Elephant Inn အား COVID-19 ဧရာဝတီစင်တာတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများ အသုံးပြုရန် ဧရာဝတီဖောင်ဒေးရှင်းသို့ လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Elephant Inn အဆောက်အအုံနေရာအား COVID-19 (Second Wave)အတွင်း ဧရာဝတီစင်တာတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်၊ သူနာပြုနှင့် စေတနာ့ဝန်ထမ်းများ အသုံးပြုရန် ဧရာဝတီဖောင်ဒေးရှင်းသို့ လှူဒါန်း

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်း၊ နတ်မောက်လမ်းသွယ် ( ၁ )၊ အမှတ် ၄၉ (ဘီ)ရှိ Elephant Inn အဆောက်အအုံအား ရေ၊ မီးသုံးစွဲမှုများအပါအဝင် COVID-19 (Second Wave)အတွင်း ဧရာဝတီစင်တာတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်းများ နေထိုင်ရန်အတွက် ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်ထံသို့ အောက်တိုဘာ (၁၇)ရက်နေ့ နံနက်ပိုင်းက လွဲပြောင်းပေးအပ်လှူဒါန်းခဲ့ပါသည်။

ဧရာဝတီစင်တာတွင် ကျန်းမာရေးနှင့် စေတနာ့ဝန်ထမ်း စုစုပေါင်း (၇၀၀) ကျော် တာဝန်ထမ်းဆောင်လျက်ရှိပြီး ၎င်းတို့အတွက် နေရာထိုင်ခင်းအခက်အခဲကို ပြေလည်စေရန်ရည်ရွယ်၍ အဆောက်အအုံအား စေတနာထက်သန်စွာဖြင့် ထောက်ပံ့လှူဒါန်းပေးခဲ့ခြင်းအတွက် Elephant Inn မိသားစုကို ဧရာဝတီဖောင်ဒေးရှင်းမှ အထူးကျေးဇူးတင်ရှိပါကြောင်း လေးစားစွာဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •