ICJ, OIC, ဂမ်ဘီယာနှင့် ယနေ့(၂၀၂၀) မှသည် တစေ့တစောင်း ကြည့်ခြင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ICJ၊ OIC၊ ဂမ်ဘီယာနှင့် ယနေ့(၂၀၂၀) မှသည် တစေ့တစောင်း ကြည့်ခြင်း –

ICJ တွင် OIC အုပ်စု၏ကိုယ်စား ဂမ်ဘီယာနိုင်ငံမှ အချုပ်အခြာအာဏာ ပိုင်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မြန်မာနိုင်ငံသားများအားလုံးကိုတရားစွဲခြင်း နှင့် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာ၊
ဖွဲ့စည်းပုံအခြေခံဥပဒေများမှပေးထားချက်ရပ်တည်မူများ၊လုပ်ပိုင်ခွင့် အခွင့်အာဏာ၊နိုင်ငံ၏ အမြင့်ဆုံး ဥပဒေပြုမူအခွင့် အာဏာရှိသော လွှတ်တော်၊
များ၏ ပိုင်ခွင့်များကို ရေးသားတင်ပြပါရစေ၊

အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ပေါ်ပေါက်မူကို ပထမဦးဆုံး အကျဉ်းချုံးရေးပါရစေ၊
အမေရိကန်နိုင်ငံသည် (1781) တွင်စစ်ပွဲများဖြစ်ပွားကာ ဂရိတ်ဗြိတိန်ထံမှ လွတ်လပ်ရေး ရရှိခဲ့ပါတယ်၊
(1789) အထိ အမေရိကန်၏ ဖွဲ့စည်းပုံစည်းမျ ဉ်းမှာ
Articles of Confederation ဖြင့်သာ ရှိနေပါတယ်။
အဆိုပါ အုပ်ချုပ်ပုံဥပဒေသည် ချို့ယွင်းချက်များကအလွန်များပြားခဲ့ပြီးဗြိတိန် လက်အောက်ခံကိုလိုနီ ဘဝတုန်းက ပြည်နယ် ( ၁၃) ခုရှိ ၍ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်လာသောအခါတွင်လည်း နာမည်ခံလောက်သာ ပြည်ထောင်စု United States ဟုခေါ် နိုင်သည့် ပြည်နယ်(၁၃)ခုက မိတ်ဆွေဖြစ်ရုံ လောက်သာ ပူးပေါင်းစုစည်းထားခြင်းသာဖြစ်ပါသေး တယ်၊
လွတ်လပ်ပြီးကာစမှာ အဆိုပါ မိတ်ဆွေပြည်ထောင်စု များက တဖြေးဖြေး လျော့ကျ လာခဲ့ ကာ စီးပွားရေး၊ လူမူရေးကဏ္ဌများ၌ တိုက်ခိုက်မူများရှိလာခဲ့၍ စည်းလုံးမူပျက်ပြားလာခဲ့ ပါတယ်၊
၎င်း ပြည်နယ် (၁၃) ခုလုံးက မိမိတို့ ကြိုက်ရာဘက်သို့ ဆောင်လာခဲ့သဖြင့် ပြိုကွဲမည့် အန္တရာယ်များ ကြုံတွေ့ခဲ့ရပါသောကြောင့် –
ပြည်နယ်အသီးသီးက ခေါင်းဆောင်များသည် အစည်းအဝေး ခေါ်ယူတွေ့ဆုံခဲ့ ကြပါတယ်။
Constitution Covention ဟုခေါ် သောတွေ့ဆုံပွဲ ဆွေးနွေး ပွဲကို (၁၇၈၇ ခု မေလ ) တွင် ဖီလာဒဲလ်ဖီးရားမြို့ လွတ်လပ်ရေးခန်းမ ၌ George Washington – Benjamin Franklin နှင့် James Madision ကဲ့သို့သော နာမည်ကျော် ခေါင်းဆောင်များ ပါဝင်ဆွေးနွေးခဲ့ ပြီး လက်ရှိ ဖွဲ့စည်းမူထက် –
More Pefect Union ရနိုင်စေဘို့ ဖွဲ့စည်းပုံ နည်းဥပဒေအသစ်ရေးဆွဲရန် သဘောတူခဲ့ ကြပါတယ်။
(17-9-1787) တွင် ဖွဲ့စည်းပုံအသစ်ကို အတည် ပြု ပြဌာန်း နိုင်ခဲ့တာကိုတွေ့ရပါတယ်။
သို့ကြောင့် ယနေ့အမေရိကန်ပြည်ထောင်စုနိုင်ငံသားတို့သည်ခိုင်မာသော၊ကြီးပွားတိုးတက်သော နိုင်ငံဟူ၍ ဂုဏ်ယူခဲ့ကြတာကိုလည်းတွေ့မြင်သိနေကြပါတယ်၊
နိုင်ငံတကာကလည်း အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား အသိအမှတ်များစွာပြုခဲ့ကြပါတယ်။
ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြောင့် နိုင်ငံဖွံ့ ဖြိုးချမ်းသာလာခဲ့ကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကကောင်းမွန်ပါသဖြင့်
ပြည်သူရွေးချယ်သော ပြည်သူ့အကျိုးပြုလုပ်ဆောင်၊ဆောင်ရွက်ပေးနိုင်ခွင့် ဥပဒေအရ အပြည့် အဝရှိပြီး ဆောင်ရွက်ပေးနိုင်သော အစိုးရများပေါ် ပေါက်လာခဲ့ ပါတယ်၊
ဤဖွဲ့စည်းပုံကိုလည်း ခေတ်အလိုက် ပြင်သင့်တာပြင်၊ဖြည့်သင့် တာ ဖြည့်၊ပယ်ဖျက်သင့်တာ ပယ်ဖျက်ရင်း လာခဲ့ လိုက်တာ နှစ်ပေါင်း (၂၀၀ ) ကျော်လာကာ ကမ္ဘာမှာ အင်းအားအကြီးဆုံး နဲ့ ချမ်းသာ တိုးတက် တည်ငြိမ်နေတဲ့ နိုင်ငံ ကြီးအဖြစ်ရပ်တည်နေတာကိုတွေ့ရပါတယ်။
ဤ ကဲ့သို့သော နိုင်ငံကြီးမှာတောင် အစိုးရအပြောင်းအလဲရှိနိုင်တဲ့ရွေးကောက်ပွဲမှာ
တစ်ခါတစ်ရံ နိုင်ငံရေး အရလူပ်လူပ်ခတ်ခတ်
ဖြစ်သေးတာကိုလည်း တွေ့နေကြရဆဲပါ၊
လာမည့် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတလောင်းတစ်ချို့၏ မဲဆွယ်မူများကို ဒီမိုကရက်တစ် သမ္မတဟောင်း အိုဘားမားက လက်တွေ့နဲ့ မကင်းကွာကြစေဘို့အကြံပေးပြောကြားနေတာကိုလည်း တွေ့နေကြားနေရပါတယ်။
သမ္မတလောင်း အချို့က နယ်စပ်ဖြတ်ကျော် ခြင်းကို တရားဝင် ခွင့် ပြုပေးမည် ဟူ၍
ပြောကြားမဲဆွယ်နေကြခြင်းကို အိုဘားမားကပြောကြား သတိပေးခြင်းဖြစ်ပါတယ်၊
ထို့အပြင် အမေရိကန်ပြည်သူများသည်
ကွဲပြားသောအပြောင်းအလဲများဖော်ဆောင်ရန်ထက် ရှိပြီးသား စနစ်ကို ပိုကောင်းအောင် လုပ်လိုနေကြကြောင်းကိုလည်း ထောက်ပြ ပြောဆိုနေတာကိုလည်းတွေ့နေရပါတယ်၊
ဒါကတော့ရှင်းပါတယ်၊
အမေရိကန်၏ဖွဲ့စည်းပုံနှင့် ရှိပြီးသားစနစ်က သူတို့တိုင်းပြည်နဲ့ နိုင်ငံသားများအတွက် ကောင်းမွန် လုံခြုံလို့ဘဲဖြစ်ပါတယ်၊ဤကဲ့သို့လိုမျိုးဖြစ်လာစေရန်ကိုလည်း အမေရိကန်သားတွေဟာ ဆွေးနွေး ညှိနှိုင်း ကြ၍ စည်းစည်းလုံးလုံးဖြင့် အတူတကွ လက်ရည်တစ်ပြင်တည်း ရုန်းကန်လာခဲ့ ကြတာကိုတွေ့ကြ ဖတ်မိကြမှာဖြစ်ပါတယ်။
အမေရိကန်ရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားက တိုင်းပြည်တစ်ခုမှာ နယ်စပ်ဖြတ်ကျော်ကိစ္စသည် နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်ခြင်းနှင့်နိုင်ငံသားများအတွက်အသက်တစ်မျှ အရေးကြီးပါတယ် ဆိုသည်ကို ညွှန်းဆိုသွားတာကို တွေ့ကြရမှာဖြစ်ပါတယ်၊
နိုင်ငံရေးဂုဏ်သိက္ခာရှိမူ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်တစ်ခု၏ ဖွံ့ဖြိုးတိုးတက်၊တည်ငြိမ်စေရေးအတွက်အလွန်ပင် အရေးပါ လိုအပ်လှပါတယ်၊
ယခု(၂၀၂၀) နိုင်ဝင်ဘာလ(၃) ရွေးကောက်ပွဲ ပြီးသွားသော်လည်း နိုင်ငံရေးဂုဏ်သိက္ခာမဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အပြော အဆို၊အပြုအမူများကြောင့်နိုင်ငံရေးစနစ်မှအစ အရာရာသော အရေးအရာအားလုံး အားကောင်း၊အထိုင်တစ်ကျ ရှိနေပါသော အမေရိကန်ပြည်ထောင်စုကြီးတောင်မှ ရုန်းကန်နေရမူများကိုတွေ့ကြရမှာဖြစ်ပါတယ်၊

မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံနဲ့ ယနေ့ဖြစ်စဉ်ကို ပြန်ကြည့်လိုက်ကြရအောင် –
ဖွဲ့စည်းပုံအခြေခံဥပဒေ၊
ပုဒ္မ (၂၀) – ပုဒ်မ
(ခ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။
(ဂ) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်။
(င) ပြည်ထောင်စု မပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မူမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲ ရေးတို့ကို ကာကွယ်ရန် တပ်မတော်တွင် အဓိက တာဝန်ရှိသည်။

ပုဒ်မ(၃၃၇) တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

ပုဒ်မ(၃၃၈) နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမူ အောက်တွင်ရှိ ရမည်။

ပုဒ်မ(၃၃၉) နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။

ပုဒ်မ(၃၄၁) နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်၊

ပုဒ်မ(၂၀၁) ပြဌာန်းချက်အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဖွဲ့ရပြီး၊
တပ်မတော်အစုအဖွဲ့မှ ကာလုံအဖွဲ့ဝင်ပေါင်း(၁၁) ဦးတွင်(၆) ဦးရယူထားတာကိုတွေ့ရကာ၊
ပုဒ်မ(၃၄၂) ဖွင့်ဆိုချက်အရ
နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုခန့်အပ်တာဝန်ပေးရမည်၊ ဟုသမ္မတ၏ အခွ့အာဏာအား အသေချုပ်ကိုင် ပြဌာန်းထားတာကိုတွေ့ရပါတယ်၊
ဆိုလိုရင်းက တပ်မတော်ဖက်က ခန့်ထားလိုက်သည့် ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတမှ အသိအမှတ်ပြုပေးယုံသာဖြစ်နေရပါတယ်၊

တပ်မတော်အက်ဥပဒေ၊နည်းဥပဒေများတွင်လည်း နိုင်ငံတော်သမ္မတဟူသောစကားရပ်တွင် နေရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်စကားရပ်ကို အစားထိုးပြင်ဆင်ခြင်း၊
ထိုအက်ဥပဒေ၊နည်းဥပဒေများတွင် ကာကွယ်ရေးဦးစီးချုပ်ကို ပြစ်တင် စွပ်စွဲနိုင်မူဥပဒေ၊နည်းဥပဒေများပါဝင်မူ မရှိတာကို တွေ့ကြရမှာဖြစ်ပါတယ်၊
ကာကွယ်ရေးဝန်ကြီးနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးနိုင်မူသည် နိုင်ငံတော်သမ္မတ၏ အခွင့်အာဏာအတွင်းမှာသာရှိရမည်ဖြစ်ကာ၊
အဘယ်ကြောင့်ဆိုရသော် နိုင်ငံတော်သမ္မတသည် ပြည်သူလူထုမှ ဆန္ဒမဲပေးရွေးချယ်သည့် အထွေထွေရွေးကောက်ပွဲ အခင်းအကျင်းမှ ဖြစ်လာသောကြောင့်
ဖြစ်ပါတယ်၊
ထိုမှ တစ်ဆင့် –
တပ်ပိုင်းဆိုင်ရာ ဥပဒေအရ လုပ်ပိုင်ခွင့်သည် တပ်မတော် အကြီးအကဲ အဆင့်ဆင့်ပေါ်မှာရှိနေကြရမှာသာ ဖြစ်ပါတယ်၊

ပုဒ်မ(၃၄၃) စစ်ဘက်တရားစီရင်ရာတွင်
(က) တပ်မတော်သားများအတွက်အဖွဲ့ ဖြင့် ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်။
(ခ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည်အပြီးအပြတ်ဖြစ်သည်။

ဤပြဌာန်းချက်များအရ တပ်မတော်၏ အရေးအရာ က်ိစ္စများအပြင် တိုက်ပွဲ အခြေအနေအားလုံးသည် နိုင်ငံတော် သမ္မတ၏စီရင်ဆောင်ရွက်ပိုင်ခွင့်သည် လုံးဝမရှိပါဟု သတ်မှတ်ကြရပေမည်။

မြေပြင်အခြေအနေအရ နိုင်ငံတော်၏အချုပ်အခြာ အာဏာနှင့်
နယ်စပ်ဖြတ်ကျော်ခြင်းအပြင် မိမိနိုင်ငံ ၏ နယ်နမိတ် မထိပါးရေး၊နယ်မြေစိုးမိုးရေးအတွက် ဆောင်ရွက်ရသည့်အခါမှာ လက်ရှိတည်ဆဲ ဖွဲ့စည်းပုံနှင့် ကိုက်ညီနေသည်ကိုလည်း တွေ့ရပါတယ်၊

ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းလိုက်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ
ပုဒ္မ(၃) – ပုဒ်မ
(က) ပါတီစုံဒီမိုကရေစီ စနစ်ထွန်းကားရေး၊
(ခ) စျေးကွက်စီးပွားရေးစနစ် ပီပြင်ရေး၊
(ဂ) ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေး၊
(ဃ)ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊

တာဝန်နှင့် လုပ်ပိုင်ခွင့် ရပိုင်ခွင့်များ၊
ပုဒ္မ(၅) – ပုဒ်မ
(က) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချ က်များနှင့် မဆန့်ကျင်စေဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အကြံ ပြု ချက်များပေးရမည်။
(ခ) အကြံပြုချက်များ၊ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ခံရမည်၊
(ဂ) အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဤ ဥပဒေပါ ရည်ရွယ်ချက်များအောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။

ဤ ဖွဲ့စည်းပုံ၏ ပြဌာန်းထားချက်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂို လ်ဆိုင်ရာဥပဒေအရ ဆိုပါက တပ်မတော်၏ လုပ်ဆောင်မူများသည်
သီးခြားဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့်ရွေးချယ်ခံအရပ်သားအစိုးရ အပါအဝင်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လုံးလုံးကို မသက်ဆိုင်ပါလို့ ဖွင့်ဆိုကြရပါမယ်၊

သို့ပါသောကြောင့်
ယခု(၂၀၂၀) အလွန်အခင်းအကျင်းများတွင် တပ်မတော်မှတာဝန်ရှိသူများ အထူးသဖြင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူသည်
ပြောရေး ဆိုမူများကို ဆင်ချင်နိုင်ဘို့လိုပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လောဘတကြီးယူထားသော ပြဌာန်းချက်ဥပဒေအချို့ကို တပ်မတော်မှလျှော့ချနိုင်စေရန်လည်းလိုအပ်ပါတယ်၊
တစ်ခါတစ်ရံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် ဥပဒေအချို့ကြောင့်လည်း
တိုင်းပြည်ကို ညီညွတ်မူများဆုံးရှုံးစေနိုင်ပြီး၊
တိုင်းပြည်နဲ့ တိုင်းသူ ပြည်သားများ၏ ဖွံ့ဖြိုး တိုးတက် ချမ်းသာနိုင်မူများကို ကျဆင်းလာနိုင်စေပါတယ်၊

ယခု လုပ်ဆောင်နေကြသော OIC (57) နိုင်ငံအုပ်စု၏ ICJ တွင် တရားဆွဲဆိုမူသည် မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် မိမိတို့ နိုင်ငံသားအားလုံး၏ အချုပ်အခြာ အာဏာနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ် လုံခြုံမူများကို ထိပါး ထိခိုက် ပျက်စီး စေတဲ့ အပြင် ကမ္ဘာ့နိုင်ငံများ အသိုင်းအဝန်း၌ မိမိတို့နိုင်ငံ၏ ရပ်တည် နိုင်မူအားလုံးကို ဖျက်စီး စော်ကားနေကြဘိသကဲ့သို့ဖြစ်နေပါတယ်။

နိုင်ငံတစ်ကာမှ စီးပွားရေး ရင်းနှီးမြုပ်နှံနိုင်မည့်အလားအလာရှိနေပြီး နိုင်ငံ တကာမှ
ရင်းနှီးမြုပ်နှံမူများ၏စောင့်ကြည့်မူ ခံနေရသော မိမိတို့နိုင်ငံနှင့် နိုင်ငံသားအားလုံး၏ လူမူ စီးပွား ဘဝများအား ချမ်းသာနေကြသော နိုင်ငံကြီးများမှ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်းအား ငွေကြေး ပြည့်ပြည့် စုံနှင့် ဝင်ရောက်ရောထွေးကာ မိမိတို့လို နိုင်ငံရေးပြသာနာများကို ဖြေရှင်း ရုန်းကန်နေရသည့် ဆင်းရဲသော နိုင်ငံငယ်လေးအား ပိုမိုပျက်စီးစေ၍မိမိတို့၏
လူ့အခွင့်အရေးများကို ပါချိုးဖောက်ထိပါးခြင်းခံနေကြရပါတယ်။

ဤ ကဲ့သို့သော အခြေအနေဖြစ်စဉ်နှင့်ခံစားနေကြရခြင်းတို့ကို ကမ္ဘာ့ နိုင်ငံများမှ ကိုယ်ခြင်းစာ နာကြစေရန် မိမိတို့အားလုံး ကြိုးပမ်းကြရပေမည်။

သို့ပါ၍ ယခု(၂၀၂၀) မှစသည့် မိမိတို့နိုင်ငံ၏ အရေး အရာများအား မိမိတို့နိုင်ငံအတွင်း မျက်စိ စုံမှိတ်ပြီး အပြန်အလှန် ရန်လုပ် ငြင်းခုန်နေကြခြင်းကို မိမိတို့ နိုင်ငံသားအားလုံးမှ ရပ်တန်းက ရပ်ကြစေရန် အချိန်တန်လာပါပြီ၊

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များသည် လည်းရန်လိုမူများ နည်းပါးလာစေကာ နိုင်ငံသား ပီပီသသ ပြောဆို ကြစေပြီး၊ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ ၊ပြည်နယ်များမှတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များအပါအဝင်၊
အားလုံးကလည်း လက်ခုပ်သံကိုသာမျှော်နေခြင်းကင်းကြပါစေ၍ မိမိတို့နိုင်ငံအတွက် အလုပ်ဖြစ်စေမည့် အပြောအဆို အပြုအမူမျိုးကိုသာ လက်တွေ့ကျကျ ရှေ့ရှု ကြပြီး မိမိတို့နိုင်ငံနှင့် နိုင်ငံသားပြည်သူအားလုံးအပေါ် ပို၍ ပို၍ ချစ်ကြည် အနွံ အတာ ခံပေးကြစေခြင်ပါတယ်။
အားကောင်း မောင်းသန်၍ ညီညွတ်သောရွေးချယ်ခံအစိုးရအဖြစ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးအတွက် တိုင်းရင်းသား ညီအကို မောင်နှမများမှ တွဲလက် ညီညီဖြင့်ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက် ထူထောင်ကြရမှာ မဟုတ်ပါလား ?

ပြည်တွင်းမီဒီယာများ၊ exile မီဒီယာများ၊လူမူ စီးပွား ၊နိုင်ငံရေးအဖွဲ့အစည်းများနှင့် နိုင်ငံသားအပေါင်းမှလည်း တိုင်းပြည်ကိုအကြပ်အတည်းဖြစ်စေသည့် လုပ်ရပ်များ၊ အပြောအဆို အရေးအသားများမှန်သမျှကို လျှော့ချ ကြစေရန်လည်းလိုအပ်လာပါပြီ၊

စည်းလုံးခြင်းနှင့်အတူ စုပေါင်းအင်အားများသည်ကား မိမိတို့ ပြည်ထောင်စုကြီး၏ ခွန်အားနှင့်စွမ်းဆောင်နိုင်မူ စွမ်းပကား များပင်ဖြစ်ပေတော့သည်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
……….(18.11.2020)………


Spread the love
  •  
  •  
  •  
  •  
  •  
  •