Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ)၊ ဧရာဝတီစင်တာတွင် ထမ်းဆောင်ရန်စေတနာ့၀န်ထမ်းများဖိတ်ခေါ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ယာယီဖွင့်လှစ် ထားရှိသည့် Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ)၊ ဧရာဝတီစင်တာတွင် ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွင် မိမိဆန္ဒအလျောက် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ ဖိတ်ခေါ်လျက်ရှိပါသည်။

တာဝန်ထမ်းဆောင်ကြမည့် စေတနာ့ဝန်ထမ်းများ၏ စားသောက်ရေး၊ နေထိုင်ရေးနှင့် လိုအပ်သော ကာကွယ်ရေးပစ္စည်းများ (PPE ဝတ်စုံများ၊ နှာခေါင်းစည်းများ၊ အခြားလိုအပ်ချက်များ) ကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ စေတနာ့ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်းဆင့်ပွား အသိပညာများကို ပို့ချပေးမည် ဖြစ်ပါသည်။

စေတနာ့ဝန်ထမ်းများသည် ယာယီကုသရေးစင်တာအတွင်းရှိ လူနာများကို ကြိုဆိုနေရာချထားပေးခြင်း၊ လူနာများ၏ ဝေယျာဝစ္စလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများ၊ ကုသရေး လုပ်ငန်းစဉ်တစ်လျှောက် လိုအပ်ချက်များကို ကူညီလုပ်ဆောင်ပေးရန် လိုအပ်ပါသည်။ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ရက်သတ္တပတ် အနည်းဆုံး (၄)ပတ်မှ အများဆုံး (၆)ပတ်အထိ ကြာမြင့်မည်ဖြစ်ပါသည်။ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရမည့် ကာလသည် လုပ်ငန်းတာဝန်ထမ်းဆောင်ပြီး၍ စောင့်ကြည့် (Quarantine) ကာလအထိ ပါရှိပြီး ဧရာဝတီဖောင်ဒေးရှင်းမှ အပြည့်အဝ တာဝန်ယူပေးမည်ဖြစ်ပါသည်။

သတ်မှတ်ချက်များ
• အသက် (၂၀) နှစ်မှ (၃၅) နှစ်အတွင်း
• နာတာရှည်ရောဂါအခံမရှိသူ
• ကျန်းမာရေးအထူးကောင်းမွန်သူ
• ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူ
• ဆေးလိပ်၊ အရက်သေစာမသောက်သုံးသူ
• သတ်မှတ်ထားသော ညွှန်ကြားချက်များကို အတိအကျလိုက်နာနိုင်သူ
• နိုးကြားတက်ကြွသူ
• လူနာများကို လေးစားဂရုစိုက်နိုင်သူ
• သတ်မှတ်ထားသောနေရာတွင် သတ်မှတ်ထားသော အချိန်အတိုင်း အတိအကျ အပြည့်အဝ နေထိုင်နိုင်သူ

လျှောက်ထားရန်
စေတနာ့ဝန်ထမ်းလျှောက်ထားရန် စိတ်ပါဝင်စားသူများသည် မိမိ၏ ကိုယ်ရေးအချက်အလက်များနှင့် မိမိသဘောဖြင့် ပါဝင်ဆောင်ရွက်လိုကြောင်းကို ကိုယ်ရေးအချက်အလက်များကို အောက်ပါ link တွင် ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။

https://forms.office.com/Pages/ResponsePage.aspx?id=LhXcJEI26Uq-jduwqcfsHcO5DUWSIbJNsiWovDFLXGVUQ1lIMzlMUVZMM1pZSkpPWk9ZN1NWWFVGTC4u

စေတနာ့ဝန်ထမ်းရွေးချယ်ခံရသူများကို ပြန်လည်ဆက်သွယ်သွားမည်ဖြစ်ပါသည်။ အသေးစိတ် ဆက်သွယ်မေးမြန်လိုပါက 09 78 5114511 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စီမံအုပ်ချုပ်မှုအဖွဲ့
Covid-19 ရောဂါကုသရေးဌာန(သုဝဏ္ဏ)
ဧရာဝတီစင်တာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


Spread the love
  •  
  •  
  •  
  •  
  •  
  •