Covid-19 ရောဂါကုသရေးဌာန (မန္တလေး)၊ ဧရာဝတီစင်တာအတွက် ဆရာဝန်၊ သူနာပြု ၊အင်ဂျင်နီယာနှင့် M&E စေတနာ့ဝန်ထမ်းများ ဖိတ်ခေါ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမြို့တွင် HDU နှင့် Oxygen Therapy ကုတင်(၁၀၀) ပါဝင်သည့် ကုတင်(၃၀၀)ဆံ့ Covid-19 ရောဂါကုသရေးဌာန (မန္တလေး)၊ ဧရာဝတီစင်တာကို တည်ဆောက်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ရာ ကုသရေးအတွက် ဆရာဝန်၊ သူနာပြု စေတနာ့ဝန်ထမ်းများ၊ ပြုပြင်ထိန်းသိမ်းရန်အတွက် အင်ဂျင်နီယာနှင့် M&E စေတနာ့ဝန်ထမ်းများ၊ လူနာများကို ပြုစုစောင့်ရှောက်ရန်နှင့် စီမံခန့်ခွဲရေးကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် မန္တလေးမြို့မှ စေတနာ့ဝန်ထမ်းများကို ဧရာဝတီဖောင်ဒေးရှင်းမှ ဖိတ်ခေါ်အပ်ပါသည်။

တာဝန်ထမ်းဆောင်ကြမည့် စေတနာ့ဝန်ထမ်းများ၏ စားသောက်ရေး၊ နေထိုင်ရေးနှင့် လိုအပ်သော ကာကွယ်ရေးပစ္စည်းများ (PPE ဝတ်စုံများ၊ နှာခေါင်းစည်းများ၊ အခြားလိုအပ်ချက်များ)ကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူဆောင်ရွက်ပေးမည် ဖြစ်ပြီး တာဝန်ထမ်းဆောင်မည့် သူများကို စေတနာ့ဝန်ထမ်းဆင့်ပွား အသိပညာများကို ပို့ချပေးမည် ဖြစ်ပါသည်။

စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ရက်သတ္တပတ် အနည်းဆုံး (၄)ပတ်မှ အများဆုံး (၆)ပတ်အထိ ကြာမြင့်မည်ဖြစ်ပါသည်။ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရမည့် ကာလသည် လုပ်ငန်းတာဝန်ထမ်းဆောင်ပြီး၍ စောင့်ကြည့် (Quarantine) ကာလအထိ ပါရှိပြီး ဧရာဝတီဖောင်ဒေးရှင်းမှ အပြည့်အဝ တာဝန်ယူပေးမည်ဖြစ်ပါသည်။

သတ်မှတ်ချက်များ

• အသက် (၂၀)နှစ်မှ (၃၅)နှစ်အတွင်း
• နာတာရှည်ရောဂါအခံမရှိသူ
• ကျန်းမာရေးအထူးကောင်းမွန်သူ
• ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူ
• ဆေးလိပ်၊ အရက်သေစာမသောက်သုံးသူ
• သတ်မှတ်ထားသော ညွှန်ကြားချက်များကို အတိအကျလိုက်နာနိုင်သူ
• နိုးကြားတက်ကြွသူ
• လူနာများကို လေးစားဂရုစိုက်နိုင်သူ
• သတ်မှတ်ထားသောနေရာတွင် သတ်မှတ်ထားသော အချိန်အတိုင်း အတိအကျ အပြည့်အဝ နေထိုင်နိုင်သူ
• မန္တလေးမြို့တွင် နေထိုင်သူ

လျှောက်ထားရန်

စေတနာ့ဝန်ထမ်းလျှောက်ထားရန် စိတ်ပါဝင်စားသူများသည် မိမိသဘောဖြင့် ပါဝင်ဆောင်ရွက်လိုကြောင်းကို အောက်ပါ link တွင် ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ပြီး နိုဝင်ဘာလ (၇)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
https://bit.ly/2JlNU4I

စေတနာ့ဝန်ထမ်းရွေးချယ်ခံရသူများကို ပြန်လည်ဆက်သွယ်သွားမည်ဖြစ်ပါသည်။ အသေးစိတ် ဆက်သွယ်မေးမြန်လိုပါက Hotline နံပါတ် 014705555 (Ext-5020) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စီမံအုပ်ချုပ်မှုအဖွဲ့
Covid-19 ရောဂါကုသရေးဌာန(မန္တလေး)
ဧရာဝတီစင်တာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


Spread the love
  •  
  •  
  •  
  •  
  •  
  •