Hlaing Quarantine Center (1) အား ကိုဗစ်-၁၉ ကုသရေးဌာန အဖြစ် ပြောင်းလဲ​

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Hlaing Quarantine Center (1) အား ကိုဗစ်-၁၉ ကုသရေးဌာန အဖြစ် ပြောင်းလဲ​ဆောင်ရွက်
လှိုင် စက်တင်ဘာ ၁၆

ရန်ကုန်အ​နောက်ပိုင်းခရိုင် လှိုင် မြို့ နယ်တွင်ဖွင့်လှစ်ထားရှိ​သော Hlaing Quarantine Center (1)တွင် ယမန်​နေ့နံနက်၈နာရီကလှိုင် မြို့ နယ် ကိုဗစ်-၁၉ အ​ရေး​ပေါ်ကာကွယ် ထိန်းချုပ်​ရေး​ကော်မတီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ​ဒေသကြီးကိုဗစ်-၁၉ ​ပေါင်းစပ်ကုသ​ရေးအဖွဲ့ ​ဆေးတက္က သိုလ်(၁)ပါ​မောက္ခချုပ်ဒေါက်တာ ဇော်ဝေစိုး၊ဒုပါ​​မောက္ခချုပ် ​ဒေါက် တာမြင့်မြင့် ငြိမ်း၊​ဒေါက်တာစုစုလှိုင် ​ရန်ကုန်​တောင်ပိုင်းခရိုင် ၊ဦးစီးမှုး (ပြည်သူ့ ကျန်းမာ​ရေး)လှိုင်ကွာ ရန်တင်းစင်တာ (၁)တာဝန်ခံတို့​​တွေ့ဆုံပြီးဗစ်- ၁၉ ကုသရေးဌာန အဖြစ် ပိုးတွေ့လူနာများအား စတင် လက်ခံ ဆောင်ရွက်သွားရန်​ဆွေး​နွေးဆုံး ဖြတ်ခဲ့ကြပါသည်။

ရန်ကုန် တိုင်းအတွင်းရှိကိုဗစ်ပိုးတွေ့လူနာများအားထိရောက်စွာ ကုသပေးနိုင် ရန်အတွက်လှိူင်ကွာရန်တင်း စင်တာ (၁)အားကုသရေးဌာနအဖြစ်ပြောင်းလဲလိုက်ခြင်းဖြစ်ပြီးဌင်း ကုသရေး ဌာနကို လူနာ ၅၀၀အထိ ထားရှိနိုင်​သော ကုသရေးဌာန အဖြစ်ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။

ကျန်ရှိ​သောလှိုင်ကွာ ရန်တင်း စင်တာ(၂)၊(၃)၊မင်းဓမ္မကွာရန်တင်း စင်တာများအားကွာရန်တင်းစင်တာအဖြစ်ဆက်လက်အသုံးပြုသွားမည် ဖြစ်၍ဌင်းစင်တာများတွင်ပြည်ပမှ ပြန်လာသူများ၊ပိုးတွေ့သူများနှင့်ထိ​တွေ့ခဲ့​သော ကွန်တက်ပါစင် (Contact Person)များအားယခင် အတိုင်းလက်ခံ​ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

 

 

ယင်းစင်တာများအား ကိုဗစ်စတင်ဖြစ်ပွားချိန်မတ်လမှစ၍ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာန၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှု စေပိုင်ဖွံ့ဖြိုးမှုကုမ္ပဏီ၏ ပံ့ပိုးကူညီမှုများဖြင့်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီးစောင့်ကြည့်လူနာများအား ထားရှိခဲ့ခြင်းဖြစ်ပါသည်။

ကုသရေးစင်တာနှင့်စောင့်ကြည့်ရေးစင်တာ တာဝန်ကျများ၊ စောင့်ကြည့်လူနာများ၊ နေရပ်ပြန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ စေတနာ့ဝန်ထမ်းများ၏ နေထိုင်စား သောက်မှု၊အခြေခံ လိုအပ်ချက်များ အားရန်ကုန်တိုင်းအစိုးရအဖွဲ့၊ စေပိုင်ဖွံ့ဖြိုးမှုကုမ္ပဏီတို့ကတာဝန်ယူ ပံ့ပိုး ပေး၍အလှူရှင်များကလည်းပံ့ပိုးကူညီ​ပေးလျက်ရှိ​​ကြောင်းသတင်း ရရှိ ပါသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •