Fortune Covid Centre ဆေးရုံ ပင်မဆောင်မှာ အခန်း ၆၀၀ကျော် ပါဝင်မည်၊ကျန်းမာရေးဝန်ထမ်းများနဲ့ဗော်လန် တီယာတွေအတွက် သီးခြားအဆောင်များစီစဥ်ထား
သာကေတမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးအောင်ငြိမ်းကျော် သာကေတမြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဒေါ်သက်ထားနွယ်ဝင်း တိုင်းကျန်းမာရေးကတာဝန်ရှိသူတွေ နဲ့ we love yangon အဖွဲ့တွေက မကြာခင်ဖွင့်လှစ်မယ့် Fortune Covid Centre ဆေးရုံ ပြင်ဆင်နေမှုတွေကိုလာရောက် ကြည့်ရှုအားပေးပါတယ်။
“ဆေးရုံကိုတစ်ပတ်အတွင်း ဖွင့်လှစ်နိုင်ဖို့စီစဥ်ထားပါတယ်၊ ပင်မအဆောင်က အခန်း၆၀၀ကျော်ကို လူနာတွေထားရှိမှာပါ ၊ ကုတင် ၁၀၀၀ ဆန့်အောင်ထားဖို့ပြင်ဆင်နေပါတယ်” ၊
“ဗော်လန်တီယာတွေကိုတော့ သာကေတမြို့နယ်အတွင်းကလူတွေရအောင်စီစဥ်ဖို့ ဝန်ကြီးချုပ်ကလမ်းညွှန်မှာကြားထားလို့ ကျွန်တော် တို့ဆောင်ရွက်နေပါတယ်” ။
“ဆရာဝန်တွေနေဖို့ပါစီစဥ်ထားရှိပြီး အခုပြင်ဆင်မှုတွေကိုဆောင်ရွတ်နေပါတယ် “လို့ သာကေတမြို့နယ် စည်ပင်ကော်မတီဥက္ကဌ ဦးအောင်ငြိမ်းကျော်က ရန်ကုန်နေးရှင်းကိုပြောပါတယ်။