COVID-19 ရောဂါအကူးခံရပြီးရင် ကိုယ်ခံအား (immunity)ရရှိတယ်ဆိုပေမယ့်ကြာကြာမခံဘူးလို့ သုသေသနနှစ်ခုကဆို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

COVID-19 ရောဂါအကူးခံရပြီးရင် ကိုယ်ခံအား (immunity)ရရှိတယ်ဆိုပေမယ့်ကြာကြာမခံဘူးလို့ သုသေသနနှစ်ခုက ဆိုပါတယ်။

▪️ပထမသုသေသနက ဝူဟန်မှာလုပ်ခဲ့တာပါ။

ဝူဟန်ရှိ Covid အကူးခံခဲ့ရတဲ့ လူနာပေါင်း 1500 ရဲ့ သွေးထဲက ရောဂါကာကွယ်သောပဋိပစ္စည်း (antibody) ကိုလေ့လာပါတယ်။

အဲ့ဒီ လူ 1500 ရဲ့ ပဋိပစ္စည်းတွေကို လူသုံးမျိုးရဲ့ ပဋိပစ္စည်းနဲ့တွဲပြီးလေ့လာပါတယ်။ အဲ့ဒီလူသုံးမျိုးကတော့….

၁။ ယေဘူယျလူ 20000 ရဲ့ပဋိပစ္စည်း၊

၂။Covid-19 မဟုတ်ပဲ ဆေးရုံတက်ခဲ့ရတဲ့ လူနာ 1600 ရဲ့ ပဋိပစ္စည်းနဲ့

၃။ Covid အကူးခံထားရတယ်လို့ ယူဆထားခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း 3800 တို့ဖြစ်ပါတယ်။

♦️ အဲ့လို ပဋိပစ္စည်းတွေ ပူးတွဲလေ့လာရာမှာ Covid-19 #ရောဂါဖြစ်ခဲ့တဲ့လူနာ 10 ယောက်မှာ 1ယောက်ဟာ #ရောဂါသက်သာလာပြီးရက်သတ္တပတ်အနည်းငယ်အကြာမှာ Covid ကိုယ်ခံအားပျောက်သွားတာတွေ့ခဲ့ရပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေရဲ့ 5 ရာနှုန်းမှာပဲ Covid ကိုယ်ခံအားကို တွေ့ရပါတယ်။

ကျန်အခြားရောဂါနဲ့ဆေးရုံတက်ခဲ့သူလူနာတွေထဲမှာ 1 – 5 ရာနှုန်းပဲ Covid ကိုယ်ခံအားကိုတွေ့ရပါတယ်။

ဒီတွေ့ရှိချက်အရ #Covidကိုယ်ခံအားဟာကြာကြာမခံဘူးလို့ သုသေသနပညာရှင်တွေက ကောက်ချက်ချကြပါတယ်။

▪️ဒုတိယသုသေသနကတော့ တရုတ်ပြည် ဝမ်ကျိုးမှာ February လတုန်းကပြုလုပ်တာဖြစ်ပါတယ်။

​Covid ရောဂါပိုးရှိပြီး လက္ခဏာမပြတဲ့ လူ 37 ယောက်နဲ့ Covid ရောဂါပိုပြင်းထန်တဲ့ လူ 37 ယောက်ကို နှိုင်းယှဉ်လေ့လာကြည့်ခဲ့ပါတယ်။

​👉 Covid ရောဂါပိုးရှိပြီး လက္ခဏာမပြတဲ့ လူ 37 ယောက်မှာ 15 ယောက်က 2 လ 3 လ ကြာတာနဲ့ Covid ကိုယ်ခံအားပျောက်သွားတာတွေ့ရပါတယ်။

👉 Covid ရောဂါပိုပြင်းထန်တဲ့ လူ 37 ယောက်မှာတော့ 13 ရာနှုန်းမှာ အဲ့လိုဖြစ်ပါတယ်။

အခုလေ့လာတွေ့ရှိချက်နှစ်ခုတည်းနဲ့တော့ Covid ကိုယ်ခံအားဟာ ပျောက်လွယ်တယ်လို့ ပြောလို့မရသေးပါဘူး။ လေ့လာမှုတွေပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ရမှာဖြစ်ပါတယ်။

ကာကွယ်ဆေးထုတ်ရာမှာလည်း အခုတွေ့ရှိချက်တွေကို ထည့်စဉ်းစားရမှာဖြစ်ပါတယ်။

Covid ကြောင့် စီးပွားရေးဆုံးရှုံးမှုတွေကို ကျနော့်ခရီးစဉ်တစ်လျှောက်ကြားရပါတယ်။

ကျနော်တို့အနေနဲ့ ကာကွယ်ဆေးတစ်ခုတည်းကို အရဲမကိုးပဲ အချိုးတွေတကယ့်ကို ပြင်မှရတော့မလား တွေးနေမိပါတယ်။

ဘာပဲပြောပြောလူသားကတော့ ဒီရောဂါကို ကမ္ဘာမြေပေါ်က ကင်းစင်ပပျောက်အောင် မရရအောင်ကြိုးစားမှာပါ။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
24-June-2019


Spread the love
  •  
  •  
  •  
  •  
  •  
  •