COVID_ကာလနေထိုင်မှုဘ၀

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID_ကာလနေထိုင်မှုဘ၀

 

COVID_ကို #ကြောက်ရမှာလား_မကြောက်ရဘူးလား_တွေးစရာများ။⁉️

♦️နိုင်ငံတစ်နိုင်ငံမှာ ကူးစက်မှုအလွန်နည်းပါးလာချိန်မှာ #ပုံမှန်အခြေအနေအတိုင်းဘယ်တော့ပြန်နေထိုင်လို့ရမလဲလို့ တွေးစရာဖြစ်လာပါတယ်။

🇸🇬 စင်ကာပူလိုနိုင်ငံမှာ Covid positive အသစ်တွေ့မှုဟာ သာမန်လူထုအကြားမှာ လျော့ကျလာပါတယ်။

အဆောင်နေလုပ်သားတွေကြားမှာ ကူးစက်မှုရှိနေဆဲဖြစ်ပေမယ့် မကြာခင်မှာ ထိန်းချုပ်နိုင်မှာပါ။

အဲဒီမှာမေးခွန်းက What is next then?
လျော့ကျလာအပြီးမှာ #ဘာဆက်လုပ်ကြမလဲ⁉️

♦️ #ရောဂါကူးစက်မှုကို_သုည_အထိလုံးဝမကျန်အောင် ထိန်းချုပ်နိုင်မှာလား ⁉️

▪️ရောဂါရှိသူဆက်ကျန်နေပါလိမ့်မယ်။

▪️နိုင်ငံတစ်နိုင်ငံကို COVID-19 ရောက်ရှိလာတာက ပြည်ပကအဝင်ကကူးပါတယ်။

🔥 အပြင်မီးအထဲမဝင်ဖို့ နယ်စပ်ဂိတ်အားလုံးကနေ တားဆီးရပါတယ်။ အခုဝင်သမျှကို Test စစ်နေပါတယ်။

🔥 အခု ရောဂါဖြစ်နေတဲ့နိုင်ငံတွေထဲမှာ အိန္ဒိယက တစ်နေ့ကို 6000 လောက်အထိတိုးနေတာပါ။

🔥 မလေးရှားမှာ တရားမဝင်နေထိုင်သူတွေအကြားမှာ ကူးစက်မှုတွေရှိနေပါတယ်။

ဒီလိုနိုင်ငံတွေကအဝင်မှာ #ကျိန်းသေပါလာပါမယ်။

♦️ ကျန်နိုင်ငံအားလုံးလည်း ဘယ်နိုင်ငံမှ စိတ်မချရသေးပါ။

Covid ရေရှည်ကာလမှာ နိုင်ငံတွေအကြား Travel bubble တွေ တည်ဆောက်ပါတော့မယ်။ ဒီအကြောင်းဒီနေ့ post သပ်သပ်တင်ထားပါတယ်။

🔥 အပြင်မီးကိုနိုင်ငံထဲမဝင်အောင်တားရတာက #အထဲကမီးကိုငြိမ်းသတ်ရတာထက်ပိုလွယ်ပါတယ်။

#နိုင်ငံထဲကိုရောဂါဝင်ရောက်လာပြီးမှတော့အပြီးငြိမ်းသတ်ဖို့ဆိုတာမလွယ်ပါ။

ဒါဆိုရင် လာအိုတို့၊ ဗီယက်နမ်တို့၊ကမ်ဘောဒီးယားတို့၊ တရုတ်ပြည်ကြီးတို့ မှာ #လူနာအသစ်တွေ့တာမရှိတော့ဘူးဆို⁉️

လာအိုတို့၊ ကမ်ဘောဒီးယားတို့မှာ အကုန်လုံးမစစ်နိုင်လို့ပါ။ စင်ကာပူကစစ်ချလိုက်တာ အိမ်တွင်းပုန်းတွေ ထွက်လာပါတယ်။

♦️ #ကျန်နေတဲ့လူတွေရှိနေကြောင်းနဲ့ကူးစက်မှုရှိမရှိဘယ်လိုသိနိုင်မှာလဲ⁉️

“အင်မတန်ကို သိဖို့ခက်ပါတယ်။”

♦️ စင်ကာပူမှာ pre-school တွေမဖွင့်ခင် ဝန်ထမ်းပေါင်း 33000 ကို Test စစ်ချလိုက်တာ 13 ယောက် positive ဖြစ်နေတာကို တွေ့ရပါတယ်။

🦠 Positive ဖြစ်နေတဲ့လူတွေက #သူတို့ကိုယ်သူတို့ရောဂါပိုးရှိမှန်းတောင် မသိကြပါ။

အဲဒီ 13 ယောက်ထဲက အတော်များများကလည်း မကူးစက်စေတော့တဲ့လူတွေဖြစ်နေပါပြီ။

♦️သဘောက သူတို့မှာ #ရောဂါလက္ခဏာမပြသလောက်ဖြစ်ခဲ့လို့ ဖြစ်ပါတယ်။

♦️ ပြီးတော့သူတို့ဆီကနေ #ကူးစက်နိုင်တဲ့ရက်ကိုကျော်လွန်ခဲ့ပါပြီ။

♦️ ကူးစရာရှိရင် ကူးပြီးပြီ။ အခု Test စစ်လို့တွေ့တာက RNA ကိုတွေ့တာ ပိုးယူပြီး ဓာတ်ခွဲခန်းထဲမှာ မွေးကြည့်ရင် မရှင်ဘူး။

#ဒါဆိုရင်အိမ်တွင်းပုန်းတွေကမကူးဘူးလား⁉️

ကူးရင်ကူးမယ်၊ မကူးရင်မကူးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလူမှာပိုးရှိနေလား ကာယကံရှင်ကိုယ်တိုင်မသိတော့ 😷 mask မတပ်ရင် အိမ်ထဲမှာ ထပ်ကူးနိုင်တယ်။

“နိုင်” ဆိုတဲ့စကားကိုဘာလို့ပြောရတာလဲ ဆိုလို့ရှိရင် ကိုယ့်မျက်နှာတည့်တည့်ကို ချောင်းဆိုးထည့်လိုက်ရင်တောင် ကူးချင်မှကူးတာ။

ခပ်ဝေးဝေးမှာနေပေမယ့်လည်း လေသင့်လို့ အကြောင်းတိုက်ဆိုင်ခဲ့ရင် ကူးရင်ကူးတာဆိုတော့ မခက်ပါလား။

ဒါကြောင့် Mask တပ်ပါလို့ အသားကုန်ပြောနေရတာပါ။ စနစ်တကျလည်း တပ်ဖို့လိုပါတယ်။

နဂိုကတည်းက ဒီကိုရိုနာဗိုင်းရပ်စ်က အလိမ်ကလေးလာတဲ့ နဲ့ RNA လေးဆိုတော့ ဒီကောင့်ကို နားလည်ရအရမ်းခက်ပါတယ်။

ကူးစက်နိုင်မှုက ဖြစ်နိုင်ခြေနဲ့ပဲတွက်လို့ရပြီး ကံသေကံမပြောမရပါ။ ကိုယ်ခံအားနဲ့အဓိကဆိုင်ပါတယ်။

ကိုယ်ခံအားဆိုလို့ 🐃 ကျွဲပေါက်လောက်ရှိတဲ့ အနောက်နိုင်ငံက ငတိကြီးတွေ Covid နဲ့တွေ့တာ ဆိတ်ပိန်လေးလောက်ပဲကျန်တာ တွေ့ဖူးပါတယ်။

လူ 100 ရှိတဲ့ အခန်းထဲကို ကိုယ့်ဟာကိုယ် ရောဂါပိုးရှိမှန်းမသိတဲ့လူဝင်လာပြီး လက်ပွန်းတတီးစကားပြောသွားရုံနဲ့ ကူးရင်ကူးကျန်ခဲ့နိုင်ပါတယ်။ မကူးပဲအားလုံးလွတ်သွားတာလည်းဖြစ်နိုင်ပါတယ်။

#ဒါဆိုရင်လည်းမထူးပါဘူး_ကံကိုယုံပြီးဆူးပုံနင်းလိုက်ရမလား⁉️

တခါတည်း ဆင်ပိန်ကျွဲဖြစ်မကျန်ခဲ့ပဲ အသက်ပါထွက်သွားနိုင်ပါတယ်။ တကမ္ဘာလုံးမှာ သေကုန်တဲ့လူတွေအများကြီး။

မနေ့က ဒေတာအရ ရောဂါဖြစ်ပြီး ပိတ်လိုက်တဲ့ case တွေမှာ သေနှုန်း 12 ရာခိုင်နှုန်းရှိတယ်။

ထီသာမပေါက်ရင်နေမယ် အဲ့ဒါမျိုးကျတော့ ဒဲ့ဝင်တိုးမှာစိုးရပြန်သေးတယ်။ ခက်သားလား။

တစ်ခုရှိတယ်။ အခုလက်ရှိကမ္ဘာမှာ ရောဂါလက်ရှိဖြစ်နေတဲ့လူတွေထဲမှာ အပြင်းအထန်ဖြစ်တဲ့ case က 2 ရာနှုန်းပဲရှိတယ်။ 98 ရာနှုန်းက တုပ်ကွေးဖျားသလောက်ရှိတာ။

“ဟာ…. 2 ရာနှုန်းထဲပါပါဗျာ။”

“အေး… ဒါဆိုရင် အိမ်ခွဲနေ။ ကိုယ်ဖြစ်ကိုယ်ခံ လုပ်မှရမယ်။”

“အိမ်ကမိဘတွေက အန္တရာယ်အများဆုံး။”

“အာ…. ယောက်ခထီးကြီးနဲ့ အတူနေတာဗျ။ ဒါမျိုးဆိုအကူးခံချင်သား။ ပြီးရင် ဖီဖီ့ကို ဖက်နမ်းလိုက်မယ်။ အဟင်း…အဟင်း”

“အေး… ဒါဆိုရင်လည်း မိုးရွာတုန်းရေခံကြပေါ့ကွာ။”

“ဖီဖီက ပြန်ကောင်းသွားပြီး မောင်ရင်တို့ ghost ကားရိုက်နေရအုံးမယ်။ အကြွေစေ့ကို စိတ်နဲ့ကြိုလေ့ကျင့်ပြီး မကြည့်ကြပေါ့။”

“အဲ့ဒါပြောတာ ဒီ Covid က ဘာမှ ကံသေကံမပြောမရဘူး။”

♦️ #အများဆုံးဖြစ်တဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ⁉️

▪️ကိုယ်ပူခြင်း – fever

▪️ချောင်းအခြောက်ဆိုးခြင်း – dry cough

▪️ပင်ပန်းနွမ်းနယ်ခြင်း – fatigue

▪️အသက်ရှုရခက်ခြင်း – shortness of breath

▪️ချမ်းဖျားဖျားခြင်း – chills

▪️လည်ချောင်းနာခြင်း – sore throats

▪️ကြွက်သားများနာကျင်ကိုက်ခဲခြင်း – muscle aches

▪️အနံ့ခံအာရုံပျောက်ခြင်း – loss of smell

▪️ခေါင်းကိုက်ခြင်း – headaches

#ဘာဖြစ်လို့ဒီလောက်ရောဂါရှိသူမှန်းသိရခက်နေတာလဲ⁉️

Cold symptoms လို့ခေါ်ကြတယ်။

စင်ကာပူမှာအခုနောက်ပိုင်းတွေ့ရများတာက Cold symptoms တွေ။

အပေါ်ကလက္ခဏာမျိုးထင်ထင်ရှားရှားကိုမပြတာ။ ဥပမာ – လည်ချောင်းနာသလိုလိုဖြစ်တယ်။ နာသလိုလိုသာဖြစ်တာ။ မသေချာဘူး။

🤷‍♀️ ဒါမျိုးကို shrug off လို့သုံးတယ်။ သဘောက ကိုယ့်ဘာသာကိုယ်ကို မသေချာလို့ စဉ်းစားပြီး ပခုံးတွန့်လိုက်တာမျိုး။

♦️ နောက်ပြီးတော့ Covid positive လူနာရဲ့ 80 ရာနှုန်းက ကိုယ်ပူနည်းနည်းလေးတက်တာ။ ကိုယ်ပူချင်သလိုလိုက လူတိုင်းဖြစ်တတ်တာမလား။ ကိုယ့်မှာ ဖြစ်လို့ဖြစ်မှန်း မသိလိုက်ဘူးဆိုတာ အဲ့ဒါပဲ။

ကျနော့်ကိုယ်တွေ့နဲ့ပြန်ချိန်ထိုးကြည့်တယ်။

ငါ့မှာ Covid ဖြစ်ခဲ့သလား⁉️ မသေချာဘူး။

Covid လူနာနဲ့ကျနော် အနီးကပ်ထိတွေ့သူဖြစ်ခဲ့တယ်။ 7 ရက်လောက်ကြာတဲ့နေ့မှာ လည်ချောင်းနာချင်သလိုလိုဖြစ်တယ်။ 2 ရက်ပဲ။ ဒါပေမယ့် နေပူထဲဆက်တိုက်သွားတာရယ်၊ ညဘက်အိပ်ရေးပျက်တာရယ်ကြောင့်ရယ်လို့ထင်တယ်။

ပြီးတော့ ကိုယ့်ဘာသာကိုယ် Q ဝင်ပြီးမှ အိမ်ကိုပြန်လာတယ်။ အဲ့ဒီအချိန်မှာ Viral RNA shedding အချိန်ကျော်သွားလောက်ပြီ။

#ကူးစက်မှုအများဆုံးအချိန်ကဘယ်အချိန်လဲ⁉️

ရောဂါလက္ခဏာတစ်ခုခု မပြခင် 3 ရက်နဲ့ ပြပြီး 11 ရက်အတွင်း။ အထူးသဖြင့် မပြခင် 3 ရက်နဲ့ ပြပြီး 5 ရက်အတွင်း။

အဲ့ဒီအချိန်ကျော်ရင် Test စစ်လို့ ပိုးတွေ့ရင်တောင် RNA လက်ကျန်ကိုတွေ့တာ ပိုးမွေးကြည့်ရင် မရှင်ဘူးလို့ စင်ကာပူသမားတော်များအဖွဲ့ကဆိုတယ်။

#Covid_ရောဂါလက္ခဏာတစ်ခုခုပြခြင်း ဆိုတာမှာလည်း သာမန်အဖျားနဲ့တူနေတော့ ခွဲရအလွန်ခက်ပါတယ်။

နောက်တစ်ခုက #ကလေးတွေကိစ္စ။

10 နှစ်အောက် ကလေးတွေကို Covid ဖြစ်ရင်မသေနိုင်ဘူးလို့ အရင်ကဆိုခဲ့ပေမယ့် အခုတော့ သေနိုင်တယ်လို့တွေ့လာတယ်။

♦️ ကလေးတွေက မိဘနဲ့အဖိုးအဖွားတွေရဲ့ ပွေ့ချီခြင်း၊ နမ်းရှုပ်ခြင်း ၊ အိမ်ထဲနေရာတကာသွားခြင်း၊ ကလေးခြင်းထိတွေမှုများခြင်းတို့ကြောင့် ကလေးတွေကနေ ရောဂါပိုးသယ်ဆောင်ကူးစက်မှုဖြစ်စေနိုင်တယ်လို့ ဆိုကြပြန်တယ်။

တလက်စပ်တည်းပြောမယ်။

နှစ်နှစ်အောက်ကလေးကို လုံးဝ 😷 mask မဝတ်ပေးပါနဲ့တဲ့။ ကလေးရဲ့ အသက်ရှုလမ်းကြောင်းက ကျဉ်းလို့အန္တရာယ်ရှိတယ်လို့ဆိုပါတယ်။

♦️ ကလေးတွေကို Face Sheild #မျက်နှာအကာသာအသေအချာဝတ်ပေးပါတဲ့။

အဲ့ဒီတော့ ကျနော်တို့တွေ #ဘယ်လိုနေထိုင်ကြမလဲ⁉️

♦️ စင်ကာပူသမားတော်များထုတ်ပြန်ချက်အရ #တကယ့်ကိုအကူးစက်ဆုံးအချိန်ကို အားလုံးသတိထားကြပါ။

♦️ #ရောဂါလက္ခဏာတစ်ခုခုကိုယ့်မှာရှိတယ်ထင်ရင် အိမ်မှာနေလည်း 😷 mask တပ်ပါ။

မိဘနဲ့ မိသားစုတွေကို အသက်ကယ်ဖို့ဖြစ်ပါတယ်။ ပြန်ပြောပါမယ်။ ကိုယ်ချစ်တဲ့သူတွေ အသက်မဆုံးရှုံးစေချင်ရင် ရောဂါလက္ခဏာတစ်ခုခု ကိုယ့်မှာရှိတယ်ထင်ရင် အိမ်မှာနေလည်း 😷 mask တပ်ပါ။

♦️ 😷 mask ကို အလုပ်မှာရော အပြင်ထွက်ချိန်မှာပါ တပ်ပါ။ 😷 mask တပ်ခြင်းဖြင့် ဇီဝိတဒါနကုသိုလ်ယူပါ။

ကိုယ့်ဟာကိုယ်တောင် မသိနိုင်တာ သူများကို ယုံကြည်စိတ်ချနေလို့မရပါ။

ကိုယ်ဖြစ်လို့ကိုယ်ခံရတာက ပြဿနာမဟုတ်။ အိမ်ကမိဘတွေထိရင်နောင်တမရနဲ့။ mask မလိုပါဘူးပြောတဲ့ ဘယ်အခင်ဆုံးသူငယ်ချင်းမှ ကိုယ့်မိဘတွေကို လာကယ်နိုင်မှာမဟုတ်ဘူး။

♦️ နေ့တိုင်းမိုးလင်းမိုးချုပ် အပြင်မှာလူတကာနဲ့ ဆက်ဆံနေရရင် Covid ကာလမှာ အိမ်ခွဲနေသင့်ရင် နေရပါတော့မယ်။

♦️ Mask 😷 ကိုအမြဲဝတ်ရင် ကာဗွန်ဒိုင်အောက်ဆိုက်အဆိပ်သင့်တယ်ဆိုတဲ့ facebook post ဟာ #သတင်းမှားပါ။

သတင်းမှားကိုအမှန်အချက်အလက်နည်းနည်းထည့်ပြီး #လူတွေရှယ်တာများအောင်လုပ်ထားတာပါ။

ဒီသတင်းမှားကို Reuter ကရော Forbes ကရော ဖြေရှင်းထားပါတယ်။

♦️ ကျနော်တို့ဟာ အားလုံးစည်းကမ်းလိုက်နာရင် Covid ကိုကြောက်နေဖို့ လုံးဝမလိုပါ။

♦️ လမ်းဘေးစျေးသည်တွေနဲ့ တစ်နေ့လုပ်တစ်နေ့စား တွေအတွက် mask က ဝန်ထုပ်ဝန်ပိုးတစ်ခုပါ။

သူတို့တတွေ စည်းကမ်းလိုက်နာဖို့ မြန်မာနိုင်ငံအနေအထားနဲ့ ဘယ်လိုမှမဖြစ်နိုင်ပါ။

သူတို့နဲ့ ဆက်ဆံစျေးဝယ်ရင် ကိုယ့်ဆီမကူးအောင် ဘယ်လိုလုပ်ရမလဲတွေးပြီး ကိုယ်က mask ကို လုံလုံခြုံခြုံတပ်ဖို့နဲ့ လက်ကိုအိမ်ပြန်ရောက်တာနဲ့ သေချာစွာဆေးဖို့လုပ်ပါ။

♦️ Covid ကာလမှာ အားလုံးဟာ ကိုယ့်တာဝန်ကိုယ်ယူရမှာ ဖြစ်ပါတယ်။ တစ်အိမ်ထောင်တစ်မိုးအောက်ထဲမှာတော့ တစ်ယောက်မှားရင် မျှခံကြရပါမယ်။

💉 ကာကွယ်ဆေးသည် ဒီနှစ်ကုန်မှာမှ အစောဆုံးပေါ်မှာမို့ အနည်းဆုံးတစ်နှစ်တော့ ဒီလိုပဲ Covid နဲ့ လိုက်လျောညီထွေနေကြရပါမယ်။

♦️ ကိုဗစ်နဲ့တွေ့ရင် ကောင်မလေးတွေ၊ အကိတ်လေးတွေ ဗလကြီးတွေ အားလုံးအရိုးပဲကျန်သွားတာဖြစ်နိုင်တယ်။ ဆော့ထားတာလေး နှမြောရင် ရောဂါမပြန့်ပွားအောင်နေတတ်ဖို့ကြိုးစားကြ။

♦️ စည်းကမ်းမလိုက်နာလို့ကတော့ lockdown 10 နှစ်ချလည်း ကူးမှာပါပဲ။ lockdown မချခင် ရည်ရွယ်ချက်ကို အသေအချာရှင်းပြကာ စည်းကမ်းကြပ်မတ်မယ့်သူတွေပါ ချထားမှရမှာပါ။

ဒီ post မှာ အဓိကပြောချင်တာက –

♦️ ကိုယ့်မိသားစုကို ချစ်ရင် Covid အန္တရာယ်ကို သတိရှိပြီး အပြင်ထွက်ရင် mask ကိုတပ်ခြင်း၊ လက်ဆေးဂရုစိုက်ခြင်းပြုလုပ်ပါ။

♦️ Cold symptoms သဘောတရားကို သိထားစေချင်ပါတယ်။ လက္ခဏာတစ်ခုခုပေါ်သလိုရှိရင် မပေါ့ပါနဲ့။

♦️ ရပါတယ်ဆိုတယ့်အကျင့်ကို အကုန်လုံးဖျောက်ကြပါ။

♦️ လုပ်ငန်းခွင်ထဲမှာ တစ်ယောက်ဖျားတာနဲ့ အားလုံးကို အသိပေးဖို့လိုပါတယ်။

♦️ လုပ်ငန်းခွင်ထဲမှာ ကူးစက်ရောဂါကာကွယ်ရေးကိုအပြည့်အဝလိုက်နာပါ။

♦️ mask ကိုအမြဲမတပ်ရဘူးဆိုတာကို မယုံပါနဲ့။ သို့သော် ဉာဏ်ကလေးနဲ့ သုံးပါ။

♦️ နှစ်နှစ်အောက်ကလေးကို Face shield ပဲတပ်ပါ။ mask လုံးဝမဝတ်ခိုင်းပါနဲ့။

​♦️ COVID-19 ကို ကြောက်နေလို့မရတော့ပဲ စည်းကမ်းလိုက်နာကာ အခြေအနေနဲ့ #လိုက်လျောညီထွေအောင်နေပြီးရှင်သန်ဖို့ကြိုးစားရတော့မယ်ဖြစ်ပါကြောင်း။

ကျေးဇူးတင်ပါတယ်။

ttps://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant

 

 

 

 

 

Richard Myo Thant
30-May-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •