Facebook Account များဖြင့် Online မှ ငွေကြေးလိမ်လည်နေသူများအားဖမ်းဆီးဖော်ထုတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Facebook Account များဖြင့် Online မှ ငွေကြေးလိမ်လည်နေသူများအားဖမ်းဆီးဖော်ထုတ်

နေပြည်တော်၊ အောက်တိုဘာ ၂၇

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၂ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ၌ “ငွေအတုသည်”အကောင့်မှ “ငွေအတုဝယ်လိုသောမိတ်ဆွေများဆက်သွယ်ရန် ဖုန်းအမှတ် ၀၉၆၇၈၅၀၇၅၁၉”ဟု ဖော်ပြထားသည်ကိုတွေ့ရှိရ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့မှ ဝယ်ယူသူတစ်ဦးအဖြစ် အသွင်ယူ၍အဆိုပါ ဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ရာ “ငွေအစစ်ကိုအတု ၆ ဆ နှုန်းဖြင့် လဲလှယ်ပေးကြောင်း၊လုံခြုံရေးကြိုး၊ ဗဟိုဘဏ်တံဆိပ်များပါရှိကြောင်း၊ မှာယူလိုပါကဖုန်းအမှတ် ၆၇၈၅၀၇၅၁၉ သို့Wave Money ဖြင့် ငွေလွှဲပို့ရန်” ညှိနှိုင်းပြောကြားသဖြင့် အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် ငွေကျပ် ၁ သိန်းဖိုးဝယ်ယူမည်ဖြစ်ကြောင်းညှိနှိုင်းပြောဆိုငွေလွှဲပေးခဲ့ပြီး

ငွေထုတ်ယူမှုအားစုံစမ်းစောင့်ကြည့်ခဲ့ရာစလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သစ္စာမြိုင်ရပ်ကွက်ရှိဖုန်းရောင်း/ဝယ်နှင့်Wave Money လုပ်ငန်းလုပ်ကိုင်သည့် “Sony” ဈေးဆိုင်သို့ စလင်းမြို့နယ်၊ မကျီးကုန်းကျေးရွာနေသူများဖြစ်သည့်ဌေးမြင့်ဦး(ခ)ဖိုးနန်း (ဖ)ဦးအောင်အောင်နှင့် မင်းမင်း (ဖ)ဦးသန်းဝင်းတို့ ၂ ဦးမှ လာရောက်ထုတ်ယူသွားကြောင်းသိရှိရ၍ နေအိမ်များသို့ ဝင်ရောက်ရှာဖွေရာ ၎င်းတို့ ၂ ဦးအား Wave Moneyလက်ခံထားသည့် Message များနှင့် “ငွေအတုသည်” Facebook အကောင့်အသုံးပြုသည့် ဖုန်းအမှတ် ၀၉ ၆၇၈၅၀၇၅၁၉၊ ၀၉ ၆၈၂၄၇၁၀၈၆၊ ၀၉ ၈၈၉၈၇၅၈၈၁၊ ၀၉ ၂၅၅၇၅၀၈၂၃ ဆင်းကတ် ၄ ခုပါဖုန်း၃ လုံး၊ ငွေ ၂၅၀၀၀ ကျပ်နှင့် ဆိုင်ကယ် ၁ စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။

တရားခံ ၂ ဦး၏ နေအိမ်များတွင် ငွေစက္ကူအတုများနှင့် ဆက်စပ်ပစ္စည်းတစ်စုံတစ်ရာတွေ့ရှိခြင်းမရှိဘဲ၎င်းတို့သည် “ငွေအတုသည်” အကောင့်ဖြင့် Onlineမှတစ်ဆင့် ငွေတုများရောင်းချသည်ဟုလိမ်လည်ပြောဆို၍ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေချိန် ပြည်သူလူထုအခက်အခဲအပေါ် အခွင့်ကောင်းယူကာပြည်သူများ၏ငွေကြေးကိုလိမ်လည်ရယူနေသူများဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဥပဒေနှင့်အညီအရေးယူဆောင်ရွက်ခဲ့ပြီးပြည်သူလူထုအတွင်းသတိပြုဆင်ခြင်နိုင်စေရန်နှင့် ငွေစက္ကူအတုများဖောင်းပွမှုမရှိစေရေး၊ မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်စေရေးမြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်းစောင့်ကြည့်သတင်းရယူကြိုတင်ထိန်းချုပ်အရေးယူဆောင်ရွက်လျက်ရှိကြောင်းအသိပေးအပ်ပါသည်။

Credit – ရဲဇာနည်

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •