Covid-19 အတွက် နောက်ဆုံးတွေ့ရှိချက်များ (၂)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Richard Myo Thant

💊💉 #ဗိုင်းရပ်စ်သတ်ဆေးသုံးမျိုးပေါင်းကုထုံး

🇭🇰 ဟောင်ကောင်မှာ Covid-19 ရောဂါ #အပျော့စားနဲ့အလယ်အလတ်ဖြစ်နေတဲ့ လူနာတွေကို #ဆေးသုံးမျိုးစပ်ပေးကြည့်တာ သူတို့ကိုယ်ခန္ဓာထဲမှာ #ဗိုင်းရပ်စ်ပမာဏလျော့သွားတာလျင်မြန်တာကို တွေ့ရပါသတဲ့။

#စမ်းသပ်ပုံအချက်အလက်များ

♦️ ရောဂါသိပ်မပြင်းထန်တဲ့လူနာ 127 ယောက်ကို စမ်းသပ်ကြည့်တာဖြစ်ပါတယ်။

(အရင်တုံးက ဆေးတွေစမ်းရင် ရောဂါအလွန်ဆိုးဝါးပြီး လက်လျော့ရနိုင်တဲ့လူနာမျိုးကိုမှ ဂရုဏာသဘောနဲ့ကုသကြည့်ခြင်း (compassionate treatment) အနေနဲ့ ဆေးစမ်းပေးကြည့်တာသတိပြုပါ။)

♦️ ပေးလိုက်တဲ့ဆေးသုံးမျိုးကတော့..

▪️HIV ခုခံစွမ်းအားကျရောဂါအတွက်ကုသဆေး Lopinavir-ritonavir

▪️အသည်းရောဂါဆေး ribavirin

▪️multiple sclerosis အတွက်ဆေး interferon beta

(sclerosis ဆိုတာ ခိုင်သွားတာမျိုးကိုခေါ်တာ၊ ဦးနှောက်နဲ့ အာရုံကြောကိုသွားထိတယ်)

♦️ ပေးပုံပေးနည်းနှိုင်းယှဉ်ချက်

▪️အဲ့ဒီလူနာ 127 ယေက်ကို အပေါ်ကဆေးသုံးစပ်ပေးပြီးတော့

▪️ကျန်လူနာတွေ (control group) ကို HIV ဆေး Lopinavir-ritonavir ဆေးပဲပေးပါသတဲ့။

▪️သူတို့နှစ်ဖွဲ့လုံးကို သာမန်လုပ်ရိုးလုပ်စဉ် ကျန်းမာရေးစောင့်ရှောက်မှု၊ antibiotics ဆေးတွေနဲ့ corticosteriods စတီးရွက်ဆေးတွေ အတူတူပေးတယ်။

♦️ တွေ့ရှိချက်

အဲ့ဒီဆေးသုံးတွဲစပ်ပေးထားတဲ့လူနာတွေမှာ ရောဂါပိုးရှာမတွေ့တော့တာ ငါးရက်ပိုစောပါသတဲ့။

▪️127 ယောက်မှာ 7 ရက်နဲ့ ရောဂါပိုးတွေမတွေ့တော့ဘူး။

▪️ကျန်လူနာတွေမှာ 12 ရက်ကြာမှ ရောဂါပိုယတွေမတွေ့တော့ဘူး။

#အဲ့လိုမြန်မြန်ပိုးတွေသေသွားတော့ဘာထူးသလဲ⁉️

▪️ချောင်းဆိုး၊ကိုယ်ပူစတဲ့ ရောဂါလက္ခဏာတွေ ခံစားရတာမြန်မြန်သက်သာတော့ ဝေဒနာရှင်ကိုသိပ်မထိတော့ဘူးပေါ့။

▪️အဲ့လိုမြန်မြန်ပျောက်ရင် ကျန်းမာရေးဝန်ထမ်းတွေကို ကူးစက်မယ့်အန္တရာယ်နည်းသွားမယ်။

▪️ဆေးရုံမှာလူနာမြန်မြန်ဆင်းတော့ လိုတဲ့လူအတွက်နေရာပိုရမယ်။

▪️viral shedding လို့ခေါ်တဲ့ ရောဂါပိုးပွားတဲ့ ကူးစက်နိုင်ခြေအတော်လျော့သွားမယ်။

♦️ဘာဆက်လုပ်မှာလဲ⁉️

▪️အခုလိုတွေ့ရှိချက်ဟာ အားရကျေနပ်ဖွယ်ရှိတဲ့အတွက် လူနာများများမှာ စမ်းကြည့်တော့မယ်။

▪️ပြီးတော့ ရောဂါပြင်းထန်တဲ့လူနာတွေမှာလည်း စမ်းကြည့်ပါတော့မယ်တဲ့။

▪️နောက်နောင်စမ်းသပ်မှုတွေမှာ အပေါ်က interferon beta ကိုထည့်စမ်းကြည့်ပါမယ်တဲ့။

(ဗဟုသုတအနေနဲ့ပြောရရင် interferon beta ဆိုတာ E.Coli အီကိုလိုင်ဘက်တီးရီးယားက ထုတ်ထားတယ်လို့ ကြားဖူးပါတယ်)

▪️ HIV ခုခံစွမ်းအားကျရောဂါကိုရေရှည်ကုသပေးလာတဲ့ ကျွမ်းကျင်သူတွေဟာ ဆေးအတွဲအစပ်ပေးတာကို ကျွမ်းကျင်ကြပြီး အခု ကိုရိုနာဗိုင်းရပ်စ်ကို ကုသရာမှာ သူတို့ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါကြောင်း။

Richard Myo Thant
9-May-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •