COVID-Medical Centre ဧရာဝတီစင်တာ အနေနဲ့ Covid-19 လူနာတွေကို ဒီနေ့ ညနေပိုင်းမှာပဲ စတင် လက်ခံ
ဧရာဝတီစင်တာ အနေနဲ့ Covid-19 လူနာတွေကို ဒီနေ့ ညနေပိုင်းမှာပဲ စတင် လက်ခံနိုင်ခဲ့ပါပြီ။ (၇)ရက်အတွင်း ကုတင် (၄၀၀)ဆံ့ ကုသရေး စင်တာကြီးကို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ဖို့ အားထုတ် ကြိုးပမ်းခဲ့ကြသူ တစ်ယောက်ချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါတယ်
ဧရာဝတီစင်တာမှာ တာဝန်ထမ်းဆောင်ကြမယ့် ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းတွေ အနေနဲ့လည်း အစစအရာရာ အဆင်ပြေချောမွေ့စွာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ကြစေဖို့နဲ့ ကုသမှု ခံယူကြသူအားလုံးလည်း အမြန်သက်သာ ပျောက်ကင်းကြပါစေလို့ ဆန္ဒပြု ဆုမွန်ကောင်း တောင်းအပ်ပါတယ်။