Covid-19 Medical Centre ( ဖောင်ကြီး) မှာ လူနာများအတွက် ပစ္စည်းပို.မည့်သူများ သိရှိရန် အချက်များ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Covid-19 Medical Centre ( ဖောင်ကြီး) မှာ လူနာများအတွက် ပစ္စည်းပို.မည့်သူများ သိရှိရန် အချက်များ
————————————————

 

ဒီနေ့ကြည့်မြင်တိုင်မြို့နယ်မှ P+ ကလေးတစ်ဦးအတွက်စားနပ်ရိက္ခာ၊ဆေးဝါးအသုံးအဆောင်များကို
( ဖောင်ကြီး) သို့သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ်။တချို့တချို့သော..အလွဲလေးတွေရှိခဲ့သော်လည်းယူသွားခဲ့သောပစ္စည်းများမှသတ်မှတ်ထားသောပစ္စည်းများကိုတော့ပေးခွင့်ရခဲ့ပါတယ်။

ဘယ်လိုဘဲဖြစ်နေပါစေသွေးမတော်သားမစပ်ကူညီခွင့်ရ၍ ပီတိဖြစ်ခဲ့ရပါတယ်။ fri တို့ရဲ့ပတ်ဝန်းကျင် မိတ်ဆွေတွေထဲကအကယ်၍များသွားပေးကြမဲ့သူများရှိခဲ့ရင် သိရအောင် အတွေ့အကြုံလေးကိုမျှဝေပေးတာပါ။

 

နေ.လည် ၁ နာရီမှ ၄ နာရီအတွင်း ဂိတ်အမှတ်(၁)မှာ ပေးရပါမည်။

တားမြစ်ထားသော ပစ္စည်းများ။
===========================
– ဆေးလိပ်၊ကွမ်းယာ၊အရက်၊အယ်လ်ကိုဟောပါတဲ့အချိုရည်များ ပေးလို.မရပါ
– ဒါး၊ကပ်ကြေး စသောချွန်ထက်သောလက်နက်များ ပေးလို.မရပါ
– မီးခြစ်၊ခြင်ဆေးခွေ၊ခြင်ဆေးဗူး ၊ကြိုးခွေမျာပေးလို.မရပါ
– milo.ovaltine.အဲဒါတွေကတော့ပုလင်းဆိုရင်ပေးလို့မရပါ။
– ၃ မိနစ်ပြုတ်အိုး၊ ဒယ်နီပေးမရပါဘူး။
– ဂျင်း၊ကြက်သွန်ဖြူ၊တို့လည်းပေးလို့မရပါ

– သစ်သီးအားလုံးအသင့်စားရန်ခွဲစိတ်ပီးသားဖြစ်ဖို့လိုပါတယ်။
– သံပုရာသီးဆိုရင်လေးစိတ်ခွဲပေးရပါတယ်။

အားလုံး ကိုဗစ်ရောဂါဆိုးကြီးမှကင်းဝေးကြပါစေ။
@kkg(kmd)


Spread the love
  •  
  •  
  •  
  •  
  •  
  •