EFD Foundation က ထားဝယ်မြို့က ရပ်ကွက်များမှာ အခြေခံ စားသောက်ကုန်များ နှင့် ထောက်ပံငွေများ ပေးအပ်လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

EFD Foundation က ထားဝယ်မြို့က ရပ်ကွက်များမှာ
အခြေခံ စားသောက်ကုန်များ နှင့် ထောက်ပံငွေများ
ပေးအပ်လှူဒါန်း

 

Excellent Fortune Foundation နှင့် Excellent Fortune Development Group ၏ CEO, Chairman and Founder အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း နှင့် ဇနီး Senior Vice Chairman and Co-Founder အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီ တို့က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မြောင်းပုလဲရပ်ကွက်၊(ဎ)ရပ်ကွက်နှင့်ထားဝယ်မြို့ ရပ်ကွက်များရှိမိသားစု(၄၀၀)ကျော်အတွက် အခြေခစားသောက်ကုန်များလှူဒါန်းခဲ့ပါတယ်။

 

အဲဒီလှူဒါန်းမှုမှာ ဆန်၊ဆီ၊ဆားနှင့်စားနပ်ရိက္ခာများအပြင်အိမ်ထောင်စုတစ်စုအတွက်ငွေကျပ်(၂၀၀၀၀)ကို ဒီကနေ့၃၀.၈.၂၀၂၀ ရက်နေ့ မနက်က EFD Foundation ကအိမ်တိုင်ရာရောက်သွားရောက်လှူဒါန်းခဲ့ကြတာပါ။

Excellent Fortune Foundation က အခုလို လှူဒါန်းမှု များကို ကိုဗစ်ကာလ တစ်လျှောက်လုံး လှူဒါန်းခဲ့ပြီးယခုအခါငွေကျပ်သိန်းပေါင်းပေါင်း(၁)သောင်း နီးပါး လှူဒါန်းပြီးခဲ့ပြီလို့လည်း သိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •