Covid-19 အတွက် ဂေါ်ဖီထုပ်နဲ့သခွားသီးများများစားခြင်းဟာ သေနှုန်းကိုလျော့ကျစေနိုင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Covid-19 အတွက် ဂေါ်ဖီထုပ်နဲ့သခွားသီးများများစားခြင်းဟာ သေနှုန်းကိုလျော့ကျစေနိုင်

Covid-19 အတွက် #ဂေါ်ဖီထုပ်နဲ့သခွားသီးများများစားခြင်းဟာ သေနှုန်းကိုလျော့ကျစေနိုင်တယ်လို့ ဥရောပမှာလုပ်တဲ့သုသေသနတစ်ခုမှာ တွေ့ရပါသတဲ့။
🇫🇷 ပြင်သစ်နိုင်ငံ Montpelier University ရှိ Pulmonary medicine ဌာနက Professor Jean Bousquet ရဲ့ သုသေသနတွေ့ရှိချက်ကို ပြောပြမယ်နော်။
🥒 သခွားသီးနဲ့ ဂေါ်ဖီထုပ်ကို တစ်နေ့ ၁ ဂရမ်လေးပဲပိုစားလိုက်တာနဲ့ သေနှုန်းကို #ဂေါ်ဖီထုပ်က 13.6 ရာနှုန်းလျော့ကျစေနိုင်ပြီး #သခွားသီးက 15.7 ရာနှုန်းလျော့ကျစေနိုင်တာကို တွေ့ရပါသတဲ့။
သခွားသီးကြိုက်တဲ့သူတွေကို လက်တို့သတင်းပေးလိုက်ကြပေါ့။ 😁

ဒါပေမယ့် 🥬 ဆလပ်ရွက်ကတော့ ပြောင်းပြန်အကျိုးသက်ရောက်မှုကို တွေ့ရပါသတဲ့။
🍆 အခြားဟင်းသီးဟင်းရွက်တွေကတော့ Covid ကို ခုခံမှုအကျိုးသက်ရောက်မှု သိပ်မတွေ့ရပါဘူးတဲ့။
ဒါက ဥရောပမှာပဲ သုသေသနလုပ်ထားတာဖြစ်ပြီး Covid နဲ့ပတ်သက်လို့ သေနှုန်းက အခုထိပိုမိုနားလည်အောင် သုသေသနလုပ်နေရဆဲပါ။
ဥရောပနိုင်ငံတွေဖြစ်တဲ့ ဘယ်ဂျီယံ၊ ဗြိတိန်၊ စပိန်၊ ဆွီဒင်၊ အီတလီ၊ ပြင်သစ်တို့ဟာ ကမ္ဘာမှာ Covid ကြောင့် သေနှုန်းအများဆုံးဖြစ်ပါတယ်။
ဥပမာ – ဘယ်ဂျီယံဆိုရင် လူတစ်သန်းမှာ ၈၀၀ သေဆုံးပြီး အမေရိကန်ထက် နှစ်ဆသေနှုန်းများပါတယ်။
အဲ့ဒီသေနှုန်းများတဲ့ နိုင်ငံတွေမှာ Lockdown ကိုင်တွယ်ပုံတို့ ရာသီဥတုတို့ ကွာခြားပေမယ့် တစ်ခုတူညီနေတာက ဂေါ်ဖီထုပ်နဲ့ သခွားသီးသိပ်မစားကြတာကို တွေ့ရပါသတဲ့။

ပြင်သစ်မှာ လူတစ်ယောက်ဟာ ယေဘူယျအားဖြင့် ဂေါ်ဖီထုပ် တစ်နေ့ ၁ ဂရမ်လောက်ပဲပြီး ကျန်နိုင်ငံတွေမှာ စားနှုန်းက တစ်နေ့ ၅ ဂရမ်ထက်လျော့ပါသတဲ့။
🇱🇻 လတ်ဗီးယားနိုင်ငံဟာ ကမ္ဘာမှာ Covid ကြောင့် သေနှုန်းအနည်းဆုံးနိုင်ငံတွေထဲမှာပါတယ်။ အဲ့ဒီမှာ ဂေါ်ဖီထုပ်စားနှုန်းက တစ်နေ့ကို ၃၀ ဂရမ်လောက်ရှိသတဲ့။
🇨🇾 ဆိုက်ပရပ်စ်မှာ ဂေါ်ဖီထုပ်သိပ်မစားကြပေမယ့် သခွားသီးစားနှုန်းက နေ့စဉ် ၃၀ ဂရမ်လောက်ရှိသတဲ့။ သူလည်း လတ်ဗီးယားလိုပဲ Covid ကြောင့် သေနှုန်းအနည်းဆုံးနိုင်ငံတွေထဲမှာပါတယ်။
🥒 ဘာကြောင့် #သခွားသီးနဲ့ #ဂေါ်ဖီထုပ်စားခြင်းဟာ #သေနှုန်းလျော့ကျမှုကိုဖြစ်စေနိုင်တာလဲ⁉️
👉 အဲ့ဒီဖြစ်နိုင်ခြေက လူတွေမှာရှိတဲ့ Nrf2 ဆိုတဲ့ ပရိုတိန်းနဲ့ သက်ဆိုင်တယ်။
🦠 Sars-CoV-2 ဆိုတဲ့ Covid-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ လူနာတွေမှာ ပြင်းထန်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းယောင်ယမ်းမှုတွေကို ဖြစ်စေတယ်။ ပြီးတော့ ဓာတ်တိုးစေတဲ့ အောက်ဆီဂျင်အမှုန်တွေကို ထုတ်လွှတ်ပေးတယ်။
Nrf2 ဟာ အဲ့ဒီ အမှုန်တွေကို ဖမ်းယူပြီးတော့ လူကိုဆိုးကျိုးမဖြစ်အောင်လျော့ချပေးတယ်။

 


🥒 အရင်တုနိးက သုသေသနလေ့လာမှုတွေအရ ဟင်းသီးဟင်းရွက်တွေမှာ curcumin, sulforaphane နဲ့ vitamin D တို့လို သဘာဝကွန်ပေါင်းတွေပါတယ်။
အဲ့ဒီသဘာဝကွန်ပေါင်းတွေက Nrf2 ထုတ်လုပ်မှုကို တိုးမြင့်စေတာမို့လို့ သခွားသီးနဲ့ ဂေါ်ဖီထုပ်စားရင် Nrf2 ပရိုတိန်းကို ရရှိနိုင်တာ ဖြစ်ပါသတဲ့။
🥦 broccoli နဲ့ cauliflower ပန်းဂေါ်ဖီတို့ကနေ Nrf2 ထွက်ခြင်းတိုးမြင့်စေတာ အခုအထိမတွေ့ရသေးပါဘူးတဲ့။
ဒါပေမယ့်အခုလို အကျိုးသက်ရောက်မှုမတွေ့ရသေးတာက 🥦 broccoli နဲ့ cauliflower ပန်းဂေါ်ဖီစားတာက တစ်နေ့ ၆ ဂရမ်ထက်နည်းလို့ #မတွေ့သေးတာဖြစ်နိုင်ပါတယ်တဲ့။
လတ်ဗီးယားနဲ့ ဆိုက်ပရပ်စ်တို့ ဂေါ်ဖီထုက်နဲ့ သခွားသီးစားသလို ကျနော်တို့ ဂေါ်ဖီစိမ်း 🥦 broccoli နဲ့ ပန်းဂေါ်ဖီကို တစ်နေ့ ဂရမ် ၃၀ လောက်စားရင် Nrf2 ထွက်နိုင်ပါသတဲ့။
🥬 ဆလပ်ရွက်ကြတော့ ပဟေဠိဖြစ်နေပါသတဲ့ ဆလပ်ရွက်ပိုစားတဲ့ စပိန်နဲ့ အီတလီက ဆလပ်ရွက်လျော့စားတဲ့ ဂျာမနီထက်သေနှုန်းပို မြင့်ပါသတဲ့။
ဒါတွေလေ့လာစဉ်မှာ နိုင်ငံအလိုက် GDP, လူနေမှုထူထပ်နှုန်း၊ အဝလွန်မှုအခြေအနေနဲ့ အသက်အရွယ်အခြေအနေတွေပါ ထည့်သွင်းစဉ်းစားထားတာပါတဲ့။
ကျနော့်အမြင်ကတော့ ဟင်းသီးဟင်းရွက်ဟာ လူကိုရောဂါတိုက်ဖျက်ရေးမှာ အကူအညီပေးတယ်ဆိုတာသေချာတယ်။
ဒါပေမယ့် Covid-19 ကရောဂါအသစ်အဆန်းဖြစ်နေတယ်။ တရုတ်ရော ကျန်ကမ္ဘာ့နိုင်ငံတွေမှာ ဆေးမြီးတိုကအစ Covid အတွက် အသုံးကျမကျ လိုက်ရှာနေကြတယ်။

ဒါပေမယ့် #ဘာကြောင့်ကောင်းစေမှာလဲဆိုတာသေသေချာချာသုသေသနပြုသင့်တယ်။
တုပ်ကွေးသက်သာတဲ့ဆေးတိုင်းက Covid ကို ကုနိုင်တာမဟုတ်တဲ့အတွက် #စိတ်မှန်းနဲ့ရမ်းပြောလို့မရတာတွေရှိတယ်။
အခုတွေ့ရှိချက်က ကျယ်ကျယ်ပြန့်ပြန့် သုသေသနပြုထားတာ မဟုတ်သေးတာ။
သို့သော် သခွားသီးနဲ့ ဂေါ်ဖီထုပ်က ကျနော်တို့ဆီမှာ အလွယ်တကူလည်းရ လူတိုင်းလိုလို စားတတ်တာမို့ သတင်းကောင်းပါးလိုက်တာပါ။
ပိုးသတ်ဆေးဓာတ်ကြွင်းလွတ်အောင် ရေတော့သေသေချာချာဆေးပြီးမှ စားသုံးသင့်ပါတယ်။
အခုသုသေသနမှာ ထည့်ပြောထားတဲ့တစ်ချက်က ဟင်းသီးဟင်းရွက်တွေကို over cooked အလွန်ချက်ပြုတ်ပြီး အရမ်းနွမ်းစေရင် အဟာရအာနိပျက်တတ်ပါတယ်တဲ့။

https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant

Richard Myo Thant
22-July-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •