D614G ဗီဇမျိုးကွဲ COVID ဗိုင်းရပ်စ် ဆိုတာဘာလဲ ?

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🦠 D614G Mutation #ကိုဗစ်ဗိုင်းရပ်စ်။

▪️အခုတလော D614G ကိုဗစ်ဗိုင်းရပ်စ်ဗီဇမျိုးကွဲအကြောင်း လူပြောများနေကြတယ်။

▪️D614G ကို G mutation လို့လည်းခေါ်ကြတယ်။

🇲🇾 မလေးရှားကျန်းမာရေးဝန်ကြီးဌာနညွှန်ချုပ်က မလေးရှားမှာတွေ့ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပြောတယ်။

👉 #တွေ့ရပုံကိုသိထားသင့်လို့ပြန်ပြောပြပါမယ်။

🇮🇳 #အိန္ဒိယကပြန်လာတဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဟာ ၁၄ ရက် #ကွာရန်တင်းဝင်ရမှာကိုစည်းကမ်းချိုးဖောက်ခဲ့သတဲ့။

သူကနေစလိုက်တာ ၄၅ ယောက် အစုလိုက်အပြုံလိုက်ကူးစက်မှုကို ဖြစ်စေခဲ့သတဲ့။

🚨 အဲ့ဒါကြောင့် #ခိုးဝင်တွေကိုလုံးဝမဝင်နိုင်အောင်တားကြပါ။

🚨ပြည်ပက Fast Track နဲ့ လာတဲ့သူတွေကို #ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ကြပါလို့ ပြောနေရတာပါ။

အဲ့ဒီ ၄၅ ယောက်ကနေ ဘယ်လောက်ဆက်ပြန့်မယ်လို့ မသိရသေးဘူး။

အဲ့ဒီ ၄၅ ယောက်ထဲမှာ အနည်းဆုံး ၃ ယောက်က D614G ဗိုင်းရပ်စ်မျိုးကွဲ ဖြစ်နေသတဲ့။

ဒါပဲသိရတယ်။ ၄၅ ယောက်စလုံးက D614G လား၊ ဘယ်နှစ်ယောက်လဲဆိုတာ အတိအကျမသိရသေးဘူး။

D614G လို့ခေါ်ရတာက အမိုင်နိုအက်ဆစ်ပြောင်းလို့။ အမိုင်နိုအက်ဆစ် နေရာ 614 မှာ D (aspartic acid) ကနေ G (glycine) ကို ပြောင်းသွားလို့။

အဲ့လိုလေးပြောင်းလိုက်တာနဲ့ ဗိုင်းရပ်စ်က အစွမ်းသတ္တိနည်းနည်းပြောင်းသွားရော။

ဘာလို့ mutation လို့ခေါ်တဲ့ #မျိုးဗီဇကွဲသွားရတာလဲ⁉️

ကျနော်အနီးစပ်ဆုံးဥပမာနဲ့ရှင်းပြပါမယ်။ မိတ္တူကူးဖူးတယ်မလား?

မိတ္တူကူးရင် မူရင်းနဲ့နည်းနည်းလေးကွဲသွားတယ်မလား? အဲ့သဘောပဲ။

🧬 ဗိုင်းရပ်စ်အတွက် mutation မျိုးဗီဇကွဲခြင်းဆိုတာ ပုံမှန်ဘဝစက်ဝန်း (normal part of life-cycle) တစ်ခုပဲ။

ဘာလို့ဖြစ်ရတာလဲဆိုရင် ဗိုင်းရပ်စ်က လက်ခံကောင်ရဲ့ ဆဲလ်ထဲကို ဝင်ပြီးမျိုးပွားရတယ်။

အဲ့လို့မျိုးဝင်ပွားချိန်မှာ မျိုးဗီဇအချက်အလက် (genetic data) တွေကို ကော်ပီကူးရတယ်။

အဲ့လိုကော်ပီကူးစဉ်မှာ နည်းနည်းလေး ဗီဇလွဲတတ်တယ်။ အဲ့ဒါကြောင့် ဗီဇနည်းနည်းကွဲတဲ့ mutation အသစ်ပေါ်လာတာ။

ဖြစ်ချင်တော့ အဲ့ဒီ D614G က အရင်သူ့ဘိုးအေတွေထက် ဆယ်ဆလောက်ပိုးကူးစက်လွယ်သတဲ့။

🇬🇧 University of Glasgow က Oscar MacLean ရဲ့ အပြောအရ အခု Covid-19 ကပ်မှာ အသေးစိတ်ပြောရရင် ကိုရိုနာဗိုင်းရပ်စ် mutation ပေါင်း ၂၀၀၀၀ လောက်အထိရှိပြီး D614G က လူသိများလာတယ်။

ဘာလို့လဲဆိုတော့ ကျန်းမာသန်စွမ်းတဲ့ လူငယ်လူရွယ်တွေမှာ ကူးစက်တာကိုတွေ့ရများလာလို့။

👉 ဒါ့ကြောင့် #အရင်ကထက်ပိုကူးစက်လွယ်တယ်လို့ပြောလာကြတာ။

#အခုလိုပိုမိုကူးစက်လွယ်တော့ဘာဖြစ်နိုင်သလဲ⁉️

D614G ဟာ Darwinian advantage ကို သက်သေပြတယ်။

သဘောက အဲ့ဒီဗိုင်းရပ်စ်ဟာ သူဆက်လက်ရှင်သန်ဖို့ ကြိုးစားနေတယ်။ ဒါကြောင့်လူများများကိုကူးစက်ပြီးမျိုးပွားဖို့ကြိုးစားနေတယ်။

ကောင်းတဲ့အချက်ကိုပြောပြမယ်နော်။

ယေဘုယျအားဖြင့် တစ်ခုပိုလာရင် တစ်ခုလျော့သွားတတ်တယ်။

ဗိုင်းရပ်စ်ဟာ ကူးစက်မှုပိုလွယ်ပြီး များများကူးရင် #ရောဂါပြင်းထန်စေမှုလျော့ကျသွားလေ့ရှိတယ်။

ဒါဆိုရင် အခု D614G ဟာ #ရောဂါပြင်းထန်မှုလျော့ကျသက်သာသွားမှာလား⁉️

အဲ့လိုဖြစ်နိုင်ခြေရှိတယ်လို့ University of East Anglia က Professor Paul Hunter ကပြောပါတယ်။

သို့သော် suggestion အဆင့်ပဲရှိပါတယ်။ real evidence တကယ့်သက်သေမပြနိုင်သေးပါတဲ့။

🇸🇬 စင်ကာပူ National University of Singapore က senior consultant ဖြစ်သူ Paul Tambyah ကလည်း D614G ဟာ ကူးစက်လွယ်ပြီး သေနှုန်းတော့လျော့သွားနိုင်ပါတယ်တဲ့။

သူက International Society of Infectious Diseases ရဲ့ ရွေးကောက်ခံဥက္ကဌလည်းဟုတ်တယ်။

ကျနော့်အနေနဲ့ အကျိုးအကြောင်း အဆိုးအကောင်းအကုန်သိစေချင်တာမို့ စိတ်ချမ်းသာစရာမျှော်လင့်ချက်ရှိရင်လည်း ထည့်ပြောခဲ့တာဖြစ်ပါတယ်။

“May be that’s a good thing to have a virus that is more infectious but less deadly” လို့ Paul ကပြောခဲ့တာ။

May be လို့ပြောလို့ ဖြစ်နိုင်တယ်ပဲပြောတာ။ အတိအကျပြောမရသေးဘူး။

ဒါပေမယ့်ကျနော်တို့ ယနေ့ Covid-19 အခြေအနေကို လေ့လာကြည့်ရင် လူသေဆုံးမှုနှုန်းတော်တော်ကျသွားတာကို တွေ့ရတယ်။

ယနေ့အထိ လူပေါင်း ၂၂.၆၇ သန်းအကူးစက်ခံထားရတယ်။ အတိအကျပြောရရင် ၂၂၆၆၇၈၃၃ ယောက်။

လက်ရှိကုသနေရတဲ့လူနာပေါင်း ၆၅၀၁၈၅၇ ယောက်မှာ ၆၁၉၄၇ ယောက်က အသည်းအသန်ကုနေရသူတွေဖြစ်တာကြောင့် စုစုပေါင်းရဲ့ ၁ ရာနှုန်းပဲရှိတော့တယ်။

ပိတ်လိုက်တဲ့ case ပေါင်း ၁၆ သန်းကျော်မှာ ၇၉၂၇၄၈ ယောက်သေဆုံးခဲ့တာကြောင့် သေဆုံးမှု ၅ ရာနှုန်းပဲရှိတော့တယ်။

အရင်၂၀ ရာနှုန်းက ကျလာတာဖြစ်တယ်။

ဒါဆိုရင် D614G ဖြစ်သွားလို့ #အကူးစက်လွယ်ပြီးသေနှုန်းကျသွားတာလား⁉️

အဲ့လိုကံသေကံမပြောလို့ကိုမရသေးတာ။

✅ လူသေနှုန်းကျသွားတယ်ဆိုတာက Covid-19 အကြောင်းကျန်းမာရေးဝန်ထမ်းတွေက အရင်ကထက်ပိုနားလည်လာတာ။

✅ အသက်ကြီးသူတွေ၊ နာတာရှည်ရောဂါသည်တွေကို မကူးအောင်ပိုဂရုစိုက်တာ။

✅ ဆေးဝါးတွေက နဂိုထက်ပိုကောင်းလာတာ။

✅ သွေးရည်ကြည်ကုထုံးလိုမျိုးတွေပေါ်လာတာ။

✅ အနောက်နိုင်ငံက လူတွေက Covid-19 က သေတတ်မှန်းပိုမိုသိလာပြီး #တစ်ခါသေဖူးပျဉ်ဖိုးနားလည်လာကြတာ။

✅ အခုဖြစ်နေတဲ့ အမေရိကန်လိုနေရာတွေမှာက ပိုမိုပြည့်စုံတဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေရှိတာ။

👉 အဲ့ဒီမှာမှ ဆင်းရဲတဲ့လူတွေမှာ ပိုသေဆုံးမှုများတာတွေ့ရတယ်။ ကျန်းမာရေးစောင့်ရှောက်နိုင်မှုအားနည်းလို့။

အဲ့ဒီတော့ ကျနော်တို့နိုင်ငံအနေနဲ့ပြောရရင်

D614G က လူလတ်ပိုင်းကို ကူးလို့မသေဖို့များပေမယ့် သူတို့ကတဆင့် အိမ်ကမိသားစုဝင် သက်ကြီးရွယ်အိုတွေ၊ ဆီးချိုသွေးချို၊ နှလုံးသွေးတိုးစတဲ့ နာတာရှည်ရောဂါသည်တွေကိုတော့ #ချမ်းသာပေးမှာမဟုတ်ပါဘူး။

ကျနော်တို့နိုင်ငံရဲ့ ဆေးရုံတွေရဲ့ဘက်ဂျက်နဲ့အခြေအနေနဲ့ ကျန်ကမ္ဘာ့နိုင်ငံအတော်များများရဲ့ အခြေအနေက တစ်ခြားစီပါ။

အဲ့ဒီတော့ ကိုယ့်အိမ်က မိဘတွေကို တကယ်ချစ်ခင်ကာကွယ်ချင်ရင် မကူးစက်အောင်၊ ကူးစက်ရင်တောင်ပိုးပမာဏနည်းအောင် 😷 Mask ကို #စနစ်တကျမဖြစ်မနေသုံးစွဲကြပါ။

တစ်ခုကျနော်လေ့လာစောင့်ကြည့်မိသလောက်က နေ့စဉ်ကူးစက်နှုန်း (Daily New Cases) ရဲ့ curve က မြင့်တက်မလာပဲ အကျဘက်ကို သန်းစပြုနေတာတွေ့ရပါတယ်။

ဒါပေမယ့် လူတွေပေါ့ဆလို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်တုန်းကလို ဒုတိယလှိုင်းဝင်ခဲ့ရင် မလွယ်ပါ။ ဒုတိယလှိုင်းသည် ပိုအန္တရာယ်များပါတယ်။

👉 #စစ်တွေကိုဘယ်လိုရောက်လာသလဲဆိုတာစိစစ်ပြီးတော့သင်ခန်းစာယူကြပါ။

🚨 #ယိုပေါက်ကတော့ရှိနေပါပြီ။

🚨 နယ်စပ်ကနေခိုးဝင်နေမှုတွေကိုကြပ်ကြပ်မတ်မတ်ကိုင်တွယ်ကြပါ။

🚨 ရောဂါအလွန်ဖြစ်နေတဲ့နိုင်ငံတွေက Fast Track နဲ့ ၂၁ ရက် Q မဝင်ပဲလာရင် လက်ခံသင့်မသင့်ပြန်စဉ်းစားကြစေလိုပါတယ်ခင်ဗျား။

🦠 D614G ဟာ Covid ကာကွယ်ဆေးပေါ်လာရင်တိုးပါ့မလား⁉️

အခုအထိတွေ့ရှိချက်အရ Covid ကာကွယ်ဆေးက D614G ကို ကာကွယ်မှုပေးနိုင်မယ်လို့ ယူဆထားကြပါတယ်။ ဒါကြောင့် ကာကွယ်ဆေးအတွက် သိပ်စိုးရိမ်စရာမလိုပါ။

အခုထိသိရသမျှ D614G အကြောင်းပါခင်ဗျား။

👉 Lockdown ဖြစ်ပြီး စီးပွားရေးထိခိုက်ကာ အငတ်ဘေးအဆိုက်ခံမလား စည်းကမ်းလိုက်နာကြမလား ရွေးကြရပါတော့မယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
20-Aug-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •