Covid_ရောဂါပိုးရှိမရှိ နမူနာယူတဲ့အတံ နှာခေါင်းထဲကျိုးကျန်ခဲ့ပြီး တစ်နှစ်ခွဲအရွယ်ဆော်ဒီကလေးငယ် သေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Covid_ရောဂါပိုးရှိမရှိ နမူနာယူတဲ့အတံ နှာခေါင်းထဲကျိုးကျန်ခဲ့ပြီး တစ်နှစ်ခွဲအရွယ်ဆော်ဒီကလေးငယ် သေဆုံး

Covid_ရောဂါပိုးရှိမရှိစစ်ရင်းဆော်ဒီကလေးငယ်သေဆုံးမှု။ 🚨
သေဆုံးခဲ့ရတဲ့ အကြောင်းရင်းကတော့ နှာခေါင်းထဲကနေ Covid #ရောဂါပိုးရှိမရှိနမူနာယူတဲ့အတံချောင်းကျိုးကျန်ခဲ့ရာကနေ ဖြစ်ပါတယ်။
🏨 ဖြစ်တဲ့နေရာက ဆော်ဒီအာရေးဗီယားနိုင်ငံက Shaqra Hospital မှာ ဖြစ်ပါတယ်။
👶 တစ်နှစ်ခွဲအရွယ် ဆော်ဒီကလေးငယ်လေးဟာ ပြီးခဲ့တဲ့ စနေနေ့က သေဆုံးသွားတာ ဖြစ်ပါတယ်။
🌡️ ပြီးခဲ့တဲ့သောကြာနေ့ညနေက ကလေးငယ်လေးဟာ ကိုယ်ပူချိန်တက်လာတယ်ပြောလို့ Shaqra Hospital ကို ပို့ခဲ့ကြပါတယ်။
👨‍⚕️ ဆရာဝန်က ကလေးငယ်ကျန်းမာတာတွေ့ရတဲ့အတွက် Covid ရှိမရှိ nasal swab ယူဖို့ ဆုံးဖြတ်ကြပါတယ်။
ကလေးငယ် ကျန်းမာတယ်ဆိုတာက နှာခေါင်းကနေ Covid ပိုးနမူနာယူဖို့ ကျန်းမာတယ်လို့ ဆုံးဖြတ်တာကို ပြောပုံရပါတယ်။
သူ့ဦးလေးနဲ့ ဆော်ဒီသတင်းဌာန Al Arabiya မှာ အင်တာဗျူးအရ “ကလေးငယ်ဟာ နာတာရှည်ရောဂါနဲ့ အန္တရာယ်ရှိတဲ့ရောဂါမျိုးမရှိပါဘူး” တဲ့။
▪️ကလေးငယ်ရဲ့ အသက်ရှုလမ်းကြောင်းကနေ Covid nasal swab နမူနာယူချိန်မှာ swab အတံက ကျိုးကျန်ခဲ့ပါတယ်။
အဲ့ဒီအတံကို ပြန်ထုတ်ယူဖို့ မေ့ဆေးသုံးပြီး ခွဲစိတ်ပါတယ်။
ကလေးအဖေက အစကအဲ့ဒီ ခွဲစိတ်တဲ့ procedure ကို လက်မခံပါဘူး။ နောက်တော့ ဆွေမျိုးတွေနဲ့ ဆေးရုံဝန်ထမ်းတွေက ပြဿနာမရှိဘူးပြောလို့ လက်ခံလိုက်ပါတယ်။

ခွဲစိတ်မှုဟာ မနက် ၁ နာရီမှာ ပြီးဆုံးခဲ့ပြီး swab တံအကျိုးကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ကလေးဟာ သတိပြန်လည်လာတဲ့အခါမှာ ကလေးအမေက #အထူးကုဆရာဝန်ကိုခေါ်ပေးဖို့ပြောပါတယ်။
ကလေးအမေက အထူးကုဆရာဝန်ကိုခေါ်ပြီး #ကလေးအခြေအနေကောင်းမကောင်းနဲ့ swab တံကို #အသေအချာဖယ်ထုတ်ခဲ့မှုရှိမရှိစစ်ဆေးပေးဖို့ တောင်းဆိုပါတယ်။
ခွဲစိတ်မှုမှာ သွေးထွက်လွန်ခြင်း၊ အသက်ရှုရခက်ခြင်းစတဲ့ surgery complication တွေမရှိဘူးလို့ ဆိုပါတယ်။
ဆေးရုံဝန်ထမ်းက ကလေးအမေကို #ဆရာဝန်ကြီးတွေမလာနိုင်သေးတဲ့အတွက်စောင့်ဖို့ပြောပါတယ်။
🚨 နောက်နေ့မနက် ၉ နာရီမှာ ကလေးဟာ သတိမလည်ဖြစ်လာပါတယ်။
🚨 ဆေးရုံဝန်ထမ်းက CPR ပြုလုပ်ပြီး အသက်ကူရှုစက်တပ်ပေးပါတယ်။
ကလေးအဖေဆေးရုံကို ရောက်လာပြီး #အထူးကုဆရာဝန်ကိုခေါ်ပေးဖို့တောင်းဆိုပါတယ်။
Radiologist က ဓာတ်မှန် X-ray ရိုက်ကြည့်တဲ့အခါမှာ ကလေးရဲ့အဆုတ်တစ်ဖက်မှာ အသက်ရှုလမ်းကြောင်းပိတ်နေတာကို တွေ့ရပါတယ်။
တကယ်တော့ ကလေးအခြေအနေမကောင်းတာနဲ့ ကလေးကို ကလေးအထူးဆေးရုံကို လွှဲပြောင်းပေးဖို့ စီစဉ်ခွင့်ပြုခဲ့ပါတယ်တဲ့။

🚨 ဒါပေမယ့် #တစ်နာရီလောက်ကြာတဲ့အထိအရေးပေါ်လူနာတင်ကားကမရောက်လာလို့ ဆေးရုံမှာထိုင်စောင့်နေခဲ့ရပါတယ်တဲ့။
လူနာတင်ကားဟာ နေ့လည် ၁ နာရီ ၁၉ မိနစ်မှာ ရောက်လာသော်လည်း ကလေးမိသားစုက ညနေ ၃ နာရီကနေ ၅ နာရီအထိ ထပ်စောင့်နေရပြန်ပါသတဲ့။
အဲ့ဒီအချိန်မှာ #ကလေးသေဆုံးသွားပါပြီလို့ ပြောကြားခဲ့ပါတယ်။
ဘာကြောင့် ဒီလောက်စောင့်ရတာလဲ အသေးစိတ်မသိရသေးပါ။
ကလေးမိသားစုက စုံစမ်းအရေးယူမှုတွေလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
#ဘာကြောင့်ကလေးဟာမသေသင့်ပဲသေဆုံးခဲ့ရတာလဲ⁉️
#ဘယ်လို_procedure_တွေလုပ်ခဲ့သလဲ⁉️ စုံစမ်းအရေးယူပေးပါတဲ့။
ဆော်ဒီကျန်းမာရေးဝန်ကြီး Tawfiq bin Fawzan al-Rabiah က ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။
ဝန်ကြီက ကလေးအဖေကို ဆက်သွယ်ပြီး ဝမ်းနည်းကြောင်းနဲ့ သူကိုယ်တိုင်ဒီကိစ္စကို လိုက်ပါမည့်အကြောင်း ပြောကြားခဲ့ပါတယ်။

🚨 ဒီသတင်းကနေ ကျနော်တို့ ဘာသင်ခန်းစာရမလဲ⁉️
👉 Nasal swab ယူရင် #ဂရုပြုကြဖို့တိုက်တွန်းလိုပါတယ်။
👉 ကလေးငယ်နဲ့ နာမကျန်းသူအတွက် special procedure ရှိသင့်ပါတယ်။
👉 Nasal swab ယူခြင်းကို #မကြောက်လန့်ဖို့ပြောကြားလိုပါတယ်။ ကြောက်လန့်လွန်းရင်လည်း swab ယူရာမှာ ပြဿနာတက်နိုင်ပါတယ်။
👉 သို့သော်အခုလို #ကလေးငယ်သေဆုံးသွားတဲ့အထိမဖြစ်စေဖို့ တားဆီးနိုင်ဖို့ လိုပါတယ်။
👉 ဘာကြောင့်ဒီလောက်အထိဖြစ်သွားတာလဲကို သုံးသပ်သင်ခန်းစာယူတတ်ဖို့ လိုပါကြောင်း။
👉 အထူးကုဆရာဝန်ရောက်မလာတဲ့ ပြဿနာမှာ #ဆေးရုံရဲ့_procedure_ကို_အဓိကသုံးသပ်သင့်ပါတယ်။
တကယ်တမ်းပြောရရင် အရေးပေါ်အခြေအနေမှာ ဆရာဝန်ခေါ်လို့မရတာမျိုးက Singapore General Hospital လိုနေရာမျိုးမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က နှစ်ကြိမ်လောက် ကြုံဖူးခဲ့ပါတယ်။

 

အခု procedure ပြောင်းမပြောင်းမသိပါ။ဆေးရုံရဲ့ procedure ပေါ်မှာပဲမူတည်ပါတယ်။
Mount Elizabeth Hospital လိုနေရာမျိုးမှာ အစစအရာရာပြည့်စုံတာတွေ့ရပါတယ်။
အခုလိုပြဿနာမျိုးမှာ ဆရာဝန်ကို အပြစ်တင်ကြမှာစိုးလို့ရှင်းပြတာပါ။ ဆေးရုံရဲ့ Management သာအဓိကဖြစ်ပါတယ်။
https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant

Richard Myo Thant
20-July-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •