Covid-19 ဟာ ဘယ်လောက်ကူးစက်လွယ်သလဲ⁉️

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Covid-19 ဟာ ဘယ်လောက်ကူးစက်လွယ်သလဲ⁉️

Covid ဟာ ဘယ်လောက်ကူးစက်လွယ်သလဲခဏခဏမေးကြလို့ ဟောင်ကောင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကို နမူနာတင်ပြပါ့မယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ဟောင်ကောင်မှာ လူနေအိမ်ရာတစ်ခုကနေ လူပေါင်းများစွာရွှေ့ပြောင်းခဲ့ရပါတယ်။

ဟောင်ကောင်ရဲ့ Sha Tin ဒိစတြိတ်ရှိ Lek Yuen Estate မှာ ဖြစ်ခဲ့တာပါ။

အဲ့ဒီအိမ်ရာမှာ Covid ဘယ်လိုကူးစက်ပြန့်နှံ့ခဲ့သလဲကို သေချာအဖြေရှာမရဖြစ်ခဲ့ပါတယ်။

 

ဟောင်ကောင်တက္ကသိုလ်က ပါမောက္ခဒေါက်တာ Yuen Kwok Yung ပြန်ပြောသမျှကို ဖော်ပြလိုက်ပါတယ်။

သူပြောတဲ့အထဲမှာ တိုက်ခန်းတွေတည်နေပုံကို လုံးဝမရှင်းလင်းပါ။

အဲ့ဒီအိမ်ရာရဲ့ တိုက်နံပါတ် ၁၂ ရှိ အိမ်ခန်း ၃ ခန်းက လူ ငါးယောက်နဲ့ တိုက်နံပါတ် ၁၀ က လူတစ်ယောက်မှာ တွေ့ခဲ့တာပါ။

အဲ့ဒီ လူနေတိုက်ခန်းတွဲတွေထဲက အသက် ၃၄ နှစ်အရွယ်အမျိုးသမီးတစ်ယောက်မှာ Covid စတွေ့ပါတယ်။ သူက patient zero ပါ။

အဲ့ဒီအသက် ၃၄ နှစ်အမျိုးသမီးနေတဲ့ တိုက်ခန်းရဲ့အပေါ် ထပ်က အလွှာ ၈ မှာနေတဲ့ အထပ်တူပြီး အိမ်နံပါတ် မတူညီတဲ့ တိုက်ခန်းနံပါတ်နှစ်ခုက လူ ၂ ယောက်မှာ Covid ထပ်ဖြစ်ပါတယ်။

အောက်ထပ်က အသက် ၃၄ နှစ်အမျိုးသမီးဆီကနေ အပေါ်ထပ်က အိမ်နှစ်အိမ်ကို ရောဂါကူးစက်စရာက အဲ့ဒီအမျိုးသမီးက ဟင်းချက်ရင်း exhaust fan လို့ခေါ်တဲ့ အညှော်ထုတ်တဲ့ ပန်ကာကနေ မှုတ်ထုတ်တဲ့ လေတွေကနေ ကူးစက်တယ်လို့ ယူဆပါတယ်။

ပါမောက္ခဒေါက်တာ Yuen Kwok Yung က အိမ်သာပိုက်ကနေ ကူးမကူးစတာတွေကို အကုန်လိုက်စစ်ပါသတဲ့။

သူက microbiology ပါမောက္ခဖြစ်ပြီး ဟောင်ကောင်ရဲ့ကူးစက်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့ထဲမှာပါပါတယ်။

အောက်ထပ်ကနေ အပေါ်ထပ်က အိမ်ခန်းနှစ်ခန်းကို ကူးသွားဖို့ တစ်ခုတည်းသောဖြစ်နိုင်ခြေက မီးဖိုချောင်က kitchen exhaust fan ကနေ အဲ့ဒီအမျိုးသမီး ဟင်းချက်နေချိန် သူ့ဆီကလေက ပြင်ပကိုရောက်သွားမယ်။ လေကပူနေတော့ အပေါ်ကိုတက်မယ်။ တိုက်ပြင်ပကလေက တိုက်ခန်းဖက်တိုက်နေတော့ အပေါ်ထပ်ကို ကူးသွားတာ ဖြစ်နိုင်ပါသတဲ့။

အဲ့ဒီကိစ္စမှာ အဲ့ဒီရောဂါစဖြစ်တဲ့အမျိုးသမီးဟာ တိုက်ခန်းအပြင်ထွက်မထွက်ထည့်မပြောထားပါဘူး။

အကယ်လို့ Home quarantine ဝင်နေလို့ အိမ်အပြင်မထွက်ပဲ အပေါ်ထပ်ကလူတွေကိုကူးစက်ခဲ့ရင် ပါမောက္ခ Yuen ပြောသလို မီးဖိုချောင်က လေထုတ်တဲ့ပန်ကာက ကူးဖို့များပါတယ်။

ကျနော်ကတော့ အဲ့ဒီယူဆချက်ကို အခုထိလုံးဝဘဝင်မကျသေးပါ။

ဓာတ်လှေခါးခလုတ်တွေကနေဖြစ်ဖြစ်၊ လှေခါးလက်ရမ်းတွေကဖြစ်ဖြစ် ကူးစက်တာပိုဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

ဘာပဲဖြစ်ဖြစ် Covid က #ကူးစက်ဖို့လွယ်တာသိရအောင်အားလုံးကို ပြန်မျှဝေတာဖြစ်ပါတယ်။

▪️ဓာတ်လှေခါးသုံးရင် mask တပ်ကြပါ။ ခဏလေးအမှိုက်ထွက်ပစ်တာဆိုပြီး mask မတပ်လို့မရပါ။

▪️ဓာတ်လှေခါးပဲသုံးသုံး။ အငှားကားပဲငှားစီးစီး #တံခါးလက်ကိုင်တွေ #ခလုတ်တွေက အင်မတန်ကူးစက်လွယ်တဲ့နေရာတွေဖြစ်ပါတယ်။

▪️ရုံးမှာလည်း အများသုံးမီးခလုတ်တွေ၊ အိမ်သာပိုက်ခေါင်းတွေ၊ ခွက်တွေ၊ တံခါးလက်ကိုင်တွေ၊ ဘုတွေက ကူးစက်အလွယ်ဆုံးဖြစ်ပါတယ်။

အခုလေးတင်ပဲ ကျနော့်အသိတစ်ယောက်က ဖုန်းဆက်ပြီး ဘယ်သူတော့ဖြင့် Covid positive ဖြစ်လို့ ပြောချိန်မှာ ကျနော့်အသိထဲကတောင်ပါလာတာကို သတိပြုမိပါတယ်။

🚨 ဘယ်သူတော့ပါသွားပြီလို့ပြောတဲ့အချိန်မှာ အချိန်မရွေးအထုပ်ပြင်ချိန်မရပဲ ပါသွားနိုင်တာကို သတိပြုမိလိုက်ပါတယ်။

Covid ဟာ ကျနော်တို့နိုင်ငံထဲကို တကယ်ကို ဝင်မွှေနေပါပြီ။ ကျနော်တို့ပြည်တွင်းကို ဝင်ခဲ့ပြီဆိုတာနဲ့ #စည်းကမ်းရှိစွာနေထိုင်ခြင်းနဲ့ #အချိန်မီထိန်းမှရပါတော့မယ်။

မြန်မာပြည်ဟာ Covid ပဲပြီးသလိုလိုနဲ့ Covid ကို #အထင်သေးခဲ့သမျှ Covid က သက်ညှာပေးမှာမဟုတ်ပါဘူး။

တစ်ချိန်တုန်းက ဟောင်ကောင်ကဟော်တယ်တစ်ခုမှာ SARS ကူးပြီးလူတွေသေကြတာကို ကျနော်ရေးဖူးပါတယ်။ အောက်က လင့်မှာ ဖတ်ပါ။

https://www.facebook.com/100000543557502/posts/3285301478164605/?extid=wOZ7mOYrIVQbdjHV&d=n

ကျနော်ပြောလိုတာက အခုအချိန်မှာ သတိသေချာထားပြီး ဆက်မပြန့်သွားအောင် အားလုံးညီညီညွတ်ညွတ်နဲ့ စည်းကမ်းရှိစွာဝိုင်း ကာကွယ်မှရပါတော့မယ်။

ရောဂါပိုးအခုထက်ပိုပြန့်ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့လို အဖြစ်ခံမလား။ ညီညွတ်စွာနဲ့ ဆက်မပြန့်အောင်ထိန်းပြီး ကွင်းဆက်ဖြတ်ယူမလား ရွေးရပါမယ်။

စီးပွားရေးကလည်း အရေးကြီးတာမို့ အခြေအနေထပ်ဆိုးမသွားအောင် အချိန်မီထိန်းချုပ်ရပါတော့မယ်။ စီးပွားရေးထိခိုက်မှုနည်းအောင်လည်း ထည့်စဉ်းစားနေရပါပြီ။

အခုအချိန်မှာ မရိုးသားမှုတွေဘာညာနဲ့ တွေးမနေကြပဲ အားလုံးညီညွတ်စွာနဲ့ ဝိုင်းပြီး ဆက်မပွားဖို့ထိန်းကြပါလို့ တိုက်တွန်းပါရစေခင်ဗျား။

Covid က လူမျိုးဘာသာပါတီမရွေး ထိတွေ့သူမှန်သမျှကို မွှေဆော်နေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်တာတွေရပ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ကြောက်လန့်နေလို့လည်း အကျိုးမရှိပါ။ အတင့်ရဲအထင်သေးပြီး စည်းကမ်းပျက်ရင်လည်း မိမိရော၊ မိသားစုအပြင် အကုန်လုံးကို ထိခိုက်ဆုံးရှုံးမှုဖြစ်စေပါလိမ့်မယ်။

Covid ဟာ မီးလိုပဲ ကူးစက်လွယ်ပါတယ်။ ထိခိုက်ဆုံးရှုံးမှုတွေဖြစ်စေပါတယ်။ ဒါ့ကြောင့် ဆက်မကူးစက်ဖို့ ညီညွတ်စွာနဲ့ကြိုးစားကြဖို့ ဝိုင်းဝန်းကြိုးပမ်းကြရအောင်ပါ။

Covid ကာလအတွင်း mask တပ်ပါဆိုတာ ထင်သလောက်မလွယ်ပါ။ ဒီအကြောင်းကို လက်တွေ့ကျကျ နောက်မှ ဆက်ဆွေးနွေးပါမယ်။

Richard Myo Thant
1-September-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •