COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့် ရဲအုပ်နှင့်အတူ သင်တန်းတက်နေသည့် သင်တန်းသား (၁၀၁)ဦးနှင့် သင်တန်းဆရာများအား ဓာတ်ခွဲနမူနာ ရယူစစ်ဆေးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့် ရဲအုပ်နှင့်အတူ သင်တန်းတက်နေသည့် သင်တန်းသား (၁၀၁)ဦးနှင့် သင်တန်းဆရာများအား ဓာတ်ခွဲနမူနာ ရယူစစ်ဆေးမည်

 

ရခိုင်ပြည်နယ်မှ မန္တလေးမြို့သို့ လာရောက်ကာ ရဲအရာရှိအတတ်သင်ကျောင်း၌ စခန်းမှူးသင်တန်း တက်ရောက်နေစဉ် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည့် ရဲအုပ်နှင့်အတူ သင်တန်းတက်နေသည့် အခြားရဲအရာရှိ သင်တန်းသား (၁၀၁)ဦးနှင့် သင်တန်းဆရာများအား ယနေ့(သြဂုတ် ၂၈)တွင် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

 

COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည့် ရဲအုပ်သည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ရဲအရာရှိအတတ်သင်ကျောင်း၌ သင်ကြားပို့ချနေသည့် စခန်းမှူးသင်တန်းသို့ သြဂုတ်(၂၄)ရက်မှ စတင်ကာ သုံးရက် တက်ရောက်ပြီး ဖြစ်သည်။ လက်ရှိတွင် COVID-19 ပိုးတွေ့သည့် ရဲအုပ်သည် မန္တလေးမြို့၊ ၆၂ လမ်းရှိ ကန်တော်နဒီဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။
KH
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •