Covid-19 အတွက် နောက်ဆုံးတွေ့ရှိချက်များ (၃)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အားလုံးသိကြတဲ့အတိုင်း Gilead ကုမ္ပဏီရဲ့ ဗိုင်းရပ်စ်သတ်ဆေး Remdesivir ဟာ Covid-19 အတွက် ကုသဆေးအဖြစ် မျှော်လင့်ချက်အကောင်းဆုံးဖြစ်ပါတယ်။

သို့သော်လည်း သူတစ်ခုတည်းအစား သုံးမျိုးစပ်က ပိုအခြေအနေကောင်းကြောင်း နောက်ဆုံးတွေ့ရှိချက်များ (၂) မှာ ကျနော်ရေးသားခဲ့ပါတယ်။

အခုတင်ပြလိုတာက #ဂျပန်နိုင်ငံကမျှော်လင့်ချက်ရှိသောဆေးများဖြစ်ပါတယ်

♦️ (1) Avigan

💊 Avigan ရဲ့အားသာချက်က သောက်ဆေးအဖြစ်ရနိုင်တော့ အကြောဆေးဖြစ်တဲ့ Remdesivir ထက် သုံးစွဲရတာလွယ်ကူပါတယ်။

အရင်က နာမည်ကြီးခဲ့တဲ့ Fujiflim ကို ဓာတ်ပုံသမားတွေသိကြမှာပါ။ Fujiflim ဆီက သင်ခန်းစာယူစရာ management lesson တစ်ပုဒ် နောက်မှရေးပေးပါမယ်။ အခုရက်က Covid-19 ဘက်လှည့်နေရလို့ပါ။

Fujiflim ရဲ့ Avigan ဆေးဟာ မတ်လတုန်းက တရုတိပြည်မှာ Covid-19 အတွက်သုံးကြည့်တာ မဆိုးဘူးလို့ သတင်းထွက်လာပြီးနောက် လူတွေ စိတ်ဝင်စားလာခဲ့ပါတယ်။

အခု Avigan ကို clinical trials စမ်းသပ်မှုပေါင်း 14 ခု စလုပ်နေပါပြီတဲ့။ အဲ့ဒီလို စမ်းသပ်မှုစတာနဲ့တင် Fujiflim ရဲ့ ရှယ်ယာစျေးဟာ မကြုံစဖူးအမြင့်ဆုံးကို ထိုးတက်ခဲ့ပါတယ်။

အကယ်၍ အဲ့ဒီစမ်းသပ်မှုမှ စိတ်ကျေနပ်ဖွယ်ရလဒ်သာရရင် ဂျပန်ဟာ မေလအကုန်မှာ Avigan ကို Covid-19 ကုသဆေးအဖြစ် အသိအမှတ်ပြုဖွယ်ရာရှိပါတယ်။

အဲ့ဒီလို အသိအမှတ်ပြုရာမှာ အရေးပေါ်သုံး Emergency use အဖြစ် အသိအမှတ်ပြုဖို့များပါတယ်။

Avigan ကို favipiravir လို့လည်းခေါ်ပြီး 1990 ကျော်ကာလတွေတုန်းက Fujiflim ကဝယ်လိုက်တဲ့ ကုမ္ပဏီတစ်ခုက တီထွင်ထားတာပါ။

အဲ့ဒီဆေးဟာ ကိုရိုနာလိုမျိုး RNA ဗိုင်းရပ်စ်တွေရဲ့ မျိုးပွားခြင်းယန္တရားကို short-circuiting လုပ်ပြီး ဖျက်ဆီးပစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို Avigan ရဲ့ ဖျက်နိုင်စွမ်းက သန္ဓေသားလောင်းရဲ့ ဆဲလ်တိုးပွားမှုကို ဖျက်နိုင်စွမ်းရှိပြန်ပါသတဲ့။

အဲ့ဒါကြောင့် Avigan ကို မွေးကာစကလေးတွေမှာ ဝမ်းတွင်းချို့ယွင်းချက် (birth defects) ရှိစေတဲ့ဆေးလို့ သိကြပါတယ်။

အဲ့ဒီတော့ ကိုယ်ဝန်ဆောင်တွေမှာ သုံးလို့ရမယ်လို့ မထင်ပါ။

ဗိုင်းရပ်စ်အမျိုးမျိုးမှာ စမ်းအပြီးမှာ 2014 မှာ ဂျပန်မှာ တုပ်ကွေးကပ်ရောဂါအ​ရေးပေါ်ဆေးအဖြစ် အသိအမှတ်ပြုထားပါတယ်တဲ့။

Avigan ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ထောက်ပံ့ကြေး ဒေါ်လာ 128 သန်းရထားပါတယ်။

ရှင်ဇိုအာဘေးက အဲ့ဒီဆေးကို အခမဲ့ ဖရီးပေးဖို့စဉ်းစားထားပြီး နိုင်ငံပေါင်း 43 နိုင်ငံက တရားဝင် တောင်ခံထားပါတယ်တဲ့။

♦️ Camostat

⛩️ ဂျပန်နိုင်ငံ အိုဆာကာက Ono Pharmaceutical ကုမ္ပဏီရဲ့ Foipan ဆိုတဲ့နာမည်နဲ့ ထုတ်ထားတဲ့ဆေးပါ။

💊 Camostat ရဲ့အားသာချက်ကလည်း သောက်ဆေးအဖြစ်ရနိုင်တော့ အကြောဆေးဖြစ်တဲ့ Remdesivir ထက် သုံးစွဲရတာလွယ်ကူပါတယ်။

Camostat က မုန့်ချိုအိတ်ဆေး (pancreatitis) အဖြစ် သုံးတာ 35 နှစ်လောက်ရှိပြီလို့ဆိုပါတယ်။

Camostat mesylate ကို Opdivo cancer ဆေးအဖြစ်လူသိများပါတယ်။

🧪🔬 Camostat က protease inhibitor ဖြစ်ပြီး ဓာတ်ခွဲခန်းထဲမှာ SARS ရောဂါအတွက်စမ်းကြည့်ရာမှာ ဗိုင်းရပ်စ်ကိုသတ်နိုင်တာတွေ့ရတယ်။

ကိုရိုနာဗိုင်းရပ်စ်က လူ့အဆုတ်ဆဲလ်ထဲကိ ကို ထိုးဖောက်ဝင်ရာမှာ အင်ဇိုင်းတစ်မျိုးလိုတယ်။ အဲ့ဒီ အင်ဇိုင်းကို Camostat ကတားဆီးပေးတယ်။ ဒါ့ကြောင့်လည်း သုသေသနပညာရှင်တွေက စိတ်ဝင်စားတာ။

🇺🇸 အမေရိကန်ပြည်ထောင်စု Yale School of Medicine က Dr. Joseph Vinetz က clinical trial စမ်းသပ်ကြည့်ချင်တယ်။

သူကအခု ရန်ပုံငွေစုဆောင်းနေပြီး စမ်းသပ်မှုစဖြစ်ရင် တစ်လလောက်ဆို အဖြေသိနိုင်တယ်လို့ဆိုတယ်။

အမေရိကန် University of Kentucky မှာလည်း Camostat ကို စမ်းသပ်မှု လုပ်ကြည့်နေတယ်လို့ပြောတယ်။

🇮🇱 အစ္စရေး Sheba Medical Center က Itzchak Levyvက ဧပြီလထဲမှာ လူနာ 14 ယောက်မှာ စမ်းသပ်နေတယ်။

Camostat အနေနဲ့ လူတွေမှာ 35 နှစ်ကြာသုံးလာတဲ့အတွက် အန္တရာယ်ကင်းမှုများနိုင်တယ်။ အင်ဇိုင်းကိုတားနိုင်လို့ အလားအလာကောင်းနေပါတယ်တဲ့။

♦️ ကျနော့်အမြင်ကတော့ Gilead ရဲ့ Remdesivir အပြင်အခုလို ဂျပန်ကဆေးတွေပါထပ်စမ်းလာနိုင်တာဟာ Covid-19 ကုသဆေးပေါ်ပေါက်ရန် အရေးပါတဲ့ခြေလှမ်းတစ်ရပ်လို့ ဆိုချင်ပါကြောင်း။

♦️ နောက်တစ်ခုကျနော်မြင်တာကတော့ ဆေးတစ်ခုတည်းမဟုတ်ပဲ ဆေးအေါင်းစုံနဲ့ ဝိုင်းချရနိုင်ပါတယ်။

♦️ ဒီဗိုင်းရပ်စ်ဟာ နိုင်ငံစုံကို ဒုက္ခပေးတာမို့ နိုင်ငံစုံကနေ ညီညီညွတ်ညွတ်နဲ့ ဘက်စုံသုသေသနပြုချက်တွေကို ဖလှယ်ပြီး မကြုံစဖူး #အပြည်ပြည်ဆိုင်ရာပူးပေါင်းမှုတစ်ခု ဖြစ်ပေါ်လာစေရန် ဒီဗိုင်းရပ်စ်က တွနိအားပေးနေတယ်လို့ မြင်ပါကြောင်း။

Richard Myo Thant
13-May-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •