COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ သတင်းသမား သုံးဦး ရှိပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ သတင်းသမား သုံးဦး ရှိပြီ

 

ရန်ကုန်မြို့အခြေစိုက် ဧရာဝတီသတင်းဌာနရဲ့ Life Style ဌာနမှာ ရုပ်သံသတင်းထောက် အဖြစ် လုပ်ကိုင်နေတဲ့ ဝန်ထမ်းတစ်ဦးမှာ COVID-19 positive တွေ့တယ်လို့ ဧရာဝတီသတင်းဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

အခုလ ၁၄ ရက်နေ့က ရန်ကုန်အခြေစိုက် News Watch Online TV သတင်းဌာနက သတင်းသမားတစ်ဦးလည်း ပိုးကူးစက်ခံထားရပြီး နေပြည်တော်မှာ ကုမုဒြာသတင်းဌာနက သတင်းသမားတစ်ဦး မှာလည်းCOVID-19 ပိုးတွေ့ရှိ
ထားခဲ့တာပါ။

ဧရာဝတီ သတင်းဌာနကတော့ ပိုးတွေ့ရှိတဲ့ဝန်ထမ်းနှင့်ထိတွေ့ဆက်ဆံမိသော ပုဂ္ဂိုလ်များ၊ ဝန်ထမ်းများကိုလည်း ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးမှုခံယူရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း နေထိုင်သွားစေမှာဖြစ်တယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •