Forward Media Group လူမှုကွန်ရက် စာမျက်နှာမှ “မုံရွာအောင်ရှင်ပြော” ဟူသည့် အကြောင်းအရာမှာ မှန်ကန်မှ မရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Forward Media Group လူမှုကွန်ရက် စာမျက်နှာမှ “မုံရွာအောင်ရှင်ပြော” ဟူသည့် အကြောင်းအရာမှာ မှန်ကန်မှ မရှိ

နေပြည်တော်၊ ဇွန် ၂၃

Forward Media Group လူမှုကွန်ရက် စာမျက်နှာမှ “ ဦးဇော်ဌေးရဲ့ လုပ်ရပ်တွေဟာ NLD အစိုးရနဲ့ NLD ပါတီရဲ့နောက်ကျောကို ဓါးနဲ့ထိုးနေသလို ဖြစ်နေတဲ့အတွက် သူ့ကို မယုံဘူးလို့ မုံရွာအောင်ရှင်ပြော” ဆိုသည့် အကြောင်းအရာ များမှာ မှန်ကန်မှု မရှိကြောင်း၊ အဆိုပါ Forward Media Group နှင့်လည်း အဆက်အသွယ် မရှိကြောင်း မုံရွာအောင်ရှင်က Peacock News သို့ အတည်ပြု ပြောဆိုသည်။

“Forward Media Group နဲ့လည်း အဆက်အသွယ်လည်း မရှိဘူး၊ အဲ့အထဲမှာပါတဲ့ စကားလုံး အသုံးအနှုန်းတွေ ကလည်း ဦးအောင်ရှင် သုံးတဲ့ အသုံးအနှုန်းတွေ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို အမ လို့လည်း မခေါ်ပါဘူး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြောကြားသည်။

လူမှုကွန်ရက်တွင် ဇွန် ၂၃ ရက် မွန်းလွဲပိုင်းက အဆိုပါ Forward Media Group ဟူသည့် လူမှုကွန်ရက် စာမျက်နှာမှ အကြောင်း အရာနှင့် ပတ်သက်၍ မုံရွာ အောင်ရှင်အား ဆက်သွယ် မေးမြန်းရာတွင် ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယခု ကိစ္စနှင့် ပတ်သက်ပြီး သတင်းမီဒီယာကောင်စီသို့ တိုင်ကြားထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ဆက်လက် ပြောဆိုသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •