EFD Group ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်း က သာကေတမြို့နယ်ရှိ Fortune Plaza Expo ခန်းမကို COVID-19 လူနာ ၁၀၀၀ အထိ ထားရှိနိုင်မည့် Fortune Covid Centre ဆေးရုံအဖြစ်လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

EFD Group ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်း က သာကေတမြို့နယ်ရှိ Fortune Plaza Expo ခန်းမကို COVID-19 လူနာ ၁၀၀၀ အထိ ထားရှိနိုင်မည့် Fortune Covid Centre ဆေးရုံအဖြစ်လှူဒါန်း

 

ရန်ကုန်မြို့၊ သာ​ကေတမြို့နယ် မှာရှိတဲ့ Forturne Plaza Expo ခန်းမ ကို ခုတင်(၁၀၀၀)ဆန့် ယာယီဆေးရုံအဖြစ် အသုံးပြုမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးလူမှု​ရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

 

ယာယီဆေးရုံအဖြစ်အသုံးပြုနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ Excellent Fortune Development Group  ဥက္ကဌ  ဖြစ်သူ ဦးစိုင်းမျိုးဝင်းက လှုဒါန်းတာဖြစ်ပါတယ်။

အဲဒီခန်းမကြီးကို ခုတင်(၁၀၀၀)ဆန့် Fortune Covid Centre ဆေးရုံအဖြစ် အသုံးပြုမှာဖြစ်ပြီး တက်ရောက်လာမယ့် လူနာတွေအတွက် လိုအပ်သည်များသုံးစွဲဖို့ ကျပ်သိန်းတစ်ထောင်ကိုလည်း မတည်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီ Forturne Plaza Expo ခန်းမဟာ ပြပွဲကြီးများကျင်းပရာနေရာဖြစ်ပြီး တစ်ရက်ငှားရမ်းခ သိန်း၃၀၀ ခန့်ကျသင့်တဲ့ ခန်းမကြီးဖြစ်ပြီး အခုဆေးရုံအဖြစ်အသုံးပြုခွင့်ကို COVID-19 ရောဂါကပ်ဘေးပြီးဆုံးသည်အထိ လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •