COVID-19 ရောဂါကာကွယ် ဆေး မပေါ်မချင်း ကျောင်းတွေပြန်မဖွင့်ဘူးလို့ ဖိလစ်ပိုင်သမ္မတ ဒူတာဒေး ပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဖိလစ်ပိုင်သမ္မတ ဒူတာဒေးက COVID-19 ရောဂါကာကွယ် ဆေး မပေါ်မချင်း ကလေးတွေကို ကျောင်းသွားခိုင်းတာမျိုး ခွင့်မပြုဘူးလို့ ပြောကြားလိုက်ပါတယ်။ ဒါကြောင့်ဖိလစ်ပိုင် က စာသင်ကျောင်းတွေ ဘယ်တော့ ပြန်ဖွင့်မလဲဆိုတာ မပြောနိုင်သေးပါဘူး။ COVID-19 ကာကွယ်ဆေး ရဖို့ ကတော့ အချိန် အတိုင်းအတာတခုအထိ ကြာဦးမှာ ဖြစ်ပါတယ်။

COVID-19 ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ မတ်လကစတင်ပြီး မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကို ပိတ်ထားခဲ့ပြီး ကျောင်းသားတွေကို သြဂုတ်လကုန်ပိုင်းလောက်မှာ ကျောင်းပြန်တက်ဖို့ မူလက စီစဉ်ထားခဲ့တာပါ။

ဒါပေမဲ့ ဒူတာဒေး မေလ ၂၅ ရက်နေ့က ပြောတဲ့မိန့်ခွန်းမှာ ကျောင်းတွေ ပိတ်ထားရတာကြောင့်ကလေးတွေရဲ့ပညာရေးကို ထိခိုက်နိုင်ပေမယ့် ကျောင်းပြန်တက်ခိုင်းရမှာကတော့အန္တရာယ်များတယ်လို့ ပြောကြားခဲ့ပါတယ်။

ပုံမှန်အားဖြင့် ဖိလစ်ပိုင်က အစိုးရ စာသင်ကျောင်းတွေကို ဇွန်လကနေ ဧပြီလအထိ ဖွင့်လေ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း COVID-19 ကြောင့် ကျောင်းဖွင့်ရက်တွေကိုနောက်ဆုတ် ထားပြီး အခြေခံပညာကျောင်းတွေကို အထက်တန်းဆင့် (၂၁-၇-၂၀၂၀) ၊အလယ်တန်းဆင့် (၄-၈-၂၀၂၀)နဲ့ မူလတန်းဆင့် ကို (၁၁-၈-၂၀၂၀)ရက်နေ.တွေမှာပြန်လည်ဖွင့်လှစ်ဖို့စီစဥ်ထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •