Go Vote စစ်သည်တော်များအဖြစ်… တစ်ချီ တစ်မောင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Go Vote နှင့် No Vote အသွင်မှသည်…
Go Vote စစ်သည်တော်များအဖြစ်…
တစ်ချီ တစ်မောင်း…..

အထက်ပါခေါင်းစဉ်သည် မိမိတို့နိုင်ငအတွင်းရှိ ဒေသအသီးသီးတွင် မွေးဖွားပြီး အခြေချ မှီတင်းနေထိုင်ကြပါကုသော တိုင်းရင်းသား
နိုင်ငံသားများအား တစ်ခုဆီ ခွဲထုတ် ထိန်းချုပ်လိုက်သကဲ့သို့ ခံစားကြရပါတယ်။
စည်းလုံးမူများကိုပါ ထိခိုက် ပျက်စီးစေပါတယ်၊
သို့ပါသောကြောင့် မိမိတို့နိုင်ငံသားအားလုံးသည် တစ်ဦးခြင်း လွတ်လပ်စွာ ဆုံးဖြတ်
မဲပေးပိုင်ခွင့် အာဏာသည် အတူတူပင်ရှိပါတယ်ဟု ပထမဦးစွာ ရေးသားတင်ပြပါရစေ။

မိမိတို့နိုင်ငံဟာ ဒေသတစ်ခုအတွင်းမှာ
မျိုးနွယ်စု တစ်စုတည်း နေထိုင်ကြတာ
မဟုတ်သလို သူတို့မှာ နိုင်ငံသား၊
လူသားတစ်ယောက်၏ မွေးရာပါအခွင့်အရေးနှင့် အခွင့်ပိုင်ခွင့် ဆတူ အသီးသီးရှိနေကြပါတယ်။

ဒီမိုကရေစီမှာ မိမိတို့တစ်ဦးခြင်းဆီ၏
ဆန္ဒမဲပေးခြင်းသည်က အလွန်ပင်
အရေးပါလိုအပ်လှပါတယ်။

အထွေထွေရွေးကောက်ပွဲ သက်တမ်းတစ်ခု
အပြီး နောက်သက်တမ်းအတွက် မဲဆန္ဒများကို ပေးကြမူသည် မိမိတစ်ဦးခြင်းမှသည် တစ်နိုင်ငံလုံးအတွက်ပိုမိုကောင်းမွန်လာစေ ရန်ရည်ရွယ်ကာ
မိမိ၏ အခွင့်အာဏာကို
အပြည့် အဝ အသုံးပြု နိုင်ခြင်းသည်
နိုင်ငံအတွက်၊ ပြည်သူ ပြည်သား
တစ်ရပ်လုံးအတွက် သန်မာသော
အင်အားများဖြစ်ပါတယ်။

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုသည်မှာ မိမိကြိုက်နှစ်သက်သူကို
ရွေးချယ်ခွင့်ရရေးအတွက်
ကိုယ်တိုင်လွတ်လပ်စွာ ဆုံးဖြတ်ပြဌာန်းခွင့် ဖြစ်ပါတယ်၊

ကိုယ်ပိုင်လွတ်လပ်စွာဆုံးဖြတ်ပြဌာန်းနိုင်ခွင့်ကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ စာချုပ်စာတမ်းများတွင် အတိအလင်းပြဌာန်းထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၁၉) မှာ – လူတိုင်း၌မိမိတို့၏
ယုံကြည်ချက်၊ ထင်မြင်ချက်များကို
လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိသည်၊
ထို့ပြင် မိမိတို့၏ ယုံကြည်ချက်များကို ဆက်လက်ထိန်းသိမ်းထားခွင့် အပေါ်
အနှောင့်အယှက်ကင်းရေးအပြင်သတင်းအချက်အလက်များကို စူးစမ်းလေ့လာခွင့်များကို ဖန်တီးပေးရမည်။

အပုဒ်(၂၁) တွင်…
(၁) နိုင်ငံသားတိုင်းသည် ရွေးကောက်ပွဲတွင်
ဝင်ရောက် ယှဉ်ပြိုင်အရွေးခံရန် အတွက်လည်းကောင်း၊
မဲပေးရန်အတွက်လည်းကောင်း အခွင့်အရေးရှိပြီး နိုင်ငံအတွင်း၌ အစိုးရအဖွဲ့တွင်ပါဝင်ဆောင်ရွက်နိုင်သောအခွင့်အရေးရှိသည်။

(၂) နိုင်ငံသားတိုင်းသည် ၎င်း၏ နိုင်ငံတွင် ပြည်သူ့ရေးရာများ ညီတူ ညီမျှ ဝင်ရောက် ဆောင်ရွက်နိုင်သည်။

(၃) အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်သည်ပြည်သူတို့၏ ဆန္ဒပေါ်တွင် အခြေခံထားရမည်။
– စစ်မှန်သောရွေးကောက်ပွဲနှင့် အခါအား လျှော်စွာ ပြည်သူ့ဆန္ဒများကို ထုတ်ဖေါ်ခွင့်
ရှိစေရမည်၊
– တူညီသော အခွင့်အရေးများဖြင့် မဲပေးခွင့်နှင့်အပြည်ပြည်ဆိုင်ရာ စံနှုံးများအတိုင်းဖြစ်စေရမည်၊
– လျို့ဝှက်မဲပေးစနစ်အရလည်းကောင်း၊
တပြေးညီလွတ်လပ်စွာမဲပေးနိုင်ခွင့်ရှိသောစီမံချက်အရလည်းကောင်း ကျင်းပရမည်၊

ဟူ၍ပြည်သူ့အခွင့်အရေးနှင့် နိုင်ငံရေးပါတီများဆိုင်ရာအခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်စာချုပ်အရ
ဖေါ်ပြထားပြီးဖြစ်ပါတယ်။

ဒါ့အပြင် အာဆီယံနိုင်ငံများ၏ နိုင်ငံအလိုက်လက်ခံထားကြတဲ့ အချက်ကိုလည်း
တင်ပြပါမယ်၊
(၁) တိုးတက်သောဒီမိုကရေစီနိုင်ငံများ၊
(ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံ)၊
(၂) တစ်ပါတီကြီးစိုးလွှမ်းမိုးထားသောနိုင်ငံ၊
(စင်္ကာပူ၊မလေးရှား၊ဘရူနိုင်း၊ကမ္ဘောဒီး
ယားနိုင်ငံ)၊
(၃) ဆိုရှယ်လစ်နိုင်ငံများ၊
(ဗီယက်နမ်၊ လောနိုင်ငံ)၊
(၄) စစ်တပ်ကြီးစိုးသောနိုင်ငံ၊
(မြန်မာနိုင်ငံ)။

ဆိုပြီး သတ်မှတ်ထားကြတာကို
တွေ့ကြရပါတယ်။

သို့မို့ကြောင့် ယနေ့ နိုင်ငံရေးစနစ်
အပြောင်းအလဲကာလတွင် ဆန္ဒမဲများပေး
နိုင်မူဟာ မိမိတို့နိုင်ငံမှာ ဘယ်လောက်
အရေးကြီး လိုအပ်ပါသလဲဆိုတာကို
မိမိတို့ နိုင်ငံသားများက
သိစေကြဖို့လိုအပ်ပါတယ်။

ထို့သို့သော အကြောင်းအချက်များအရ
မိမိတို့နိုင်ငံ၏ လိုအပ်ချက်မှာ…

No Vote မဟုတ်ပါပဲ ၊
Go Vote သာလျှင် ၊
မိမိတို့နိုင်ငံအတွက် ပြောင်းလဲနိုင်မူ
အားများသာဖြစ်ပါတယ်။

မိမိတို့နိုင်ငံသားအများစုက ရှေးရိုးစွဲ
ဆန်ကြပါတယ်၊
ယုံမိပြီဆိုလျှင် မည်သူက ဘယ်လောက်ပင်ဖျက်ဖျက် ၊ဘယ်လောက်ပင်ပြောနေ
ဆွယ်နေပါစေ NO ပါ။

ယုံကြည်မူမရှိတော့လျှင်လည်း မည်သို့ပင်ဆိုနေကြပါစေ NO ပါပဲ၊

စိတ်လည်းအရူတ် မခံကြသလို စိတ်ပျက်လည်းလွယ်တတ်ကြပါပေတယ်၊

ကောက်ရိုးမီးလိုလည်းရှိနေတတ်ပြန်ပါတယ်၊
အားတက်ရင်လည်း သူတို့အပြင်မရှိသလို
စိတ်ဓာတ်ကျပြီဆိုရင်လည်း သူတို့အပြင်မရှိ ပါဘူး။

အထက်ပါအချက်တွေကို ကိုင်တွယ်ပြီး လူထူကို ညာလုံးရိုက် ဖြီးဖြန်းနေကြတာကလည်း
နောက်ခံသမိုင်းကြောင်းမကောင်းခဲ့တဲ့အပြင်
၎င်းတို့ဘဝ လိုဘ အတွက် တစ်ကိုယ်ကောင်းသမားများကလည်း၊ မိမိတို့နိုင်ငံမှာ
၎င်းတို့၏ အာဏာ နိုင်ငံရေးအစဉ်
အဆက်ကို ရှည်လျားအောင်
လုပ်နေတာကိုလည်းတွေ့နေကြရပါတယ်။

၎င်းတို့ဟာ ရွေးကောက်ပွဲမှာ နိုင်ခြေမရှိလာတဲ့အခါမှာ No Vote ကို…..
ပြည်သူအများ မျက်စိလည်လာ အောင်
ဒလံများစွာကို အသုံး
ပြုလာကြကာ
မီဒီယာစာမျက်နှများကိုအသုံးချ လာကြတာကိုလည်းတွေ့နေကြရပါတယ်။

သို့ကြောင့် မိမိတို့နိုင်ငံမှာ တရားဥပဒေစိုးမိုး
မူက ယခုအချိန်ကာလအထိ
အားကောင်းခြင်းမရှိသေးတာဖြစ်ပါတယ်။

သို့မို့ကြောင့် ဥပဒေဆိုး ဆိုသည့်
မတရားသော ဥပဒေနှင့် ငွေ ဓန၊
အာဏာဟောင်းအစရှိသည့်
အင်အားကြီးပြီး၊မတရားသူများကိုသာ ကာကွယ်ပေးမည့် ဥပဒေ ဉာဉ်ဆိုးများကို
တဖြေးဖြေး ပျောက်အောင်၊
မျိုးစု ပြတ်စေရန်အတွက် ပြည်သူ လူထု မှ ရွေးချယ်နိုင်ခွင့်
အပြည့်အဝရှိသည့် အထွေထွေရွေးကောက်ပွဲများမှတဆင့် တိုင်းရင်းသား နိုင်ငံသားပြည်သူ တစ်ဦးခြင်းမှ မိမိတို့၏ ဆုံးဖြတ်ပိုင်ခွင့်
အခွင့် အာဏာ များကို အင်ပြည့် အားပြည့်
အသုံးပြု ဆောင်ရွက်ကြကာ
မိမိတို့ အား ကိုယ်စားပြုမည့်
ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်
အစိုးရကို မဲပေးရွေးချယ်ကြခြင်းသည်
ယနေ့ မိမိတို့နိုင်ငံအတွက် အလွန်ကို အရေးပါ လိုအပ်လှပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ရွေးချယ်ခံ လွတ်တော်ကိုယ်စားလှယ်များနှင့် ရွေးချယ်ခံအစိုးရ မြစ်ဖျားခံရာ
ဖြစ်တဲ့…
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအပေါ်မှာ လူထုက အားပေးထောက်ခံလာခဲ့ကြတာ နှစ်ပေါင်း (၃၂) နှစ်တိုင်လာပါပြီ၊
မိမိတို့နိုင်ငံ၏ ထူးခြားသော ဖြစ်စဉ်ပါ၊
ပြည်သူ လူထု၏ စိတ်ရှည် လက်ရှည် ချစ်ခင် ယုံကြည်လာခဲ့သော အခင်းအကျင်းပဲဖြစ်ပါတယ်၊

မဆလ နှင့် နဝတ/နအဖ ကတိုင်းပြည်ကို အုပ်ချုပ်ခဲ့သည့် ကာလရှည်များနှင့်
လုံးလုံး လျားလျား မတူညီသည့် ဖြစ်စဉ် အခင်းအကျင်းပဲ ဖြစ်ပါတယ်။

အဖွဲ့ချုပ်ပါတီနှင့် လွတ်တော်ကိုယ်စားလှယ်များအပါအဝင် အစိုးရကလည်း
ကိုယ့်ကိုကိုယ် ပြင်ကြရပါမယ်။
လူထု၏ ယုံကြည် အားထားမူများ အရာရောက်အောင် ပြု ပြင်ကြဖို့ သည်က
အင်မတန်အရေးပါပါတယ်။

၎င်းတို့၏ ဆန္ဒမဲများကိုလာရောက်ပေးကြ
မည့် ပြည်သာများကို အဆင်ပြေပြေ
ပေးနိုင်ကြစေဖို့ အစိုးရနှင့်တကွ
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့အတူ အဆင့်ဆင့်သော ရွေးကောက်ပွဲ ကော်မရှင်များမှလည်း ပြဌာန်း ညွန်ကြားချက်များနှင့်အညီ ပေးထားချက် ဥပဒေ လုပ်ပိုင်ခွင့်များကို
အပြည့် အဝ ထမ်းဆောင်ကြဖို့ လိုအပ်ပါတယ်။
ပါးစပ်လေးနဲ့ရုံးပေါ်မှာ ထိုင်ပြီး ပြောနေယုံ၊
ပြာယာခတ်ပြနေယုံမျှနှင့် မရပါ၊

အထူးသဖြစ် တိုင်းဒေသ/ ပြည်နယ်
လူဝင်မူ ကြီးကြပ်ရေးဝန်ကြီးများ၊
သက်ဆိုင်ရာ ရွေးကော်အဆင့်ဆင့်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
တာဝန်ရှိသူများ၊ အခြေခံကျပြီး အရေးကြီး
သည့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများနှင့်
အဖွဲ့ဝင်များမှ ပိုမို စေ့စပ်သေချာစွာ အလုပ် လုပ်ကြဖို့ လိုအပ်ပါတယ်။

စာရေးသူအထက်မှာ ရေးသားတင်ပြခဲ့သလို မိမိတို့ နိုင်ငံသားများက စိတ်အရူတ်မခံတတ် ကြပါ၊
ထို့ပြင် ရုံး ကနားများနှင့် ပြောဆိုလိုမူများလည်းမရှိကြပါ၊
ခေတ်အဆက်ဆက် အုပ်ချုပ်သူ လူတန်းစားများကြောင့် အစိုးရဌာနများ၊ရုံးများကို ကြောက်ရွံ့ နာကြည်းကြကာ သွားရောက်
ပြောဆို ဆက်ဆံလို မူများမရှိကြပါ၊
ဤကဲ့သို့သော အခြေအနေများကို
ဖျောက်ဖျက်ကြစေဖို့သည် ယနေ့ ခေတ်ကာလ အစိုးရများ၏ မဖြစ်မနေ
လုပ်ကြရမည့် တာဝန်များဖြစ်ပါတယ်။

ပြန်ဆက်ပါမည်၊
ထိုကဲ့သို့ ရှိနေကြဆဲ ပြည်သူ ပြည်သားများ၏ စိတ်အခြေအနေကို အစိုးရတာဝန်
ရှိသူအပေါင်းက သိနေကြရပါမယ်။

ဒါ့ကြောင့် ပြည်သူအများ…
Go vote များများ ဖြစ်လာစေရေး၏
အရေးကြီဲးတဲ့ အခန်းကဏ္ဍသည်
တိုင်းဒေသကြီး/ ပြည်နယ် လဝက ဝန်ကြီးများအပေါ်တွင် တာဝန်ရှိပါတယ်။

မဲစာရင်းအမှားများသည် တမင်တကာများ အစီ အစဉ်တကျ လုပ်နေသလိုမျိုးတွေ့ရပါတယ်။
အမှန်တော့မဟုတ်ပါ၊
လဝက ဝန်ကြီးများ၊ ရွေးကော်များ၊ ထွေအုပ်များ ၊ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များ၏ အားနည်းချက်များသာဖြစ်ပါတယ်။

၎င်းအဖွဲ့များအား မဲစာရင်း Door to Door စာရင်းပြုစုဖို့ နှင့်…
(၂၀၁၉) ခုနှစ် ဧပြီလမှ (၂၀၂၀) စက်တင်ဘာလကုန်အထိ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ
အတွက်အသုံးပြုရန် နိုင်ငံတော်အစိုးရမှ ဘတ်ဂျက်(budget) အား ပြည်ထောင်စုလွှတ်တော်၏သဘောတူ ဆုံးဖြတ်ချက်ဖြင့် ဘီလီယံ ကျပ်ပေါင်း (၆၀) ချ ပေးထားပြီး
ဖြစ်ပါတယ်။
သို့ပေမယ်လို့
၎င်းတာဝန်ရှိသူတို့ အလုပ်မလုပ်ကြတာဖြစ်
ပါတယ်။

၎င်းတာဝန်ရှိသူများ၏ အားနည်းချက်ကို
ကိုင်တွယ်ပြီး ပြည်သူ လူထု၏ ထောက်ခံ
ဆန္ဒမဲ နှင့် အောင်မဲများကို မရနိုင်သည့်
အစု အဖွဲ့ များမှ တစ်ကိုယ်ကောင်း ၊
ငါ့ဘို့ သမားများက ငွေကြေးများသုံးစွဲကြကာ
မစားရတဲ့အမဲ သဲနဲ့ပက်သကဲ့သို့ ပြည်သူ လူထု၏ Go Vote များကို ပြောင်းပြန်လှည့်စေသည့်
No Vote အသံများကို မီဒီယာကို
အသုံးချ၍ ပြုလုပ်နေကြပြီ ဆိုတာကို
မိမိတို့ ပြည်သူများနဲ့အတူ သက်ဆိုင်ရာ
တာဝန်ရှိ်သူအပေါင်းမှ သိကြပြီး
ကာကွယ်မည့် သို့မဟုတ် ပြည်သူများ၏
Go Vote များ ပြန်လည်အရှိန်ယူ
မြင့်င့်တက်လာကြစေရန်
မဲစာရင်းများ အမြန်ဆုံး အဆင်ပြေလာစေဖို့ ဆောင်ကျဉ်းပေးကြရမှာ ဖြစ်ပါတယ်။

မိမိတို့နိုင်ငံ၏ လိုအပ်ချက် ဖြစ်သော
အပြောင်းအလဲနှင့် ကောင်းမွန်သည့်
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု
စနစ်ဖြင့် ထူထောင် တည်ဆောက်နိုင်စေရန် အတွက်
အရေးပါသည့် အသန်မာဆုံးစစ်သည်တော် များသည်ကား
အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲများ
ပေးနိုင်ခွင့် အခွင့်အာဏာ အပြည့်
ရှိနေကြသော တိုင်းရင်းသား နိုင်ငံသား
အားလုံး၏ မဲပေးကြမည့် ဆန္ဒများနှင့်လက်များသာ ဖြစ်ပါတယ်။

မိမိတို့ ပြည်သူများ၏ နိုင်ငံရေးပါဝင်နိုင်မူကကင်းမဲ့လာပြီး နိုင်ငံရေးနဲ့ အလှမ်းကွာလာခဲ့ ကြတာက နှစ်ပေါင်း(၅၀) ကျော် ကြာခဲ့ရ
ပါတယ်။

ပြည်နယ်၊ ပြည်မလို့ ယခင်က ပြောလာ
နေကြတဲ့ မိမိတို့ နိုင်ငံသား အားလုံးက
လွတ်လပ်ရေးရပြီး ကထဲက ဖြစ်လာခဲ့
ကြတဲ့ လကနက်ကိုင်တိုက်ပွဲတွေ စစ်ပွဲတွေကို
ကြောက်ရွံ့ ငြီးငွေ့လာကြပါပြီ။

တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့ အားလုံးဟာ နီးစပ် ထိတွေ့တဲ့အရာ
အားလုံးကို မျိုးနွယ်စု တူသည်ဖြစ်စေ၊
မတူသည်ဖြစ်စေ ၊
ဗိုလ်ကျ စိုးမိုး အနိုင်ကျင့်လာခဲ့ကြတာ
ဖြစ်ပါတယ်။

သို့မို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့
အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မျှော်လင့်ချက် ရောင်ခြည်အဖြစ်
အားကိုး ယုံကြည် ထောက်ခံလာခဲ့ ကြတာဖြစ်ပါတယ်။
သို့ကြောင့် (၂၀၁၅) အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်၊တိုင်းဒေသကြီး အားလုံးက
ထောက်ခံဆန္ဒမဲများစွာပေးခဲ့ ကြတာဖြစ်
ပါတယ်။

ခုနေချိန်ခါမှာတော့ လူထုနဲ့ နိုင်ငံရေးကင်းကွာ မူတဖြေးဖြေး နည်းပါးလာခဲ့ကာ
ပြည်သူ လူထု၏ နိုင်ငံရေးပါဝင်လာနိုင်မူက မြင့် တက်လာပါပြီ၊

ထိုကဲ့သို့သော အခင်း အကျင်း အခြေအနေ အဆင့် အတန်းများ ဖြစ်တည်လာစေရန်သမှာ (၂၀၂၀) အထွေထွေရွေးကောက်ပွဲသည်
တိုင်းရင်းသား ပြည်သူလူထု၏
ဒုတိယ လိူင်းဖြစ်ပါတယ်၊

ဒုတိယလိူင်းတွင် နိုင်ငံရေး ရေချိန် အားကောင်း လာစေရန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
အစိုးရတစ်ရပ်ကို လွတ်လွတ် ကျွတ် ကျွတ် ဖွဲ့နိုင်စေရန်နှင့်…

ဒီမိုကရက်တစ်ပါတီ မျက်နှာသစ် နိုင်ငံရေး
ပါတီများမှ လွှတ်တော်အတွင်းပါဝင်သင့်သူ
နိုင်ငံရေး ခေါင်းဆောင်များအား
ရွေးချယ်မဲပေးနိုင်ကြစေ ဖို့သည် မိမိတို့
နိုင်ငံအတွက်အရေးကြီးလှပါတယ်။

တတိယ၊စတုတ္ထု ခြေလှမ်းများမှ မိမိတို့နိုင်ငံ၏ နိုင်ငံရေးကို ပိုမို ယုံကြည် စိတ်ချလာရ
မယ့်သဘော သက်ရောက်ဖြစ်တည်လာ
ပါလိမ့်မယ်။
ထိုသို့ ဆင့် ကဲထူထောင် တည်ဆောက်ကြရ ခြင်းဖြင့်မိမိတို့ နိုင်ငံ၏် နိုင်ငံရေးအဆင့် အတန်းကို တိုးတက် မြင့်မား
တည်ငြိမ်စေရပါမယ်။

နိုင်ငံတော်ကိုလည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အဆင့် အတန်းကို စည်းလုံး ညီညွတ်ပြီးဂုဏ်သိက္ခာရှိတဲ့ ၊
နိုင်ငံအများက လေးစားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရှိတဲ့ ပြည်ထောင်စုကြီး
အဖြစ် ကမ္ဘာ့ အလယ်မှာ အဆင့်အတန်းရှိစွာ ရပ်တည်နိုင်ကြရပါမယ်။

သို့ဖြစ်ပါ၍ မိမိတို့ တိုင်းရင်းသား နိုင်ငံသား ပြည်သူ ပြည်သား အားလုံးသည်…

No Vote များကို ပယ်ဖျက်၊ ဥပက္ခပြုကြ ပြီး ၊

Go Vote အဖြစ် ရပ်တည်ကြကာ ၊

မိမိတို့ ပြည်ထောင်စုကြီး၏ အသန်မာဆုံးသော စစ်သည်တော်များအဖြစ် စည်းလုံး
ညီညွတ်မူ အင်အားများကို စုပေါင်းကြ၍ ၊

Go Vote စစ်သည်တော်များအဖြစ်…

နိုင်ဝင်ဘာလ(၈) ရက်နေ့တွင် မဲရုံများသို့
သွားရောက် ဆန္ဒမဲများ ပေးကြပါစို့…..

ဟု ရေးသား တိုက်တွန်း လိုက်ရပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
………( 31.7.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •