COVISHIELD ကာကွယ်​ဆေး ထိုးသင့်သလား⁉️

Spread the love
  •  
  •  
  •  
  •  
  •  
  •  

💉 COVISHIELD #ထိုးသင့်သလား⁉️
~~~~~~~~~~~~~~~~~~~~~
ဒီရက်ပိုင်း 🇮🇳 အိန္ဒိယနိုင်ငံ SII ထုတ် Oxford ကာကွယ်ဆေး – COVISHIELD ကို #ထိုးသင့်မထိုးသင့်လာမေးတဲ့သူအတော်များပါတယ်။

🔹 ပထမဦးဆုံးပြောလိုတာက #သတင်းအမှားတွေပြန့်နှံ့မှုအကြောင်းပါ။

ကာကွယ်ဆေးနဲ့ပတ်သက်လို့ #မမှန်သတင်းတွေကလည်းအတော်ပွထနေပါတယ်။

ဒီကြားထဲမှာ 🇮🇳 အိန္ဒိယနိုင်ငံရဲ့ 🇲🇲 မြန်မာနိုင်ငံအပေါ်ကူညီမှုအား ဝေဖန်တိုက်ခိုက်ပြီးရေးတာတွေလည်းတွေ့ရပါတယ်။

အပြုသဘောပညာပေးရေးတာထက် အပျက်သဘောနဲ့ 🇮🇳 အိန္ဒိယပြည်တွင်းဖော်စပ်တဲ့ COVAXIN နဲ့ #ရောချကာမမှန်သတင်းအဖြစ် ပြည်သူတွေထင်ယောင်ထင်မှားဖြစ်အောင်ရေးတာလည်းတွေ့ရပါတယ်။

🇮🇳 အိန္ဒိယအစိုးရက သူ့ပြည်တွင်းမှာတောင်မလောက်တဲ့ COVISHIELD ကိုလှူတဲ့ကိစ္စမှာ COVAXIN ရဲ့အချက်အလက်တွေနဲ့ရောချပြပြီး မကောင်းကြောင်းရေးတာမျိုးကျတော့မလုပ်သင့်ပါ။

“COVISHIELD နဲ့ Covaxin #လုံးဝမတူပါ။”

🇮🇳 အိန္ဒိယအစိုးရကလှူတာ doses ပေါင်း (1.5) သန်းပါ။

(doses = လူတစ်ယောက်တစ်ခါထိုးစာပမာဏ)

ဒီကြားထဲ အမေရိကားက Pfizer ကာကွယ်ဆေးထိုးထားတဲ့သူက Oxford ကာကွယ်ဆေးဟာ Chimpanzee adenovirus vaccine vector ပါလို့ လူတိုင်းမှာထိုးလို့မရဘူးလို့ရေးထားတာတွေ့ရပြန်ပါတယ်။

သူထိုးထားတယ်ဆိုတဲ့ Pfizer ကရော လူတိုင်းထိုးလို့ရရဲ့လားဆိုတာ ထည့်မပြောပဲထိမ်ချန်ထားတာတွေ့ရပြန်ပါတယ်။

ငယ်ငယ်က အိမ်နောက်ကအဖွားကြီးပြောသလို “ငါ့ဖျင်မှာထိုးတဲ့ဆေးကပဲကောင်းသဟဲ့” ဆိုသလိုဖြစ်နေပါရော။

အတ္တတွေပါ။

ကျနော်ကတော့ ကိုဗစ်အတွက်ကြိုးပမ်းထားတဲ့ကာကွယ်ဆေးတိုင်းကို ကြိုဆိုပါတယ်။ သိသလောက်လည်းတင်ပြပေးပါတယ်။

🔹 ဒုတိယအနေနဲ့ ကျနော့်ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုပြောပါမယ်။

💉 ကျနော်ကိုသာ COVISHIELD ထိုးပေးမယ်ဆို #ရှေ့ဆုံးကအထိုးခံဖို့အသင့်ပါ။

👉 အောက်ပါအချက်အလက်တွေအရ ဆုံးဖြတ်ပါတယ်။

(၁) ဆေးပညာမှာစနစ်ကျပြီးဝါရင့်တဲ့ 🇬🇧 Oxford University မှ ပညာရှင်များကစီမံထားတဲ့ကာကွယ်ဆေးဖြစ်နေခြင်း၊

(၂) AstraZeneca က လိုင်စင်ပေးထားတဲ့ Serum Institute of India က ထုတ်ထားတာဖြစ်နေခြင်း၊

(Quality control အတွက် ပါတနာဖြစ်တဲ့ AstraZeneca က audit လုပ်မှာသေချာပါတယ်။)

(၃) Phase 3 စမ်းသပ်မှုမှာ ကာကွယ်ဆေးရဲ့ထိရောက်မှုဟာ ၆၀ % ကျော်ရှိနေခြင်း။ (နောက်မှအသေးစိတ်ရေးပါမယ်)

(၄) စမ်းသပ်မှုဒေတာတွေအရ Oxford ကာကွယ်ဆေးဟာ (reduced transmission effect) ကိုဗစ်ရောဂါ တစ်ယောက်နဲ့တစ်ယောက်ကူးစက်မှုလျော့ကျစေတာတွေ့ရတယ်လို့ AstraZeneca က နိုဝင်ဘာလက ကြေညာထားတာတွေ့ရခြင်း၊

(၅) Oxford ကာကွယ်ဆေးစမ်းသပ်စဉ်တုန်းက သက်ကြီးရွယ်အိုတွေ၊ အသက်ရှုလမ်းကြောင်းရောဂါရှိသူ (12 % အထိ)၊ နှလုံးရောဂါရှိသူ (13.1 % အထိ)၊ ဆီးချိုရှိသူ (3% အထိ) ပါဝင်စမ်းသပ်ခဲ့ခြင်း၊

အာရှသား၊ အနောက်တိုင်းသား၊ လူမည်း စသည်ဖြင့် အာရှသား (5.6 % အထိ) ထည့်သွင်းစမ်းသပ်မှုမှာပါခဲ့ခြင်း။

(၆) မြန်မာနိုင်ငံမှာ လုပ်ငန်းတွေပြန်စနိုင်ဖို့ အမြန်ဆုံးလိုအပ်နေတာမို့ ကာကွယ်ဆေးစီမံချက်မှာ #နိုင်ငံသားတစ်ယောက်အနေနဲ့ပူးပေါင်းဆောင်ရွက်သင့်ခြင်း တို့ကြောင့်ဖြစ်ပါတယ်။

🔹 တတိယအနေနဲ့ မြန်မာနိုင်ငံကဝယ်ယူထားတယ်ဆိုတဲ့ပမာဏကိုပြောလိုပါတယ်။

🇲🇲 မြန်မာနိုင်ငံအစိုးရက COVISHIELD doses ပေါင်း သန်း (30) ဝယ်ထားပြီး ဖေဖဝါရီလမှာရနိုင်တယ်လို့ 7Days ကဆိုပါတယ်။

ဘာပဲပြောပြောအခုလိုအချိန်မှာ နိုင်ငံတော်က COVISHIELD doses ပေါင်း သန်း (30) အမြန်ရအောင်ဝယ်ဖို့ကြိုးစားတာကို ချီးကျူးပါတယ်။

ကျနော်တို့အနေနဲ့ နိုင်ငံတော်အစိုးရရဲ့ ကောင်းမွန်တဲ့လုပ်ရပ်တွေကို အားပေးကူညီသင့်ပါတယ်။

ကျနော့်အနေနဲ့ ဘုန်းတော်ဘွဲ့မရေးတတ်တာ လူတိုင်းသိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကောင်းမွန်တဲ့လုပ်ရပ်တွေကို ချီးကျူးထောက်ခံသင့်ပါတယ်။

ကြိုးစားထားတဲ့သူတွေက တကယ်ကြိုးစားအားထုတ်ထားကြတာပါ။

အိန္ဒိယက ကာကွယ်ဆေးရောက်ပြီးမကြာခင်မှာပဲ မြန်မာနိုင်ငံဝေလံခေါင်ဖျားဒေသတွေအထိပို့နေတာ တွေ့ရပါတယ်။

🔹 စတုတ္ထအနေနဲ့သူတို့ပြောနေတဲ့ အိန္ဒိယကနိုင်ငံရေးအရပေးတယ်ဆိုတဲ့ကိစ္စ။

အခုလိုမြန်မာနိုင်ငံအတွက် ကာကွယ်ဆေးအသည်းအသန်လိုအပ်နေချိန်မှာ ကျနော့်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့လမ်းစဉ်အတိုင်းကျင့်သုံးသင့်တယ်လို့ပဲမြင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ လွတ်လပ်ရေးရဖို့ ပထမပိုင်းတရုတ်ပြည်ကို အ င်သွားခဲ့ပေမယ့် နောက်ပိုင်းဂျပန်ရဲ့အကူအညီကို ယူခဲ့ပါတယ်။

နောက်တော့မဟာမိတ်တွေအကူအညီနဲ့ ဂျပန်ကိုတော်လှန်ခဲ့ပါတယ်။ လွတ်လပ်ရေးရဖို့ ဗြိတိသျှကိုအရေးဆိုဖို့ အိန္ဒိယကခေါင်းဆောင်တွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံခဲ့ပါတယ်။

နိုင်ငံတိုင်းက သူ့အကျိုးစီးပွားအတွက်ကြည့်ကြမှာပဲ။

🇲🇲 မြန်မာနိုင်ငံအနေနဲ့ #သမိုင်းကြောင်းတစ်လျှောက်မြန်မာနိုင်ငံအပေါ် ဘယ်သူကပိုကောင်းခဲ့သလဲကြည့်ရမှာပါ။

Oxford ကာကွယ်ဆေးစစမ်းသပ်နေစဉ်ကတည်းက ဈေးအသက်သာဆုံးဖြစ်အောင်လုပ်မယ်လို့ AstraZeneca ကြေညာခဲ့သလို တကယ်လည်းသက်သာခဲ့ပါတယ်။

👉 COVISHIELD ကာကွယ်ဆေးကို ဦးဦးဖျားဖျားပွဲထုတ်ပြပြီးဈေးတင်ကာ ရမလားဈေးခေါ်ကြည့်တာမျိုး #မလုပ်ခဲ့ပါ။

🔹 ပဉ္စမအနေနဲ့ COVISHIELD ဟာလူသေဆုံးတဲ့အထိဖြစ်ဖူးသလားကိုဆွေးနွေးပါမယ်။

အခုချိန်အထိ စမ်းသပ်မှုအားလုံးမှာ လူသေဆုံးမှုမရှိခဲ့တာတွေ့ရပါတယ်။

Oxford ကာကွယ်ဆေးစမ်းသပ်မှုမှာ လက်ခံလို့ရတဲ့အနေအထားအထိ ပွင့်လင်းမြင်သာစွာရလဒ်တွေကို ချပြတာတွေ့ရပါတယ်။

လွန်ခဲ့တဲ့ ၃ – ၄ ရက်က #အိန္ဒိယမှာကာကွယ်ဆေးထိုးလို့လူသေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။

အိန္ဒိယဟာ လူပေါင်းသိန်းနဲ့ချီပြီးကာကွယ်ဆေးထိုးပေးခဲ့ပြီး ကာကွယ်ဆေး doses ပေါင်း တစ်သန်းကျော်ကို ခြောက်ရက်အတွင်းဖြည့်ဖြူးနိုင်ခဲ့ပါတယ်။

အဲ့ဒီမှာ သေဆုံးမှုရှိတယ်လို့သတင်းထွက်လာတာက မီဒီယာတွေက ပွင့်လင်းမြင်သာစွာရေးခွင့်ရလို့ပါ။

#မီဒီယာလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံတွေမှာ ဘယ်နှစ်ယောက်သေသလဲမသိရပါ။

အခုအိန္ဒိယက ကာကွယ်ဆေးထိုးပြီးသေဆုံးမှုရှိတယ်ဆိုတဲ့ကိစ္စမှာလည်း postmortem examination မှာ ကာကွယ်ဆေးနဲ့ သက်ဆိုင်မှုမရှိဘူးလို့ဆိုပါတယ်။

ကျနော်ကတော့ တကယ်သက်ဆိုင်သလားမသက်ဆိုင်သလား #သေချာသိရအောင်ဆက်လက်စောင့်ကြည့်နေဆဲပါ။

ထပ်ပြောပါမယ်။ ဆက်လက်စောင့်ကြည့်နေဆဲပါ။

သေချာတာတစ်ခုကတော့ အခုလိုလူသိန်းနဲ့ချီ ကာကွယ်ဆေးထိုးအပြီးမှာ လူသေတယ်ကြားတာ လက်ချိုးရေလို့ရတဲ့ ပမာဏအနည်းငယ်ပဲရှိပါသေးတယ်။

လူသိန်းချီပြီးကိုဗစ်ကူးစက်အပြီးမှာ အနည်းဆုံးလူထောင်နဲ့ချီပြီးသေဆုံးနိုင်ပါတယ်။

နိဂုံးချုပ်ပြောလိုတာကတော့ …

🔹 ကျနော့်ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ ကျနော်သာဆိုရင် COVISHIELD ထိုးပါမယ်။

စမ်းသပ်တုန်းကတောင်ပါဝင်ခွင့်မရလိုက်လို့ပါ။ လူသားကောင်းကျိုးအတွက်လုပ်တဲ့ကိစ္စမို့ #ရှေ့တန်းကပါဝင်ဖို့ဝန်မလေးပါ။

🔹 ကိုယ့်မှာ #ဘာရောဂါအခံရှိသလဲကို ကာကွယ်ဆေးမထိုးခင်ပွင့်ပွင့်လင်းလင်းပြောပြကြပါ။

🔹 ကာကွယ်ဆေးကရမယ့်အကျိုးကျေးဇူးနဲ့ ကိုယ့်လက်ရှိကျန်းမာရေးအခြေအနေရယ် ကိုဗစ်မကူးအောင်နေနိုင်သလားရယ် ချ်ိန်ဆပြီး #ဆုံးဖြတ်ချက်ချကြပါလို့တိုက်တွန်းပါတယ်။

🔹 ရောဂါကင်းဝေးပြီးကျန်းမာတဲ့လူငယ်လူရွယ်အားလုံးကိုတော့ #အခုအထိဒေတာတွေအရထိုးသင့်တယ်လို့ မြင်ပါတယ်။

🔹 အကယ်လို့ တကယ့်ကို အန္တရာယ်ရှိနိုင်တဲ့ခိုင်မာတဲ့အချက်အလက်တွေ့ရင်လည်း အသိပေးပါ့မယ်။

အားလုံးကိုဗစ်ကပ်ဘေးကမြန်မြန်ကင်းလွတ်ပြီး ပျော်ရွှင်တဲ့ဘဝကိုပြန်ရကြပါစေ။

Richard Myo Thant
26-January-2021


Spread the love
  •  
  •  
  •  
  •  
  •  
  •