။

(၁) Toilet Bowls 🚽

အိမ်သာဝင်ရင် Toilet Bowls 🚽 ကမုတ်ပတ်ဝန်းကျင်မှာ Covid-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်အတွေ့ရများပါတယ်။

🦠 Toilet Bowls ရဲ့မျက်နှာပြင် နမူနာတွေရဲ့ ၁၆.၇ ရာနှုန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကိုတွေ့ရပါတယ်တဲ့။

🧴ဆပ်ပြာရည်ကောင်းကောင်းမှာ Bleach ထည့်ပြီးဖြစ်ဖြစ်၊ ပိုးသတ်ဆေးရည်ကောင်းကောင်းနဲ့ဖြစ်ဖြစ် ပိုးသတ်ပစ်လို့ရပါတယ်။

👉 အိမ်သာ Toilet Bowls 🚽 ကမုတ်ဟာ စမ်းသပ်သမျှမျက်နှာပြင်တွေထဲမှာ #ပိုးတွေ့တာအများဆုံးဖြစ်ပါတယ်။

 

🚨 အပြင်ထွက်လို့ အိမ်သာသွားရင် ဂရုစိုက်ကြပါ။

❌ ရှေ့လူအကျန်ရှိရင် အိမ်သာအဖုံးပိတ်ပြီးမှရေဆွဲချကြပါ။ #ရေဆွဲချချိန်မှာရေမှုန်တွေကလေထဲကိုပြန့်နှံ့နိုင်လို့ဖြစ်ပါတယ်။

▪️ကမုတ်အဖုံးမပါတဲ့အိမ်သာဆိုရင် ရှေ့လူအကျန်ရှိလျှင် ရှောင်ပါ။

▪️ အိမ်သာကမုတ်အဖုံး/ခလုတ်/ ရေပန်းတို့ကို ကိုင်ပြီးရင် လက်ကိုဆပ်ပြာနဲ့သေသေချာချာဆေးပါ။

▪️အိမ်သာတံခါးလက်ကိုင်/ချက်တွေက လည်းကူးစက်နိုင်ပါတယ်။

▪️ဘေစင်ရေပိုက်ခေါင်းက ရေအဖွင့်အပိတ်ခလုတ်တွေကို ဆပ်ပြာလက်မှာသုတ်ပြီးမှ ကိုင်ပါ။

▪️အကောင်းဆုံးက အိမ်သာထဲကထွက်လာရင် လက်ကို Alcohol 60% ပါတဲ့ လက်သန့်ဆေးရည်နဲ့ဆေးကြောပါ။

▪️လေယာဉ်နဲ့ခရီးသွားရင် တတ်နိုင်သလောက်အိမ်သာကို မဝင်ဖို့ကြိုးစားပါ။

▪️အကယ်၍ ခွက်လောင်းအိမ်သာနဲ့တိုးရင် ခွက်လက်ကိုင်ကို ဆပ်ပြာနှင့်ဆေးပါ။ မဖြစ်မနေမထွက်ခင် ရေလောင်းပြီးရင် ဆပ်ပြာနဲ့လက်ကိုပြန်ဆေးပါ။

▪️အကောင်းဆုံးက တစ်ရှုးထုပ်ဆောင်သွားပါ။ တစ်ရှုးထုပ်အပြင် လက်သန့်ဆေးရည်ဘူးသေးတွေကို မဖြစ်မနေဆောင်သွားပါ။

(ကိုယ်တိုင် မြန်မာပြည်တစ်ခွင်ခရီးလှည့်လည်လာ၍ Covid ကူးစက်မှုသာဖြစ်ရင် ဒီနေရာတွေကကူးနိုင်တာကို မြင်ခဲ့၍ သတိပေးရေးသားရခြင်း ဖြစ်ပါတယ်။)

 

(၂) ကြမ်းပြင်

🦠 ကြမ်းပြင်ကနမူနာယူထားတဲ့အထဲက ၁၂.၅ ရာနှုန်းမှာ ပိုးတွေ့ပါတယ်။

▪️နမူနာတွေထဲမှာ ဒုတိယပိုးအများဆုံးတွေ့တဲ့နေရာဖြစ်ပါတယ်။

▪️ဖြစ်ရတဲ့အကြောင်းရင်းကတော့ ချောင်းပဲဆိုးဆိုး၊ နှာပဲချေချေ၊ အသက်ပဲရှုရှု ပိုးပါတဲ့ အမှုန်တွေက လေထဲကနေ ကြမ်းပြင်ပေါ်ကို ရောက်သွားလို့ဖြစ်ပါတယ်။

▪️ဒါ့ကြောင့်ကြမ်းပြင်ကို အညစ်ပတ်ဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ပြီး ကလေးတွေကို မလှဲလျောင်းဖို့ မကစားဖို့ ပြောရတာပါ။

❌ ကြမ်းပြင်ပေါ်ကျတဲ့အစားအစာကို ကောက်စားတတ်သူများဆင်ခြင်ပါ။

▪️အပြင်သွားရင် ကလေးကိုကြမ်းပြင်ပေါ်ထိုင်ချတာ မလုပ်အောင်ဂရုစိုက်ပါ။

▪️အပြင်ကပြန်လာလို့ ဖိနပ်ချွတ်ပြီးရင် လက်ကိုအသေအချာဆပ်ပြာနဲ့ဆေးပါ။

▪️ဆေးရုံ၊ ဆေးခန်းများ၊ စားသောက်ဆိုင်နှင့် ရုံးများ တွင် ကြမ်းပြင်ကို bleach ပါသည့်ဆပ်ပြာရည်ဖြင့် ညတစ်ကြိမ် အနည်းဆုံးသန့်စင်ပေးပါ။ အကြိမ်ပိုနိုင်လေ ပိုကောင်းလေဖြစ်ပါတယ်။

(လူတွေပြုံတိုးနေတဲ့ ဘယ်အစိုးရရုံးမှ လုပ်တာမမြင်ဖူးပါ။)

(၃) ခေါင်းအုံးစွပ်များ

​🦠 ခေါင်းအုံးစွပ်တွေကနေ နမူနာယူစစ်ရာမှာ နေရာတွေရဲ့ ၄ ရာခိုင်နှုန်းမှာ ပိုးတွေ့ပါတယ်။

▪️ဆေးရုံ၊ ဆေးခန်းကို သွားပြပြီးရင် ခေါင်းကို မထိပါနဲ့။ အိမ်ရောက်လျှင် ခေါင်းလျှော်ပစ်ပါ။

▪️အကောင်းဆုံးက ဆေးရုံဆေးခန်းသွားလျှင် တစ်ခါသုံးခေါင်းစွပ်ဝတ်သွားပါ။ ခေါင်းစွပ်မရှိလျှင် ရေချိုးသည့်ပလတ်စတစ်ခေါင်းစွပ်ဝယ်သွားပါ။ ပြန်လျှော်သုံး၍ ရပါတယ်။

▪️ဆေးရုံ၊ဆေးခန်းနှင့် ဟော်တယ်များမှ သန့်ရှင်းရေးဝန်ထမ်းများအနေနဲ့ ခေါင်းအုံးစွပ်ကို လဲလှယ်ရာတွင်တခါတည်းလျှော်မည့် ခြင်းတောင်း (သို့) ပလတ်စတစ်အိတ်ထဲထည့်ပါ။

▪️တစ်ယောက်က ခေါင်းအုံးစွပ်ချွတ်လျှင်နောက်တစ်ယောက်က အသစ်လဲမှ ပိုးမကူးမှာဖြစ်ပါတယ်။

▪️ခေါင်းအုံးစွပ်များသာမက အိပ်ယာခင်း၊ စောင်များလည်း ထိုနည်းတူ #တစ်ယောက်ကအဟောင်းချွတ်၍ #ကျန်တစ်ယောက်ကအသစ်လဲလှယ်ပါ။

(အဲ့လို လုပ်တဲ့ဆေးခန်း၊ ဆေးရုံ၊ ဟော်တယ်များလိုအပ်ပါတယ်။ customer များရဲ့ယုံကြည်စိတ်ချမှု တိုးပွားစေပါတယ်။)

❌ အရေးအကြီးဆုံးက လျှော်မယ့်ပစ္စည်း အိပ်ယာခင်းစသည်တို့ကို #လေထဲမှာမဖြန့်ခါချဖို့ ဖြစ်ပါတယ်။

(၄) ကွန်ပျူတာကီးဘုတ်နှင့်မောက်စ်များ

🦠 နမူနာယူစစ်ရာမှာ နေရာတွေရဲ့ ၄ ရာခိုင်နှုန်းမှာ ပိုးတွေ့ပါတယ်။

👉 ရုံးမှာ ကွန်ပျူတာရှယ်သုံးရသူများ သတိထားကြပါ။

▪️ရှယ်သုံးသူအားလုံး လက်ခဏခဏဆေးရုံမှတပါး တခြားနည်းလမ်းမရှိပါ။

(၅) မိုဘိုင်းဖုန်းများ

🦠 ဖုန်းမျက်နှာပြင်တွေကနေ နမူနာယူစစ်ရာမှာ နေရာတွေရဲ့ ၄ ရာခိုင်နှုန်းမှာ ပိုးတွေ့ပါတယ်။

▪️သူများဖုန်းကို ယူကြည့်ခြင်း၊ ခဏယူသုံးခြင်းများ သတိထားပါ။

🦠 ခဏလေးဟာသယူကြည့်မိတာနဲ့ ပိုးကူးသွားနိုင်ပါတယ်။

▪️ရုံးမှာ ရုံးသုံးဖုန်းကို ရှယ်သုံးရလျှင် Alcohol ၆၀% ပါသည့် လက်သန့်ဆေးရည်ဖြင့် သန့်စင်ပြီးမှ ကိုင်တွယ်သုံးစွဲပါ။

▪️အခြားလေ့လာမှုတစ်ခုမှာ #ဖုန်းမျက်နှာပြင်မှာပိုးတွေ့နှုန်းဒီထက်အများကြီးပိုတာတွေ့ရပါတယ်။

👉 ဒီနေရာမှာ ထူးဆန်းတာတစ်ခုက Covid လူနာရဲ့ လက်ကနေ swab နမူနာယူပြီးစစ်ဆေးရာမှာ ၄ ရာခိုင်နှုန်းမှာ ပိုးတွေ့ပါတယ်။

👉 သဘောက Covid လူနာရဲ့ လက်နဲ့ ကျန်မျက်နှာပြင်တွေဟာ ပိုးတွေ့နှုန်းအတူတူဖြစ်နေပါတယ်။

လက်မှာ ၄ % ရှိရင် ကျန်နေရာတွေကို ၄% ပြန့်သွားမယ်လို့ တစ်နည်းကောက်ချက်ယူနိုင်ပါတယ်။

ဒါကြောင့် လက်ခဏခဏ ဆေးပေးခြင်းဖြင့် မိမိရဲ့အသက်ကို ကာကွယ်ရာရောက်သလို မိမိမှာ ပိုးရှိနေရင် လက်ခဏခဏဆေးခြင်းဖြင့် သူများအသက်ကို ကာကွယ်ခြင်း #ဇီဝိတဒါနလုပ်ရာရောက်ပါတယ်။

 

(၆) အခြားမျက်နှာပြင်များ

🦠 အဲ့ဒီမှာ စားပွဲမျက်နှာပြင်စတဲ့ အခြားမျက်နှာပြင်တွေကနေ နမူနာယူစစ်ဆေးရာမှာလည်း နမူနာယူစစ်တဲ့နေရာတွေရဲ့ ၄ ရာခိုင်နှုန်းမှာ ပိုးတွေ့ပါတယ်။

▪️သဘောက လက်မှာ ၄ % ရှိရင် အခြားနေရာတွေမှာ ၄ % ရှိနိုင်ပါတယ်။

▪️အဲ့ဒီနေရာတွေထဲက ကျန်းမာရေးဝန်ထမ်းတွေ #ထိတွေ့လေ့ရှိတဲ့ မျက်နှာပြင်တွေကို စစ်ဆေးကြည့်ရာမှာ ၂.၆ ရာနှုန်းမှာ ပိုးတွေ့ပါတယ်။

🦠 အခြားပိုးတွေ့နိုင်ခြေအများဆုံးမျက်နှာပြင်တွေကတော့ …..

▪️မီးခလုတ်များ၊ (လူတိုင်းထိတွေ့နေတဲ့နေရာ)

▪️တံခါးလက်ကိုင်ဘုများ (အခန်းထဲဝင်ရင်မဖြစ်မနေလူတိုင်း လက်နဲ့ထိတွေ့တဲ့နေရာပါ။)

▪️စားသောက်ဆိုင်က အပိုထားပေးတဲ့ ဟင်းကို ကိုယ်တိုင်ခပ်ဇွန်းများ၊

▪️ဘက်စကားလက်ကိုင်ကွင်းများ၊

▪️ကားတံခါးလက်ကိုင်များ၊

စတဲ့နေရာများကို ထိတွေ့ပြီးရင်လည်း လက်ကိုပြန်ပိုးသန့်ဖြစ်ဖို့လိုပါတယ်။

မျက်နှာပြင်တွေအပေါ်ပိုးကျရောက်မှုနည်းဖို့ … သုသေသနအဖွဲ့ကအကြံပေးတာတော့ ….

▪️အပြင်သွားရင် Mask တပ်ပါ။

▪️လက်ခဏခဏဆေးပါ။

▪️မလိုအပ်ပဲအပြင်ကို လုံးဝမထွက်ပါနဲ့တဲ့။

🚨 နောက်ပြီးတော့ မှတ်သားစရာက …

“#ငါ့တော့လုံးဝပိုးမကူးဘူး၊ #ငါ့အိမ်ကိုပိုးလုံးဝမသယ်ယူသွားဘူးလို့ မထင်ထားပါနဲ့တဲ့။”

🦠 သတိမရှိပဲ စည်းကမ်းမလိုက်နာရင် Covid ပိုးက သင့်အနားမှာမဝေးပါတဲ့ခင်ဗျား။🦠

အထက်ကပြောပြခဲ့တဲ့ မျက်နှာပြင်များအားလုံးကို မကြာခဏ #သေချာသန့်စင်အောင်ပြုလုပ်ကြပါ။

Richard Myo Thant
10-September-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •