COVID-19 ရောဂါပိုး ရှိ/မရှိ မန္တလေးမြို့တွင် စစ်ဆေးပေးနိုင်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19 ရောဂါပိုး ရှိ/ မရှိ ဓာတ်ခွဲစစ်ဆေးပေးမည့်စက် မန္တလေးမြို့သို့ ရောက်ရှိပြီးဖြစ်ရာ မေလ ၂၇ ရက်မှ စတင်၍ ဓာတ်ခွဲစစ်ဆေးပေးနိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ထံမှ သိရသည်။

အဆိုပါစက်ကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၃၅လမ်း၊ ၆၄လမ်းနှင့် ၆၆လမ်းကြားရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး)တွင် ထားရှိဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးနှင့် အခြားဒေသများမှ ပိုးစစ်ဆေးရန် လူနာ၏ ဓာတ်ခွဲနမူနာများကို ရန်ကုန်သို့ ပို့ဆောင် ပေးနေရသဖြင့် အချိန်ပေးရကြောင်း၊ မန္တလေးမြို့တွင် စစ်ဆေးနိုင်ပါက အထက်မြန်မာပြည်အတွက် အချိန်နှင့်အမျှ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးမည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း သင်တန်းပေးထားပြီးဖြစ်ကြောင်း သိရသည်။

 


#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •