COVID-19 ရောဂါ ကာကွယ်ရေးအတွက် စစ်ဆေးစဉ် မောင်းတံအား ဆိုင်ကယ်ဖြင့်တိုက်ပြီးအုပ်ချုပ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များကို ဓါးဖြင့် ရန်ပြုသူအား ပစ်ခတ်ဖမ်းဆီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19 ရောဂါ ကာကွယ်ရေးအတွက် စစ်ဆေးစဉ် မောင်းတံအား ဆိုင်ကယ်ဖြင့်တိုက်ခြင်း၊ အုပ်ချုပ်ရေးအဖွဲ့များအား သံခုံဖြင့်ရိုက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များအပေါ် ခဲများဖြင့်ပစ်ပေါက်ခြင်း၊ ဓါးဖြင့် ရန်ပြုခြင်း ပြုလုပ်သူအား ပစ်ခတ်ဖမ်းဆီး

ပုသိမ်ကြီးမြို့နယ်၊ သလဲကုန်းကျေး ရွာမူလတန်းကျောင်းတောင်ဘက်ထိပ်၊ မောင်းတံဂိတ်၌ ၈-၁၂-၂၀၂၀ ရက်နေ့ ညနေ ၃ နာရီအချိန်က သလဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် စိစစ်ဆောင်ရွက်နေစဉ် မောင်ဌေး ၄၂ နှစ်၊ တောင်သူ၊ သလဲကုန်း ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူမှာ စစ်ဆေးမခံဘဲ မောင်းတံအား ဆိုင်ကယ်ဖြင့် ဝင်တိုက်ကာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အား ညစ်ညမ်းစွာဆဲဆိုပြီး သံခုံဖြင့် ဝင်ရောက်ရိုက်နှက်ခဲ့သဖြင့် ကျေးရွာ အဖွဲ့ဝင် ၂ ဦးတို့ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း အုန်းချောနယ်မြေရဲစခန်းသို့ လာရောက် အကြောင်းကြားခဲ့ရာ ညနေ ၅ နာရီခွဲအချိန် အုန်းချောနယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ သလဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မောင်ဌေး၏နေအိမ်သို့ သွားရောက်ပြီး ၎င်းအား ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်လာရန် ပြောကြားစဉ် မောင်ဌေးမှ ခဲများဖြင့်ထုခြင်း၊ ညစ်ညမ်းစွာဆဲဆိုခြင်းများ ပြုလုပ်ကာ နေအိမ်ရှိ အရိုးအသွား ၁ ပေခွဲခန့်ရှိ ငှက်ကြီးတောင်ဓားဖြင့် ပြေးဝင်ခုတ်ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးတွင် ပြတ်ရှ၊ ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သည်။

မောင်ဌေးက ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ထပ်မံခုတ်မည်ပြုသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ MA-13 သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ရာ ဝဲဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ဝမ်းဗိုက် ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်နောက်ကျော ခါးဖောက်ဝင်ဒဏ်ရာ ၁ ချက် များဖြင့် ဖမ်းဆီးရမိခဲ့ပြီး အုန်းချောနယ်မြေရဲစခန်း (ပ)၂၇၂/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/ ၃၀(က) အရလည်းကောင်း၊ အုန်းချောနယ်မြေရဲစခန်း(ပ)၂၇၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၂/၃၀၇ အရလည်းကောင်း အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •