COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ အောင်လအန်ဆန်းထပ်မံစစ်ဆေးရာမှာ ပိုးမတွေ့တော့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ အောင်လအန်ဆန်းထပ်မံစစ်ဆေးရာမှာ ပိုးမတွေ့တော့

မြန်မာနိုင်ငံသား MMA ချန်ပီယံဖြစ်သူ အောင်လအန်ဆန်းသည် အဖျားအနည်းငယ်ရှိသည့်အတွက် ရောဂါ စစ်ဆေးကြည့်သည့်အခါ ကိုရိုနာဗိုင်းရက်စ် ကူးစက်ခံနေရကြောင်း ဆေးအဖြေထွက်ရှိခဲ့သည့်အတွက် သူ့မိသားစုနှင့်အတူ အိမ်မှာ၁၄ ရက်ကြာ နေထိုင်ပြီး စောင့်ကြည့် ကုသမှုခံယူခဲ့ရတာပါ။

အခု သူရဲ့တရားဝင် Facebook စာမျက်နှာမှာ ရောဂါကင်းစင်ပြီဖြစ်ကြောင်းအခုလို ဖော်ပြထားပါတယ်။

” အားလုံးကိုသတင်းကောင်းတခုပြောပြချင်ပါတယ်။
လွန်ခဲ့တဲ့စနေနေ့ကစစ်ဆေးထားတဲ့ကျွန်တော်ရဲ့ကိုဗစ်-၁၉ဗိုင်းရပ်စ်စစ်ဆေးချက်အဖြေအရ၊ကျွန်တော်ရောဂါကင်းစင်သွားပါပြီ!။

အခုကျွန်တော်အရင်ကလိုပဲလေ့ကျင့်မှုတွေ၊လုပ်ငန်းဆောင်တာတွေကိုပုံမှန်ပြန်လည်လုပ်ဆောင်သွားတော့မှာပါ။
ကျွန်တော်တို့အားလုံးလဲဒီအိပ်မက်ဆိုးကိုမကြာခင်ကျော်
လွှားနိုင်တော့မှာပါ။

Good news guys, Saturday coronavirus test result came back negative! We are back in business. We are going to get over this nightmare soon.”

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •